Wednesday, April 23, 2014

ရေရှားပါးမှုကြောင့် ဒုက္ခသည်များ မြစ်ဆိပ်တွင် ရေချိုးအ၀တ်လျှော်နေ။

(Kachin waves)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် ၀ိုင်းမော်မြို့ တွင် ရှိသော ဒုက္ခသည်စခန်းများတွင် ရေရှားပါးသည့် အတွက် ဧရာဝတီမြစ်ရေတွင် အ၀တ်လျှော်ရေချိုးနေရကြောင်း မိုင်းနားစစ်ရှောင်စခန်းတာဝန်ခံဦးခေါင်ဒေါင်က ပြောသည်။

ဦးခေါင်ဒေါင်က “ Camp မှာရေ မလုံလောက်တဲ့အတွက် မြစ်ဆိပ်မှာ ရေချိုး၊အ၀တ်လျှော်နေရတယ်။ဒီနေရ
ာ နဲ့ဆို မြစ်ဆိပ်က အရမ်းဝေးတဲ့အတွက် အသက်ကြီးတဲ့သူတွေ၊ခလေးငယ်တွေက မသွားနိုင်ဘူး”ဟုပြောသည်။

ဒုက္ခသည်စခန်းရှိ ရေတွင်များ ရေခမ်းခြောက်သွားကာ ရေများနှောက်ကျိနေသည့်အတွက် ရေတွင်းအသစ်များ ထပ်မံ တူးဖော် နေသော်လည်း သောက်ရေပင် လုံလောက်မှုမရှိကြောင်း ဒုက္ခသည်များက ပြောသည်။

မိုင်းနာစစ်ရှောင်စခန်းရှိ အဘွားအိုတစ်ဦးက “ အဘွားက မိဘမဲ့ခလေးငယ်တွေနဲ့ဘဲ နေတယ်။ရေခပ်ပေးမဲ့ သူကလည်း မရှိတော့ ခက်တာပေါ့။တစ်ခါတစ်လေ ရေသန့်ဆိုပြီး ရေကန်မှာ လာထည့်ပေးတဲ့ ရေကိုဘဲ လုယက်ပြီး သောက်နေရတယ်”ဟုပြောသည်။ 

ဒုက္ခသည်စခန်းတွင် ရေရှားပါးသည့်အတွက် တစ်အိမ်လျှင် ရေ(၃)ပုံးခန့်သာ ခွဲတန်းစနစ်ဖြင့် ရရှိနေသောကြောင့် အ၀တ်လျှော်၊ရေချိုးရန် ရေမလုံလောက်သည့်အတွက် မြစ်ဆိပ်သို့ သွားရောက် လျှော်ဖွတ်ရကြောင်း ပြောသည်။

မိုင်းနားစစ်ရှောင်စခန်းမှ ဒုက္ခသည်တစ်ဦးက “ ရေခမ်းခြောက်သွားတဲ့အတွက် ရေကိုလုံလုံလောက်လောက် မသုံးရဘူး။ရေတွေ နှောက်ပြီးတော့ ထမင်း၊ဟင်းချက်စားတဲ့အခါ ကောင်းကောင်းမွန်မွန် မချက်စားရဘူး” ဟုပြောသည်။

နှောက်ကျိနေသည့် ရေကို ကျိုချက်ကာ သောက်သုံနေသော်လည်း နောက်ဆက်တွဲ ဖြစ်လာမည့် ကျန်မာရေး ထိခိုက်မှုများ၊ ကလေးများ မြစ်ဆိပ်တွင် ရေချိုးသည့်အတွက် အသက်အန္တရာယ်များ၊ ရာသီဥတုပိုမို ပူပြင်းလာပါက ရေရှားပါးသည့် ပြဿနာ ပိုပြီး ဆိုးဝါးလာမည်ကို စိုးရိမ်ကြောင်း ဒုက္ခသည်များကပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။