Sunday, April 6, 2014

သင်္ကြန်းအတွင်း အိတ်ဇောဖွင့်ပြီးမောင်းသည့် ကား ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူမည်

(Kachin waves)
မြစ်ကြီးနား ဗဟိုမဏ္ဍာပ်

ကချင်ပြည် နယ် မြစ်ကြီး နားမြို့ သင်္ကြန် ရက်များ အတွင်း ကျင်းပ မည့် သင်္ကြန် ပွဲတော် တွင် ဆိုင်ကယ်များ အိတ်ဇော ဖောက်ရူ် မောင်းနှင် စီးနင်း ပါက ဖမ်းဆီး အရေးယု သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံး မှ သတင်းရရှိသည်။

“ အဓိကတော့ ယဉ်တိုက်မှုလျော့ နည်းစေ ဖို့ နဲ့ ဆိုင်ကယ် အိတ်ဇောဖောက်ပြီး စီးရင် ဖမ်းဆီးသွား မှာပါ” ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံး မှ ထိပ်တန်း အရာရှိတစ်ဦးမှ ပြောသည်။



သက်ဆိုင်ရာ ရဲတပ်ဖွဲ့ အနေနဲ့ လည်း ယဉ်တိုက်မှုလျော့နည်းစေဖို့ ပြည်သူ လူထုကို ယာဉ် စည်းကမ်း၊ လမ်း စည်းကမ်း အသိပညာပေး ပွဲများပြုလုပ် လျက်ရှိကြောင်း သိရသည်။

ဆက်လက်ရ်ုသင်္ကြန်အတွင်းလုံခြုံရေးရဲတပ်ဖွဲ့ ကိုအရင်နှစ်ထက်တိုးမြှင့်သွားမည်ဖြစ်ကြောင်းလည်းသတင်းရရှိသည်။လုံခြုံရေးအတွက်ရှိသမျှအင်အားအားလုံးသုံးမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ 
မှူးရုံးမှသတင်းရရှိသည်။

သကြံန်အတွင်းပြည်သူလူထုကိုကာကွယ်ဖို့ အတွက်မြို့ နယ်အလိုက်လုံခြုံရေးအင်အားပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။မြစ်ကြီးနားတွင် ရေကစားမဏ္ဍာပ်ကြီး (၄)ခုထားရှိမှာဖြစ်ပြီး
မဏ္ဍာအနီးတွင်အရက်၊ဘီယာများရောင်းချခွင့်ပေးမည်မဟုတ်ကြောင်းသတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်သင်္ကြန်အတွင်း မှုခင်းတစ်စုံတစ်ခု မှမရှိခဲ့ကြောင်း နှင့်ဖြစ်ရိုးဖြစ်စဉ်လောက်သာရှိခဲ့ကြောင်းကချင်ပြည်နယ်
ရဲတပ်ဖွဲ့  မှူးရုံးမှသတင်းရရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။