Thursday, May 15, 2014

ကေအိုင်အိုနှင့် ကချင်လူထုတွေ့ဆုံ

(Mizzima)

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနှင့် ကချင်ပြည်နယ်မြစ်ကြီးနားမြို့အပါအဝင် အနီးရှိ မြို့များမှ လူထု တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့ မနောကွင်းအတွင်း မေ ၁၅ ရက် နံနက် ၈နာရီခန့်က တွေ့ဆုံခဲ့ပြီး အဆိုပါ ပွဲသို့ ပရိသတ် ထောင်နှင့်ချီ၍ တက်ရောက်ခဲ့သည်။

လူထု တွေ့ဆုံပွဲတွင် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တက်ရောက်လာသော လူထုကို လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ အခြားတိုင်းရင်းသားများ စစ်သားအဖြစ် စုဆောင်း ခံရသည့် ကိစ္စများကို ရှင်းလင်းပြောပြခဲ့သည်။


ယင်းနောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက အဖွဲဝင်များနှင့် မိတ်ဆက်ပေးကာ လက်ရှိ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဖြစ်စဉ်နှင့်များနှင့် စပ်လျဉ်း၍ လူထုကို ရှင်းပြခဲ့သည်။

ဟောပြောပြီးနောက် လူထုက သိလိုသည့် မေးခွန်းများကို ဗိုလ်ချုပ်ဂွမ်မော်၊ NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒို စောကွယ်ထူးဝင်း၊ ဒုတိယ အဖွဲ့ခေါင်းဆောင် ဆလိုင်းလျန်မှုန်း ဆာခေါင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)မှ ဗိုလ်မှုးကြီး ခွန်ဥက္ကာ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) မှ ဥက္ကဋ္ဌ ရဲဘော်သံခဲတို့က ဖြေကြားပေးခဲ့သည်။

ယင်းနောက် ဗိုလ်ချုပ် ဂွမ်မော်က အပိတ် မိန့်ခွန်းပြော၍ နေ့လည် ၁၁ကျော်တွင် အခမ်းအနား ပြီးဆုံးခဲ့သည်။ လူထု တွေ့ဆုံပွဲသို့ ဒေသခံ ထောင်နှင့်ချီ တက်ရောက်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။