Friday, April 25, 2014

ဖာကန့်က ရေမဆေးသမားများ ပြန်လွှတ်မလာသေး။

(Kachin waves)

ကချင်ပြည်နယ် ဖားကန့်မြို့တွင်ဧပြီ (၂ ) ရက်နေ့တွင်အစိုးရစစ်တပ်နှင့် မြို့ နယ် ရဲ တပ်ဖွဲ့များ ပူးပေါင်းကာ ပိုင်နက်ကျူးကျော်မှုဖြင့် ဖမ်းဆီခဲ့သည့် ရေမဆေးသမားများ (၄၈)ယောက်ကို ယခုအချိန်ထိ ချုပ်နှောင်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ဖမ်းဆီးခဲ့ခြင်းမှာဖားကန
့်မြို့ မော်မောင်းလလျန် နှင့်ဆွတ်ငိုင်ရန် ရပ်ကွက်ကြားရှိ (၁၁၁)ကျောက်တူး ဖော်သည့်ကုမ္ပ္ပဏီ၏ တိုင်ကြားမှုဖြင့် ဖမ်းဆီးခဲ့ရာ ရေမဆေးသမား(၄၈)ဦးနှင့်အတူ ဆိုင်ကယ် (၁၂၈)စီး နှင့် သုံးဘီးဆိုင်ကယ်(၃)စီးတို့ ကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ရေမဆေးသမားကိုရိန်းဒူက ”ကုမ္ပဏီကအဆောင်ဖျက်တော့ ညနေမှလာတူးလို့ပြောတယ် ည၆နာရီမှာတော့လူမများသေးဘူး မနက်ရောက် တော့လူက ရာဂဏန်းလောက်ရှိလာတယ် မနက် ကိုးနာရီခွဲမှာ စစ်သားနဲ့ ရဲတွေလာဖမ်းသွားတယ်” ဟုပြောသည်။

ဖားကန့်မြို့တွင်ယခုကဲ့သို့ ရေမဆေးသမားများ နှင့် တစ်ပိုင်တစ်နိုင် ကျောက်တူးသမားများသည် မကြာခဏ ဖမ်းဆီးခံရမှုများ ရှိသော်လည်း ပိုက်ဆံပေးသည့် အခါ ပြန်လွှတ်လာကြောင်း ဒေသခံများက ပြောသည်။

ယခုဖမ်းဆီးခံထားရ သည့် ရေမဆေးသမားများကို ပြန်လည်ရွေးယူ၍ မရသေးကြောင်း “ အရင်ကတော့ တစ်ယောက် (၁)သိန်း၊ အခုကတော့ ရွေးလို့ မရသေးဘူး” ဟု၎င်းကပြောသည်။

ဆိုင်ကယ်နှင့်သုံးဘီးဆိုင်ကယ်တို့အားဖားကန့်မြို့ရှိစုဆောင်းရုံးတွင်ထားရှိပြီး၊ရေမဆေးသမားများအားဖားကန့်ရဲစခန်းတွင်ထန်းသိမ်းထားကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။