Monday, April 21, 2014

ဗန်းမော်-လွယ်ဂျယ်ကားလမ်းတွင် အစိုးရစစ်တပ် အင်အားတိုးမြင့်။

(Kachin waves)

အစိုးရစစ်တပ်များ ဗန်းမော်-လွယ်ဂျယ်ကားလမ်း တစ်လျှောက်တွင် တပ်မ(၉၉)နှင့် တပ်မ(၁၁)တို့၏ လက်အောက်ခံ တပ်များ၏ စစ်ကြောင်း သွားလာမှု ပုံမှန်ထက် ပိုများနေကြောင်း ခရီးသည်များကပြောသည်။

ခရီးသွားတစ်ဦးက “လမ်းတစ်လျှေက် စစ်သားတွေကို တွေ့နေရတယ်။ စစ်သားတွေ အများကြီးသွားလာနေတာကို တွေ့ရတယ်” ဟုပြောသည်။

ဗန်းမော်-လွယ်ဂျယ် ကားလမ်းသည် တစ်ခါတစ်ရံတွင် နံနက်ပိုင်းနှင့်ညနေပိုင်းတွင်လမ်း ပိတ်ထားမှုရှိကြောင်း၊ နေ့လည် ပိုင်းတွင်သာ ပြေးဆွဲနိုင်ကြောင်းပြောသည်။


မိုးမောက်မြို့နယ် စိန်လုံ တွင်ရှိသော အစိုးရ စစ်တပ်က ကေအိုင်အေ တပ်မဟာ ၃ တပ်ရင်း ၁ ဌာနချုပ်ရှိရာ အင်ဘာပါကို ဦးတည်ပြီး အမြောက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေကြောင်းလည်းသိရသည်။

ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်တွင် ဂိတ်စုစုပေါင်း(၁၀)ခုခန့် ရှိပြီး စစ်အင်အားတိုးချဲ့ ခြင်း ဖြစ်ကြောင်း ဒေသခံများကသုံးသပ် ပြောဆိုသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းတွင် ပြေးဆွဲနေသည့် ဒရိုင်ဘာတစ်ဦးက “စစ်ကြောင်းလိုက်သွားကြတယ်။ တစ်ခါသွားရင် စစ်သား ၁၀၀၊တစ်ခါတစ်လေ ၅၀၊ အနည်းဆုံးကတော့ အယောက် (၂၀)ရှိတယ်” ဟုပြောသည်။

ဗန်းမော်-လွယ်ဂျယ် ကားလမ်းသည် လွန်ခဲ့သည့် သင်္ကြန်ကာလတွင်(၂)ရက်ခန့် ယာယီပိတ်ထားခဲ့ ရပြီး ယခုအချိန်တွင် အစိုးရစစ်တပ်သည် လွယ်ဂျယ်လမ်း၊မန်ဂျယ်လမ်းနှင့် မန်းဝင်းကြီးလမ်းများတွင် စစ်အင်အားတိုးချဲ့ ကာ သွားလာနေကြောင်းပြောသည်။

အစိုးရ စစ်တပ်က တပ်မ ၉၉ နဲ့ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းက အင်အား ၈၀ဝ ကို အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့် လုပ်ဆောင်ရာမှာ ဧပြီ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွင် တိုက်ပွဲများလျက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။