Thursday, April 17, 2014

ပြည်သူတစ်ဦးကို အကြောင်းမဲ့ အစိုးရစစ်သားများ ၀ိုင်းရိုက်။

(Kachin Waves)



ဖားကန့်ဒေသ မက်လင်ချောင်လမ်းစုံတွင် ဧပြီလ(၁၆)ရက် ညနေ ၆း၀၀နာရီခန့်တွင် အစိုးရစစ်သား(၆)ယောက်က အရပ်ဝတ် ၀တ်ဆင်ပြီး ဆိုင်းကယ်မောင်းနှင်း လာသူများကို ဖမ်းဆီးကာ ၀ိုင်းဝန်းရိုက်နှက်ကြောင်း အရိုက်ခံရပြီး ထွက်ပြေးလွှတ်မြောက်လာသူတစ်ဦးက ပြောသည်။


၎င်းက “ကျွန်တော့်ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ဆင်းလာတာနဲ့ သေနတ်ဖင်တွေနဲ့ ဆောင့်တယ်။အားလုံ ၀ိုင်းပြီး ထိုးတယ်”ဟုပြောသည်။


မိမိအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များ ဖြစ်ပါက ညှိနှိုင်း တိုင်ပင်ကာ လုပ်ဆောင်မှု ပြုလုပ်ရန် ပြောသောအခါ ၄င်းတို့က “ငါတို့က စစ်သားတွေကွ”ဟုပြောဆိုကာ အကြောင်းပြချက် ဘာမှမပေးဘဲ ၀ိုင်းဝန်းရိုက်နှက်ကြောင်း ပြောသည်။



အရိုက်ခံရသူကို စစ်သားများက လက်မြောက်ဒူထောက်ခိုင်းထားပြီး နောက်ထပ် ဆိုင်ကယ်မောင်းနှင်း လာသူကို ဖမ်ဆီးကာ ၀ိုင်ရိုက်နေစဉ် ထွက်ပြေးလွှတ်မြောက်လာကြောင်း ပြောသည်။


ဖားကန့်ဒေသတွင် အစိုးရစစ်သားများက တနိုင်တပိုင်ကျောက်တူးသမားများကို ဖမ်းဆီးအရေးယူမှု များဆက်တိုက် ပြုလုပ်လျက်ရှိနေကြောင်း ဖားကန့်ဒေသခံများက ပြောသည်။ဖားကန့်ဒေသတွင် အစိုးရ တပ်မတော် တပ်မ(၆၆) တို့တပ်စွဲလျက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။