Thursday, April 3, 2014

ရှမ်းမြောက် KIA တပ်မဟာ(၄)နယ်မြေတွင် တိုက်ပွဲဆက်တိုက်ဖြစ်နေကာ အစိုးရတပ် အင်အားတိုးချဲ့ လှုပ်ရှားနေ

Myutsawkasa

ဧပြီ ၂ ရက်နေ့ ညနေ ၄ နာရီ ခန့် က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ဘက်မှ တဆင့် စစ်သားအပြည့် တင်ဆောင်ထားသော စစ်ကား (၁၃)စီး တက်သွားပြီး (ရ)စီးမှာ မူဆယ် မှ တဆင့် နမ့်ခမ်း ဘက်သို့ ဦး တည်ကာဖြတ်တက် သွားကြောင်း သိရသည်။ ကျန် (၆)စီး မှာ မူဆယ်  (၁၀၅)မိုင် နှင့် နမ့်အုန် အကြား မှ တဆင့် မည်သည့်ဘက်သို့ ဦးတည်ကာ တက်သွားကြောင်း မသိရသေးပါ။

အလားတူ တပ်ရင်းနာမည် မသိရသေးသော အင်အား(၁၅၀)ခန့် ပါဝင်သော စစ်ကြောင်းတစ်ကြောင်း သည် ဧပြီ ၂ ရက်နေ့ က စစ်ကား( ရ) စီး ဖြင့် ဗန်းမော်မြို့ နယ် လွယ်ဂျယ်သို့  ၀င်ရောက်လာကြောင်း သိရသည် ။

ဧပြီ ၂ ရက်နေ့ တစ်ရက်အတွင်း ကေအိုင်အေ တပ်မဟာ (၄)လက်အောက် တပ်ရင်း (၃၆) နှင့် တပ်ရင်း (၃၈) နယ်မြေ တို့ တွင် မြန်မာအစိုးရတပ် နှင့် ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ ပြီး မြန်မာအစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားနေကြောင်း သိရသည်။ ကေအိုင်အေ တပ်မဟာ(၄) နယ်မြေ တွင် နေ့ စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေပြီး မြန်မာအစိုးရတပ်ဘက်မှ စစ်အင်အား အဆက်မပြတ် တိုးချဲ့  လှုပ်ရှားနေကာ တိုက်ပွဲကြီးများ ဆက်တိုက် ဖြစ်ပွားနိုင်ကြောင်း ကေအိုင်အေ အရာရှိများမှ ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။