Thursday, May 29, 2014

စစ်ပွဲကြာရှည်နေရင် ဒုက္ခသည်များအတွက် ပိုပြီး ခက်ခဲလာနိုင်ကြောင်း ဦးဒွဲပီဆာဆို

(Kachin Waves)


စစ်ပွဲထပ်ကြာနေပြီး အပြင်က အကူအညီများ မကူညီနိုင်တော့သည့် အချိန်တွေ ဒုက္ခသည်များအတွက် အခက်အခဲ များစွာ ရှိလာမည်ဖြစ်ကြောင်း ကေအိုင်အို စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးဒွဲပီဆာမှ ဆိုသည်။

“နောက်နှစ်လောက် ဆိုရင် ငွေးရေးကြေးရေးမပြောနဲ့ ထမင်းချက်ဖို့ ထင်းတောင် အရမ်းခက်လာမယ်။ ထင် ယူစရာနေရာတွေ ပြောင်ကုန်ပြီ။ ဒီမှာက လယ်ယာလုပ်စားဖို့ မြေမရှိဘူး။ ၀င်ငွေရှာစရာ နေရာမရှိဘူး။ ဒါကြောင့် အခြားအကူအညီ မလာတော့ရင် ဒုက္ခရောက်လာနိုင်တယ်။”ဟု ဦးဒွဲပီဆာမှဆိုသည်။

ယခင်နှစ်များတွင် ဒုက္ခသည်အချို့ ရွာသို့ပြန်ပြီး တောင်ယာ လယ်ယာလုပ်ကိုင်နေသော်လည်း ယခုအချိန်တွင် ကေအိုင်အေ နှင့် အစိုးရ တပ်စခန်းများ နီးကပ်လွန်းသည့် အတွက် ဒေသခံပြီး ရွာပြန်ပြီး လုပ်ငန်းများ မလုပ်ကိုင်လာနိုင်သည့် အတွက်လည်း အခက်အခဲများစွာ ရှိလာကြောင်းလည်းဆိုသည်။

ယမန်းနှစ်များတွင် ကေအိုင်အို ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီမှ ငွေကြေးအခက်အခဲများ တွေ့ကြုံခဲ့ရပြီး ကေအိုင်အေ ထိန်ချုပ်နယ်မြေရှိ လုပ်ငန်းရှင်းများအား ငွေးကြေး အကူအညီ တောင်းခံမှုများ ပြုလုပ်ခဲ့ရကြောင်းလည်း ဆိုသည်။

“ထမင်းစားနေရတာပဲရှိတယ်။ ကျန်တာ အလုံးခက်တာကြီးပဲ။”ဟု ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ ဂျေယန် စစ်ရှောင်စခန်းမှ အသက် (၆၀) အရွယ်ရှိ စစ်ဘေးဒုက္ခသည် တစ်ဦးမှဆိုသည်။ 

ကေအိုင်အို ထိန်းချုပ်နယ်မြေတွေင် စစ်ဘေးဒုက္ခသည်ပေါင်း (၁) သိန်းနီးပါရှိကြောင်း ဦးဒွဲပီဆာမှဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။