Wednesday, April 30, 2014

မြန်မာအစိုးရတပ်စစ်ကားတစ်စီးဖောက်ခွဲခံရ ၊ KIA,တပ်မဟာ(၄)တွင်တိုက်ပွဲဆက်ဖြစ်

(Lachid Kachin)


ကေအိုင်အေ တပ်မဟာ(၃) ရင်း (၂ရ)နယ်မြေသို့ ဝင်ရောက်လှုပ်ရှားနေသော အစိုးရတပ် စစ်ကားတစ်စီး ဧပြီ(၂၉)ရက် မနက် (၁၁း၀၀)နာရီခန့် တွင် နောင်မွန် ဟုခေါ်သော ကျေးရွာအနီးတွင် ဗုံးခွဲတိုက်ခိုက်ခံရကြောင်းသိရသည်။ အဆိုပါကားပေါ်တွင် အစိုးရ စစ်သား(၈)ဦး လိုက်ပါစီးနင်းကြောင်းသိရပြီး ထိခိုက်ကျဆုံးမှုအား စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ ဧပြီ(၃၀)ရက် မနက်အစောပိုင်းက ရှမ်းမြောက် ကေအိုင်အေ တပ်မဟာ(၄) ရင်း(၃၆) နယ်မြေ ပန်ဆိုင်းဒေသ ဘက်မှ တက်လာသော စစ်ကား(၅)စီးပါသော အစိုးရတပ် စစ်ကြောင်း အား မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ကောင်ရာကျေးရွာ နှင့် ခါ့ဖောက်ကျေးရွာ အကြားတွင် အသင့် စောင့်ကြိုတိုက်ခိုက်ခဲ့သည်။ အစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များကြောင်းသိရပြီး အသေးစိတ်အား မသိရသေးပါ ။

ဧပြီ(၂၉)ရက် မနေ့ က ရှမ်းမြောက် တပ်မဟာ(၄) မုန်ဂျီ နှင့် ယိန်းလှ ဒေသတို့ တွင် တစ်နေကုန် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ အစိုးရတပ်များ ထိခိုက်မှုများနေပြီး ကွတ်ခိုင်ပြည်သူ့ ဆေးရုံတွင် ထိခိုက်ဒဏ်ရာရသူများ ပြည့်နေကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။