Tuesday, May 13, 2014

ကေအိုင်အိုနှင့် အစိုးရ အချက် ၅ ချက် ဆွေးနွေးသဘောတူ

(DVB)

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့နဲ့ ကချင် လွတ်လပ်ရေး တပ် မတော် (ကေအိုင်အေ) တို့ အကြား ဒီကနေ့ တွေ့ ဆုံဆွေးနွေး ရာမှာ အချက် ၅ ချက် ကို သဘော တူညီခဲ့ ပါတယ်။

ဒီကနေ့ ဆွေးနွေး ပွဲမှာ အဓိက အချက် ၂ ချက်ဖြစ် တဲ့ ၂၀၁၃ အောက်တို ဘာနောက် ပိုင်း မှာ ဖြစ်ပေါ် ခဲ့တဲ့ အခြေ အနေတွေ နဲ့ ပြီးခဲ့တဲ့နှစ် က နှစ်ဖက် အကြား သဘော တူညီထားတဲ့ အချက်တွေ ကို ပြန် လည်ဆွေးနွေးခဲ့ ပါတယ်။

 
ဒီဆွေးနွေးပွဲအပြီးမှာတော့ အချက် ၅ ချက်ပါတဲ့ ထုတ်ပြန်ချက်ကိုပြန်လိုက်ပါတယ်။
ဒီထုတ်ပြန်ချက်မှာတော့ မနှစ်အောက်တိုဘာ လ မြစ်ကြီးနားမြို့ တွေ့ဆုံပွဲတုန်းက သဘောတူခဲ့တဲ့ ထိတွေ့ရင်ဆိုင်မှုတွေ  ချုပ်ငြိမ်းရေး ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးယန္တရားဖွဲ့စည်းဖို့ ကိစ္စအပါအ၀င် အချက် ၅ ချက်ကို သဘောတူ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီအချက်တွေနဲ့ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“မူအားဖြင့် ၁ က တော့ အစည်းအဝေး လုပ်ခဲ့တယ်။ အဓိက အချက် ၂ ချက်ကို ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ရေးကို ဦးတည်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဟန့်တားစေတဲ့ ဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့ ဦးစားပေး ဆွေးနွေးတယ်။ နံပါတ် ၃ ကတော့ ၂၀၁၃ အောက်တိုဘာ ၁၀ ရက်နေ့ သဘောတူညီချက်ထဲမှာပါတဲ့ ‘ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးယန္တရား’ ပထမအဆင့်အနေနဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းဖို့ သဘောတူတယ်။ ၄ ကတော့ နှစ်ဦးနှစ်ဖက် နားလည်မှုများကို ပျက်ပြားစေသည့် မီဒီယာများ၏ လွဲမှားစွာ ရေးသားဖော်ပြမှုများကို ဆွေးနွေးခဲ့ကြတယ်။ 
ဒါကတော့ ဆွေးနွေးချက်တခုအနေနဲ့ ထည့်ထားပါတယ်။ နံပါတ် ၅ ကတော့ နောက်တကြိမ်အစည်းအဝေးကျင်းပဖို့အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းဆောင်ရွက်ကြမည်ဆိုတော့ နောက်တကြိမ် အစည်းအဝေးရှိနေတယ်ဆိုတဲ့သဘောပါ။”

ဒီဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့ကပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င်၊ ၀န်ကြီး ၅ ဦးတက်ရောက်ခဲ့ပြီး ကေအိုင်အိုဘက်ကတော့ ဦးဆွမ်လွတ်ဂမ်ဦးဆောင်တဲ့ ကေအိုင်အိုအဖွဲ့တို့ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း အစိုးရတပ်အရာရှိတွေအပါအ၀င် လွှတ်တော်ကိုယ်စား လှယ်တွေ၊ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့  လေ့လာစောင့်ကြည့်သူတွေ တက်ရောက်ခဲ့ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။