Thursday, April 3, 2014

မစ္စတာ နမ်ဘီးယားနှင့် ကေအိုင်အို ဗဟို လိုင်ဇာတွင် တွေ့ဆုံနေစဉ် ကေအိုင်အေနှင့် အစိုးရတပ်မတော်ကြား တိုက်ပွဲပြင်းထန်

(Kachin Waves)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေးကိုယ်စားလှယ်မစ္စတာနမ်ဘီးယား သည်ဧပြီ (2) ရက်နေ့ လိုင်ဇာမြို့ တွင် KIO ဗဟိုကော်မတီ နှင့် (4) နာရီကြာဆွေးနွေးခဲ့စဉ် အစိုးရစစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ အားနည်းမှုရှိသည့်အကြောင်းထောက်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မစ္စတာ နမ်းဘီးယားနှင့် ကေအိုင်အိုဗဟိုကော်မတီတို့ တွေ့ဆုံနေစဉ် အစိုးရနှင့် ကေအိုင်အေတို့ကြား ရှမ်းပြည်မြောက်ပိုင်း နေရာ(၃) နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ ထိပ်တန်း အရာရှိတစ်ဦးမှဆိုသည်။
“အခုအစိုးရတပ်တွေ နေရာတိုင်းမှာ ထိုးစစ်ဆင်နေတယ်။ဒါက ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ သူတို့ပါဝင်မှုအားနည်းတယ်လို့ပြောလို့ရတယ်။”ဟု ကေအိုင်အေ အရာရှိတစ်ဦးမှဆိုသည်။ 


နိုင်ငံတော် သမ္မတကြီးမှလည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲကြီးသည် တစ်နေ့ပြီးတစ်နေ့ပိုပိုနီးကပ်လာပြီဖြစ်ကြောင်း ကချင်ပြည်နယ်ခရီးစဉ်တွင် ပြောဆိုခဲ့သည်။ 

အစိုးရစစ်တပ်အနေ အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် စိတ်ရှည် သဘောထားကြီးစွာနဲ့ ပါဝင်မှုအားနည်းပြီး အစိုးရနှင့် သဘောတူထားသည့် အကြောင်းများ လက်တွေ့တွေ အကောင်အထည်ဖော်ရန် အားနည်းမှုများရှိနေသည့် အတွက် ကေအိုင်အို အနေနဲ့ အားမလိုအားမရ ဖြစ်ကြောင်းကိုလည်း မစ္စတာ နမ်ဘီးယားအား တင်ပြခဲ့ကြသည်။

မစ္စတာ နမ်ဘီးယားအနေနဲ့လည်း တပ်မတော်မှ ပါဝင်မှု အားနည်းနေမှု တွေ့ရကြောင်းနှင့် ထိုအကြောင်းကို အစိုးရနှင့် တွေ့ဆုံစဥ်ပြောဆိုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကချင်အရေး၊ မြန်မာနိုင်ငံအရေး ကို မစ္စတာ နမ်ဘီးယားသည့် ယခုလ လာမည့် (၂၄) ရက်တွင် ကျင်းပမည့် ကုလ အစည်းအဝေးကြီးတွင် တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးဖို့ရန် ကေအိုင်အိုဗဟိုနှင့် ပွင့်ပွင့်လင်းလင်းသွားရောက်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။ 

လမ်းတစ်လျှောက်ရှိ ဂိတ်များတွင် အမည်စားရင်းပေးနေရသည့် အတွက် လိုင်ဇာသို့ ရောက်သည့် အချိန် နောက်ကျခဲ့ကာ စစ်ဘေးဒုက္ခသည်စခန်းများသို့ မသွားရောက်နိုင်ခဲ့ကြောင်းလည်းသိရသည်။ 

မစ္စတာနမ်ဘီးယားသည် ဧပြီ(၂) ရက်နေ့တွင် လိုင်ဇာမြို့သို့ရောက်ရှိခဲ့ပြီး ဧပြီ(၃) ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားသို့ ပြန်လည်ရောက်ရှိခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။