Wednesday, April 23, 2014

အစိုးရစစ်သား(၃၀)ဦးသေပြီး (၁၀)ယောက်ဒဏ်ရာရ။

(Kachin waves)

ကချင်ပြည်နယ် မိုးမော်မြို့ နယ် ကျောက်စခန်းအလွန် (၄)မိုင်တွင် အစိုးရစစ်တပ် တပ်မ(၉၉) လက်အောက်ခံ ခြေလျင်တပ်ရင်း(၂၇၆) သည်လွန်ခဲ့သည့် ဧပြီလ ၁၃ရက်နေ့တွင် ဗုံးပေါက်ခွဲမှုခံသည့်အချိန်တွင် စစ်သား(၃၀)ဦးသေဆုံးကာ (၁၀)ဦးဒဏ်ရာ ရရှိကြောင်း အလောင်းများကို ကောက်ခဲ့ရသည့် ပြည်သူတစ်ဦးကပြောသည်။

၎င်းက “ကျွန်တော်ကို အဲဒီစစ်သားအလောင်းတွေ (၁၂)ဘီးကာတွေအပေါ်တင်ခိုင်းတယ်။က
ျွန်တော်တို့ အလောင်းရေကြည့်တော့ သေတာ(၃၀)နဲ့ ဒဏ်ရာ ရတာက(၁၀)ယောက်ရှိတယ်” ဟုပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အစိုးရတပ်မတော်သားများ ထိခိုက်သေဆုံးမှုတွေရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စစ်သားအကျအရှုံးကို အသေးစိတ်ကို အစိုးရက ထုတ်ဖော်ပြောဆိုမှု မရှိကြောင်း တွေ့ရသည်။

ဧပြီလ ၁၃ရက်နေ့တွင် အစိုးရတပ် ခမရ ၂၇၆ ရဲ့ စစ်ကားတစ်စီးကို KIA ဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်လာခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက မီဒီယာများကို ပြောဆိုထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။