Tuesday, April 15, 2014

ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ သင်္ကြန်ပွဲကျင်းပ

(RFA)

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကျင်းပနေကြသလို တရုတ်မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာလည်း  မနေ့ကစတင်ပြီး  သင်္ကြန်ပွဲကျင်းပနေပါတယ်။

လိုင်ဇာမြို့မှာ ခရစ်ယာန်ဘာသာဝင်တွေ အများစုနေထိုင် ကြသလို ဗုဒ္ဓဘာသာဝင်တွေလည်း အများအပြားနေထိုင် ကြပါတယ်။ သင်္ကြန်ပွဲကို လိုင်ဇာမြို့တော်ဝန်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကေအိုင်အို၊ ရခိုင့်တပ်မတော်၊ ABSDF စတဲ့ အဖွဲ့တွေလည်း ပူးပေါင်းပါဝင်ဆင်နွဲကြတယ်လို့ ပွဲဖြစ်မြောက်ရေးမှာ ပါဝင်သူတစ်ယောက်က ပြောပြ ပါတယ်။

 
"မနေ့က သင်္ကြန်အကြိုနေ့မှာ ရိုးရာယဉ်ကျေးမှုအကတွေနဲ့ သင်္ကြန်ဖွင့်ပါတယ်။ ဒီနေ့ကတော့ သင်္ကြန်အကျနေ့၊ မနက် ၉ နာရီမှာ ရိုးရာအကအလှတွေ၊ အဆိုအတီးတွေနဲ့ ၁၂ နာရီမှာ နားပြီးတော့ တစ်နာရီမှာ ပြန်စပြီး ဖျော်ဖြေမှာပါ။ ပထမနေ့က စတုဒီသာ ကြာဇံ၊ အခုဒုတိယနေ့ကတော့ စတုဒီသာက သာကူကြို။ ကျနော်တို့ဒီမှာက လိုင်ဇာမြို့မိမြို့ဖက အစုံပါပဲ။ လူမျိုးပေါင်းစုံရှိကြတဲ့အခါကျတော့ ရပ်မိရပ်ဖတွေရော၊ ရှမ်းတွေရာ၊ မြန်မာတွေရော၊ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့က ရဲဘော်ရဲမေတွေရော စုစုပေါင်းစည်းစည်းရုံးရုံးပါပဲ"


ကျန်တဲ့သင်္ကြန်ရက်တွေကိုလည်း ဆက်လက်ကျင်းပမှာဖြစ်ပြီး ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမှာသင်္ကြန်ပွဲကို အခုလို စနစ်တကျကျင်းပတာ ဒီနှစ်နဲ့ပါဆိုရင် ၂ နှစ်ရှိပြီဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။