Thursday, April 24, 2014

KIA တပ်ရင်း(၂၇) နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

(Kachin Waves)


KIA, တပ်ရင်း(၂၇)ရှိ သည့် ကျောက်ဖျာနှင့် နမ်ကျဉ်းကျေးရွာ အနီးတွင် ရှိသော ဘိုတဲကောင်တွင် ယနေ့ နေ့လည် (၂း၀၀)နာရီမှ (၂း၃၀)အထိ နာရီဝက်ကြာ အစိုးရစစ်တပ်နှင့် KIA တပ်ရင်း (၂၇)တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

အေအိုင်အေမှ ဗိုလ်မှူးကြီး တစ်ဦးက “ဒီနေ့ နေ့လည်မှာ တပ်ရင်း(၂၇)နဲ့ အစိုးရ စစ်တပ်တွေ နာရီဝက် လောက် တိုက်ပွဲ ဖြစ်သွား တယ်” ဟုပြောသည်။

သန်းခေါင်စားရင်း လုံခြုံရေးဟု ပြောဆိုကာ အစိုးရစစ်တပ်များ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အင်အားတိုးချဲ့ လာပြီး ဧပြီလဆန်းပိုင်းမှ စတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် (၅၀၀၀)ခန့် ရှိလာပြီး အချို့ သော စစ်ပြေးဒုက္ခသည်များသည် KIA, တပ်မဟာ (၃) တပ်ရင်း (၁) ဌာနချုပ်ရှိရာ အင်ဘာပါ သို့ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။