Wednesday, April 30, 2014

ပြည်သူ့စစ် မလုပ်မနေရ စနစ်ကြောင့် ဒေသခံများ အခက်အခဲကြုံနေရ။

(Kachin Waves)

ဆော့လော်မြို့နယ် နှင့် ချီဖွေမြို့နယ် ကချင်အထူးဒေသ(၁) နယ်မြေရှိ ဒေသခံများ ပြည်သူ့စစ် မလုပ်လိုသော်လည်း လုပ်ကိုင်နေရသည့်အတွက် မိသားစု စားဝတ်နေရေး သာမက အခက်အခဲ များကြုံနေကြကြောင်း သတင်းရရှိသည်။

ပြည်သူ့စစ်အဖွဲ့အား ကချင်အထူးဒေသ(၁) ဥက္ကဌ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစက်ခုန်တိန်းယိမ်းမှ ၎င်းဦးဆောင်သည့် NDAK တပ်ဖွဲ့အား နယ်ခြားစောင့်အဖြစ် ပြောင်းလဲ လိုက်ပြီး ၂၀၁၁ ကေအိုင်အေ နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည့် နောက် စတင်ဖွဲ့စည်းလာသည့် အဖွဲ့အစည်းဖြစ်သည်။


ပြည်သူ့စစ်အဖွဲ့အား ဦး လဂွေဘောမ်လန်းမှ ညွန်မှူးအဖြစ်ဦးဆောင်လျှက်ရှိ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးစက်ခုန်တိန်ယိန်းမှ နာယက အဖြစ် လုပ်ကိုင်လျှက်ရှိသည်။ကေအိုင်အေတပ်များဝင်လာသည့် အတွက် မိမိဒေသကို မိမိကာကွယ်ရမည်ဟုဆိုကာ စတင်ဖွဲ့စည်းလာရခြင်းဖြစ်ကြောင်းလည်း ပြည်သူစစ်တစ်ဦးမှဆိုသည်။ ယခုအချိန်တွင် ၀န်ထမ်း အယောက်(၁၀၀၀) ခန့်ရှိနေကြောင်းလည်း ဆိုသည်။ 

‘ဒေသကို ကာကွယ်ဖို့ တရားဝင် စစ်တပ်ဆိုတာရှိတယ်။ ပြည်သူ့စစ်က ရှိစရာ မလိုဘူး။ ပြည်သူတွေ အလကား ဒုက္ခရောက်တယ်။’ဟုဆော်လော့မြို့နယ်မှ NDAK ဗိုလ်မှူးဟောင်း တစ်ဦးမှ ဆိုသည်။

မိသားစုများပြီး အမျိုးသား တစ်ဦးသာရှိသော်လည်း တစ်အိမ်ထောင်လျှင် တစ်ဦး မလုပ်မနေရ စနစ်ဖြင့် လုပ်ကိုင်နေရသည့်အတွက် မိသားစုအတွက် စားရေး၊ သောက်ရေး ၊ ကျန်းမားရေး၊ ပညာရေးနှင့် အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း အမျိုးသားက ပြည်သူ့စစ်လုပ်နေရသည့်အတွက် ကလေး ငယ် (၆) ယောက်ဖြင့် မနိုင်မနှင်း ရုန်းကန်နေရသည် ဒေါ်လွမ်းနောမှဆိုသည်။

“ပြည့်သူစစ်ပဲလုပ်နေရင် ကလေးတွေ ကျောင်းတောင်တက်ရမှာမဟုတ်ဘူး။ ထမင်းနပ်မှန်အောင်စားနိုင်ဖို့တောင် အနိုင်နိုင်ပဲ။ “ဟု ဒေါ်လွမ်းနောမှဆိုသည်။

ပြည်သူ့စစ်မလုပ်ချင်လို့ ထွက်ပြေးသွားသော်လည်း ကျန်ရှိနေသည့် အိမ်သာများအား ထွက်ပြေးသွားသူအား လိုက်ရှာရန် ကုန်ကျမည့် ငွေကြေး တောင်းကြောင်းနှင့် ပြည်သူ့စစ်ဝန်းထမ်းတစ်ဦးလျှင် လစာ တစ်လလျှင် တရုတ်ငွေ ယွမ် (၁၅၀)( မြန်မာငွေ ဖြင့် ကျပ် (၂)) သောင်းခန့်သာရရှိကြောင်းလည်း ပြည်သူ့စစ်ဝန်ထမ်းတစ်ဦးမှဆိုသည်။

“ပြည်သူ့စစ် လုပ်ချင်လို့ လုပ်နေတဲ့ လူ အယောက် (၁၀၀) မှာ (၁) ယောက်တောင်ပါမှာမဟုတ်ဘူး။ မလုပ်ချင်လည်း ဒီဒေသမှာရှိတဲ့ အမျိုးသားတွေ ဘာသာရေးဆရာတွေက လွဲရင် အကုန်လုပ်ရတယ်။”ဟု ဆော့်လော်မြို့နယ်မှ သင်းအုပ်ဆရာ တစ်ဦးမှဆိုသည်။

ကချင်အထူးဒေသ(၁) တွင် ယခင် NDAK လူကြီးများမှ တရုတ်နှင့်ပေါင်းပြီး လုပ်ကိုင်စားသောက်နေသည့် သစ်မှောင်ခို နှင့် သတ္တု တူးဖော်ရေး လုပ်ငန်းများ စည်းကားလျှက်ရှိပြီး ပြည်သူ့အများစုသည် ဒေသလုံခြုံရေး မဟုတ်ပဲ ထိုစက်ရုံ စီမံကိန်းများကိုသာ လုံခြုံရေး ပေးနေရသလို ခံစားနေရကြောင်းလည်း အမည်မဖော်လိုသူ ပြည်သူစစ် တစ်ဦးမှဆိုသည်။ 

ထိုဒေသတွင် အစိုးရတပ်မတော်၊ ကေအိုင်အေ၊ နယ်ခြားစောင့် နှင့် ပြည်သူစစ်အဖွဲ့များရှိနေပြီး ဒေသခံများအတွက် နေထိုင်ရေး အခက်အခဲများစွာ ကြုံတွေ့နေကြသည်။

‘အချိုအိမ်တွေမှာဆို အများသား (၃) ယောက်ရှိရင် တစ်ယောက်က ကေအိုင်အေ နောက်တစ်ယောက်က ပြည်သူ့စစ်၊ နောက်တစ်ယောက်က နယ်ခြားစောင့် လုပ်နေတဲ့ မိသားစုတွေလည်း ရှိတယ်။”ဟု ဆော့်လော်မြို့နယ်မှ သင်းအုပ်ဆရာမှဆိုသည်။

ထိုသို့ မလုပ်မနေရ လုပ်ဆောင်နေရသည့်အတွက် ပြည်သူ့စစ်ဝင်မိသားစုများကြား အစားသောက်နှင့် ငွေးရေးကြေးရေးခက်ခဲလာမှုကြောင့် ပြသနာများ မကြာခန ဖြစ်ပွားနေလျှက်ရှိပြီး ဒေသခံအများစုမှာလည်းမှာ ပြည်သူစစ်လုပ်ရခြင်းကို လုံးဝရပ်ဆဲပေးရန် အလိုရှိနေကြကြောင်းလည်း သိရသည်။

ပုံ ပြည်သူ့စစ် တစ်ဦး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။