Tuesday, April 15, 2014

ဗန်းမော်-မိုးမောက် အထက်ပိုင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ

(Kachin waves)

ယနေ့ မနက်အစောပိုင်း (၆း၀၀)နာရီ အချိန်ခန့် မှ ယခုသတင်းရေးသားနေချိန်ထိ ဗန်းမော်-မိုးမောက် အထက်ပိုင်း ခ၀မ်ဘမ်ကျေးရွာ အနီး ကေအိုင်အေ တပ်စခန်း ရှိရာ ဒဂေါ် တပ်စခန်းအား မြန်မာအစိုးရတပ်မှ အင်အားအလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများသတင်းပေးပို့ သည်။ လက်နက်ကြီးသံများ လက်နက်ငယ်ပစ်ခတ်သံများ မိုးမောက်မြို့ အတွင်းမှ အတိုင်းသား ကြားနေရကြောင်းသိရသည်။ ယမန်နေ့ က အဆိုပါလမ်းပိုင်းတွင် အစိုးရစစ်ယာဉ်တန်း ဖေါက်ခွဲ တိုက်ခိုက်ခံရမှုကြောင့် အဆိုပါဒေသသို့ စစ်ကြောင်းထပ်မံထိုးကာ တိုက်ခိုက်လာခြင်းဖြစ်နိုင်ကြောင်း သိရသည်။

( Myu Tsaw kasa )

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။