Monday, April 14, 2014

KIA တပ်ရင်း (၂၇) ဒေသမှ နောက်ဆက်တွဲ တိုက်ပွဲများ နှင့် စစ်ပြေးလူထု အခြေအနေ

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့ည ()နာရီတွင် ပြီးဆုံးသွား သော ကချင် နယ်စပ် မန်စီမြို့
နယ် မန့်ဝိန်းကြီး ကျေးရွာ အုပ်စု ရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်ရင်း (၂၇) တိုက်ပွဲသည် ယနေ့မနက် ()နာရီတွင် စတင်ဖြစ် ပွားပြန်ရာ နေ့ လည်ပိုင်းအထိ ဖြစ်ပွားနေခဲ့ သည်ဟု KIA ဌာနချုပ်မှ အရာရှိတဦးက ဆိုပါသည်။

 ဖြစ်တာက နားလုံ ကျေးရွာ နဲ့ လဂတ်ယန် ကျေးရွာကြား မှာဆက်ဖြစ်တယ်။ အနီးကပ် ကို ပြန်တိုက် တယ်။ သူတို့ ဆုတ်မယ် ထင်တဲ့ လမ်းကို လည်း မိုင်းနဲ့ဝိုင်းတယ်။ ပျောက်ကျား လည်း ချထားတယ်။ အတိအကျ တော့ မသိပေမဲ့ စစ်ကူ မလာမချင်း တော့ ထွက်လို့ရမှာ မဟုတ်ဘူး ထင်ပါတယ်။ဟုဆိုသွားပါသည်။


အလားတူပင် ခပရာကျေးရွာ နှင့် နောင်လွတ် ကျေးရွာ ကြား၌ စစ်ဆင်နေ သော တပ်မ(၈၈) စစ်ကြောင်းများ ကို လည်း အထက်ပါ နည်းအတိုင်း ထွက်ပေါက် မရှိ ၀ိုင်းဝန်း ပိတ်ဆို့ ထားကြောင်း ဆိုပါသည်။ 

သူတို့စစ်ကြောင်း ထိုးလာတယ်။ ကျနော်တို့ ရဲဘော်တွေက ပျောက် ကျားနည်းနဲ့ ပစ်ပြေးပြီး ဆုတ်တယ်။ သူတို့ က ၀င်လာတယ်။ အဲဒီအခါမှာ နောက်ကနေ မိုင်းချပြီးမှ လက်နက်ကြီး ဂွင်လည်း ရောက်ရော တပ်အင် အားနဲ့ပါ တ ပြိုင်ထဲ ဖိတိုက် လိုက်တယ်။ အခု သူတို့ဝပ်နေရတယ်။ ထွက်လို့မရသေးဘူး။ အဲဒီမှာ အင်အား တရာကျော်မယ်။ဟု KIA ရှေ့တန်း အရာရှိတဦးက ဆိုပါသည်။

အစိုးရ တပ်ဖွဲ့ဖက်မှ အကျအဆုံး နှင့် ထိခိုက်ဒါဏ် ရာရမှု များနေကြောင်း၊ ထိုလုနာများ အတွက် ရဟပ်ယာဉ် သုံးလာ ပါက ပစ်မှတ်များ ရွေး ထားကြောင်း ဆိုပါ သည်။ အစိုးရတပ်ဖွဲ့ဖက်မှ သိမ်းလိုက်သော  တပ်ရင်း (၂၇)၏ အူလန်ပါ တိုက် နယ်စခန်း သည် ရှေ့တန်း ယာယီ စခန်းမျှသာ ဖြစ် ကြောင်း၊ ၄င်းစခန်း သည် လည်း စစ်အေး ကာလ အတွင်းယာ ယီ အသုံး ပြုခဲ့ ခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။ 

ဗန်းမော် အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ နည်းဗျူဟာ () မှူးကလည်း သင်းကြန်လွန်ပါက KIA အား အကြီးအကျယ် စစ်ဆင်ရန် ရှိသည်ဟု ၄င်းတို့၏ တရုတ်နယ်စပ် သစ်မှောင်ခို သမားများအား ပြောကြားခဲ့ ကြောင်း KIA ဖက်မှ ဆိုပါသည်။  ထို့ပြင် တပ်မ (၈၈) တပ်မ (၉၉) မှ တက်ဖွဲ့များ အပြင် ဒေ သခံ မြောက်ပိုင်းတိုင်း တပ်နှင့် အရှေ့ မြောက်ပိုင်း တိုင်းတပ် တို့ဖြင့် ထိုးစစ်ဆင်ရန် ရှိသည့် အတွက် သင်းကြန်လွန် ပါက တောထဲသို့ မသွားကြရန် အကြောင်ြး ကား ထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ 

ဤသို့သော အခြေ အနေကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ မန်စီမြို့နယ် မန့်ဝိန်းကြီး ကျေးရွာအုပ်စု လွယ်ဟို ဆေဒေသ အတွင်းမှ ၊ မန့်ေ မာန်း၊ ကောင်းနောင်၊ စွန်ခါး ကွန်ကျိုင်း၊ နောင်လုတ် ၊ နောင်လုမ်၊ ဟိုဟင်၊မန့် ဟွေ့ ကျေးရွာများ အပါဝင် (၁၀)ရွာ ထက်မနဲ နီးစပ်ရာ တရုတ်ပြည် နယ်စပ်သို့ ထွက်ပြေး နေကြပါသည်။ 

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) သည် ပြိးခဲ့သည့် ဧပြီလ ()ရက် နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် အပစ်အ ခတ်ရပ်စဲရေး စာချုပ်အတွက် အခြေခံမူ အားဖြင့် သဘောတူညီ ခဲ့ကြပါသည်။ 

ထိုသို့သော အချိန်အခါ မျိုးတွင် အစိုးရ တပ်ဖွဲ့များမှ (KIA) အား တိုက်ခိုက် လာခဲ့ခြင်း ဖြစ်ပါသည်။ အစိုးရ တပ်များ ၏ တိုက် ခိုက်မှု များသည် ငြိမ်းချမ်းရေး ကို လိုလားခြင်း မရှိဟန်ဆောင် နေခဲ့ပါသည်။ ငြိမ်းချမ်းရေး စာချုပ် ဆွေးနွေး နေ ချိန်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ရှေ့တန်းအထိ သွားရောက် ပြီး အောက်ခံ တပ်ဖွဲ့ များနှင့် တွေ့ဆုံ ညွှန်ကြား နေခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။