Thursday, April 3, 2014

Mr.Nambiar လိုင်ဇာသို့ ဒုတိယအကြိမ်ရောက်ရှိ

(Kachin Waves)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကြံပေးအထူးကိုယ်စားလှယ်Mr.Nambiarသည် ဧပြီလ ၂ ရက်နေ့တွင် လိုင်ဇာမြို့သို့ရောက်ရှိပြီး KIO ဗဟိုကော်မတီနှင့်တွေ့ဆုံကာ ဂျယ်ယန့်နှင့် ခွန်လုံယန် စစ်ဘေးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ကြောင်းသိရသည်။

Mr.Nambiar၏ ခရီးစဉ်သည်လိုင်ဇာသို့သွားဖို့ရ

န်သက်သက်သာဖြစ်ကြောင်းသိရသည်။

"လိုင်ဇာသွားဖို့ အစီစဉ်ပဲပါတယ် ကချင်ပြည်နယ်အစိုးရနဲ့တွေ့ဖို့ေ
တာ့မရှိဘူး" ဟု ကချင်ပြည်နယ် ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

Mr.Nambiar သည် ၂၀၁၃ သြဂုတ်လတွင်လည်း လိုင်ဇာမြို့သို့ရောက်ရှိခဲ့စဉ်က KIO/KIA နှင့် ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

Mr.Nambiar သည် ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ ယမန်နေ့ညနေ ၅ နာရီတွင်ရောက်ရှိခဲ့ပြီး ဧပြီလ ၂ရက်နေ့တွင် လိုင်ဇာသို့ တစ်ညအိပ်ခရီး ဆက်လက်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။