Monday, April 28, 2014

ရှမ်း/ မြောက် KIA,တပ်ရင်း (၉ နှင့် ၃၆)တွင်တိုက်ပွဲ ဖြစ် အစိုးရတပ်မှ အရာရှိ (၁)ဦးကျ

 (Lachid Kachin FB)
၂၀၁၄ ဧပြီ လ ၂၆ ရက်နေ့ နံနက် (၄း၃၀ ) အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ KIA, တပ်ရင်း (၃၆) ဒေသ၊ အတွင်း ဖြစ်သော 
ဝါမှူး နှင့် ဖါကွမ်း အကြား တွင် KIA, တပ်ရင်း(၃၆) ဒေသသို့ ထိုးစစ်ဆင်ရောက်ရှ လာသော အင်အား (၁၀၀)ခန့် ရှိ မြန်မာ အစိုးရ စစ်တပ် နှင့် KIA တပ်ရင်း (၃၆) တပ် လက်အောက်ခံ ဒေသခံ KIA ပြည်သူ့ စစ်တပ်ဖွဲ့ ၀င်တို့ (၂) ကြိမ်တိုင်တိုင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရပါသည်။



ဤ တိုက်ပွဲ တွင်ဗမာ အစိုးရ တပ်ဘက်မှ နှစ်ပွင့် နှင့် ဗိုလ် တစ်ဦး နှင့် တပ်သား (၄)ဦး စုစုပေါင်း (၅)ဦး ကျဆုံးကြောင်း တပ်မဟာ (၄)KIA အရာရှိများထံမှ သတင်းရရှိပါသည်။


ထို့ အပြင် ၂၆.၄.၂၀၁၄ ရက်နေ့ မွန်းတည့် (၁၂း၀၀) အချိန် ခန့် KIA, တပ်ရင်း (၉)
ဒေသ၊ ဖြစ်သော ဟူဖြတ် နှင့် ကောင်းလျှန်း အကြား တွင် အင်အား (၅၀) ခန့် ရှိ အစိုးရ စစ်ကြောင်း တစ်ခု နှင့် KIA တပ်ရင်း (၉) တို့ ထပ်မံ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား ကြောင်း သိရှိရပါသည်။



(by-Myutsaw kasa)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။