Thursday, May 8, 2014

အစိုးရ စစ်တပ် တပ်မ (၈၈)၏ခြိမ်းခြောက်မှုကြောင့် လဂတ်ယာန် စစ်ပြေးဒုက္ခသည်စခန်းပြောင်းရွှေ့ရ

(Lachid Kachin)

အစိုးရစစ်တပ် ၏ ထိုးစစ်ကြောင့် ဒေသခံ ရွာသားများသည် မိမိတို့ ၏ အိုးအိမ် စည်းစိမ်အား စွန့်ခွာကာ ဘေးလွတ်ရာသို့ အိုးအိမ်မဲ့ထွက်ပြေး သိမ်းရှောင် ကာ နီးစပ်ရာ စစ်ပြေးဒုက္ခသည် စခန်းများသို့သွားရောက် စုဝေးကာခိုလုံ နေထိုင်ကြရသည်။

ထိုသို့ ဒုက္ခသည် စခန်းများတွင်သွားရောက်ခိုလို ကြရာ KIA, တပ်မဟာ (၃) နယ်မြေ အတွင်းရှိ ဗန်းမော်ခရိုင် မာန်စီ မြို့ နယ် အတွင်းရှိ လဂတ်ယာန် စစ်ပြေးဒုက္ခသည် စခန်း သို့ လာရောက်ခိုလုံ ကြသူများ အား ယခုရက်ပိုင်းအတွင်း ဗမာ အစိုးရ စစ်တပ် တပ်မ (၈၈) လက်အောက်ခံ တပ်မှ တပ်ရင်းမှူး ထို လဂတ်ယာန် စစ်ပြေးဒုက္ခသည် စခန်းအား ဖျက်သိမ်း ဖယ်ရှားပေးရန် အကြိမ်ကြိမ် လာရောက် ခြိမ်းခြောက် နေ ကြောင်းသိရှိရပါသည်။


ဤသို့ လဂတ်ယာန် စစ်ပြေးဒုက္ခ သည်စခန်းမှ စစ်ပြေးဒုက္ခသည်များ အား အစိုးရ စစ်တပ် တပ်မ (၈၈)လက်အောက်ခံ တပ်ရင်း မှတပ်ရင်းမှူးတစ်ဦးကိုယ်တိုင် လာရောက်ကာစစ်ပြေးဒုက္ခသည်စခန်းအားဖယ်ရှားပေးရန်လာရောက် ခြိမ်းခြောက် သော ကြောင့် စခန်းတွင်လာရောက်ခိုလုံနေ သော စစ်ပြေးဒုက္ခသည်များသည် ဆက်လက်မနေရဲကြတော့ ကြောင်းသိရှိရပါသည်။ 

ထို့ ကြောင့် ၄င်းစခန်းရှိ ဒုက္ခသည်များသည် မနက်ဖြန် (၈.၅.၂၀၁၄)ရက်နေ့ မှ စတင်ကာ မာန်ဝိန်း အနီးရှိ ဦးလဇွမ်ထွယ် ၏ လယ်ကွက်ထဲ သို့ ပြောင်းရွှေ့နေထိုင် မည် ဖြစ်ကြောင်း မနက်ဖြန် ပြောင်းရွှေ့ဖို့ အတွက် ပြင်ဆင်နေကြကြောင်း လဂတ်ယာန် စစ်ပြေးဒုက္ခသည်စခန်းတာဝန်ရှိသူများထံမှ သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။