Thursday, April 3, 2014

ကျောက်တူးသများများအား ဖမ်းဆီသည့် ကိစ္စအား မေးမြန်ရန် အုပ်ချုပ်ရေးမှူး ဖုန်းအကြိမ်ကြိမ်ဆွက်သွယ်ခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိ

(Kachin waves)

ဖားကန့်မှော်ရှိ ကျောက်တူး သမားများအား ဆက်လျှက်ဖမ်းဆီးလျှက်ရှိသည့် အပေါ် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုအား ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြည့်စုံစွာ တာဝန်ယူဖြေကြားခဲ့ခြင်းမရှိခဲ့ပါ။

အုပ်ချုပ်ရေးမှူးအား မေးမြန်းခဲ့ရာ ပထဆုံး ဖုန်းဆက်ချိန်တွင် ဖုန်းအား စက္ကန့်(၃၀) ခန့် သာ ဖြေကြားခဲ့ပြီး နောက် ဖုန်းခေါ်ဆိုမှု အကြိမ်ရေ (၁၅) ကြိမ်တိတိပြန်လည် ခေါ်ဆိုခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းအား ချပေးလိုက်ခြင်းဖြစ်သည်။


၂၀၁၄ မတ်လ (၂၇) ရက်နေ့ကလည်း မော်စီစာ ရတနာမြေ အမိုက်ပုံကျော
က်မော်ရှိ ကျော်တူးသမားများ အယောက် (၅၀) ခန့်အား သွားရောက်ဖမ်းဆီးခဲ့ကြသည်။

‘ဒါကသူတို့တာဝန်ယူရမည့်အပိုင်းပဲလေ။ အစိုးရအဆင့်မြင့်အရာရှိကြီးတွင်က ဘယ်လောက်ပဲ မီဒီယာနဲ့ ထိတွေ့မှုရှိဖို့ပဲပြောပြော အောက်ခြေအဆင့် အစိုးရ၀န်ထမ်းတွေကတော့ မီဒီယာနှင့် ပတ်သက်လာရင် ဖြေဖို့အတော်ဝန်လေတာကို တွေ့ရတယ်။ မဟုတ်တာအလုပ်ထားသ၍ ဘာမှ မဖြေရဲစရာ အကြောင်းမရှိဘူးလို့ ထင်တယ်။ အစိုးရအဆင့်မြင့် အရာရှိတွေနဲ့ အောက်ခြေက အစိုးရ၀န်ထမ်းတွေရဲ့ ဆက်ဆံမှုအပေါ်မှာလဲ မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့။”ဟု ကချင်ပြည်နယ် နယ်ခံ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ဖားကန့်မြို့နယ်ကျောက်တူးသမားများအား ဖေဖော်ဝါရီ လလယ်ပိုင်းမှ စတင်ပြီး ရဲများ စစ်သားများမှ ပူပေါင်းပြီး ဖမ်းဆီးလျှက်ရှိသည်။ ဖမ်းဆီးရမည့်သည့်ကျောက်တူးသမားများအား ငွေကြေးတောင်းကာ ပြန်လည် လွတ်ပေးကြသည်။

အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲပြန်လည်စတင်ပြီးနောက် ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းမှစတင်ပြီး ကုမ္ပဏီများ ရပ်ဆိုင်းထားရပြီး တပိုင်တနိုင်ကျောက်တူးသမားများ ပြန်လည်တူးဖော်လာကြသည်။ ယခုအချိန် ဖားကန့်မြို့တွင် မြန်မာနိုင်ငံ အနံ့မှ ကျောက်တူးသမားများ (၁)သိန်းကျော်ခန့် လာရောက်လုပ်ကိုင်နေကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။