Wednesday, April 23, 2014

ကမ္ဘာ့အရှည်ဆုံး လက်နက်ကိုင်ပဋိပက္ခ တစ်ခုချုပ်ငြိမ်းလေမည်လော

(Mizzima)

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအရိပ်အယောင်
နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ စစ်မီးလျှံကြီး မကြာမီ နိဂုံးချုပ်နိုင်တော့မယ်လို့ တပ်မတော်နေ့ အကြို မတ်လ ၂၆ ရက်က သမ်္မတဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်း ပြော ကြားခဲ့ပါတယ်။ ဦးသိန်းစိန်အရပ်သားဟု ခေါ်သည့် ဒီမိုကရေစီအစိုးရလည်း မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ခရီးကြမ်း တွင်း သုံးနှစ် သက်တမ်းကြာခဲ့ပြီလေ။

 
ဒီအတိုင်း တစ်ကယ်ဖြစ်ခဲ့မယ်ဆိုရင် ကမ်္ဘာ့အရှည်ကြာဆုံး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတစ်ခု နိဂုံးချုပ်နိုင် တော့မယ်လို့ ကြိုတင် မြင်ယောင်မိလေသောအခါ၌ ပြောသလောက် လက်တွေ့ဘယ်လောက် ဖြစ်လေမည်လဲ ဆိုသည်မှာ နိုင်ငံရေး လေ့လာသူတွေ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေ က သုံးသပ်လို့ မဆုံးဆဲပဲ။

ဦးသိန်းစိန်ကတော့ ရဲဝံ့စွာနဲ့ပဲ“မကြာ ခင်အချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူလက် မှတ် ရေးထိုးကြဖို့အထိ အစိုးရနဲ့လက်နက်ကိုင် တိုင်းရင်း သားခေါင်းဆောင်တွေအကြား သဘောတူညီ ချက် တွေ ရရှိထားပြီဖြစ်ပါတယ်” ဟု ၎င်းင်းရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား သွားတယ်။
ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေးသမားတွေ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း တွေက မြန်မာ့ရဲ့ နိုင်ငံရေးနွေဦးကို စောင့်ကြည့်ပြီး သုံးသပ် နေတာထက် ပိုပြီး ၀င်ရောက်ပူးပေါင်းလာ တာမျိုး မတွေ့ရသေးဘူးလို့ ဆိုရမှာပါ။

ဒါကို အားမလိုအားမရ ဖြစ်ရမှာလား၊ ၀မ်းသာရမှာလား ဆိုတာကတော့ ဒီနိုင်ငံ ရေးအခင်းအကျင်းကို သုံးသပ်တဲ့လူတွေ အပေါ်မှာပဲ မူတည်ပါတယ်။ အချို့ကတော့ မြန်မာ့ ပြည်တွင်းရေးပြဿနာဟာ နိုင်ငံတ ကာအစိုးရက ဖိအားပေး ဖြေရှင်းစေခြင်းကို လက်မခံနိုင်ကြသလို၊ အချို့ကလည်း နိုင်ငံတကာအသိုင်း အ၀ိုင်းက မြန်မာ့နိုင်ငံရေး ဒုက်္ခတွေကို စာနာမှုမဲ့ကြောင်း ဝေဖန်ကြ ပါတယ်။

သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟာ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရစစ်တပ်တွေကြားမှာ နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားခဲ့ကြ ပါတယ်။ ဆယ်စုနှစ်ခြောက်ခု တိုင်တော့မယ်။ဒီပဋိပက္ခရဲ့ အရင်းခံပြဿနာကို ဆန်းစစ်ကြည့်မိတော့ တိုင်းရင်းသား တွေ တောင်းဆိုကြတဲ့ “တန်းတူရေးနှင့်ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်” ပြဿနာက စခဲ့တာပဲ။ဒီတောင်းဆိုသံကြောင့် ဆယ်စုနှစ် ခြောက်ခုလောက် တိုင်းရင်းသားဒေသတွေ မှာ သေနတ်သံတွေဝေလို့ ယမ်းငွေ့တွေ စွေခဲ့ရ တယ်။ 
စစ်ပြေးဒုက်္ခသည် ဘောလအော ပေါ်ထွက်လာတယ်။ ဒါ့ထက်ကို တိုင်းရင်းသားတွေက အစိုးရ အပေါင်းအပါနဲ့ စစ် တပ်ကို မျက်လုံးစိမ်းတွေနဲ့ သံသယတွေ ထားပြီး ကြည့်ခဲ့ပါတယ်။ ယခုတိုင် အောင် နှစ်ဖက်အကြား “ယုံကြည်မှုထားနိုင်ရေး” ဆိုတဲ့ပြဿနာက အဖြေရှာလို့မရသေးတဲ့ အရာ ဖြစ်ပါတယ်။

ယုံကြည်မှုဟူသည်မှာ
မှတ်မှတ်ရရ ပြီးခဲ့တဲ့မတ်လဆန်းမှာ တောင်ကြီးမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား မီဒီယာညီလာခံ သွားတက်ခဲ့ တုန်း မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC) က ကိုအောင်နိုင် ဦးရဲ့စကားဝိုင်းထဲက စကားအချို့ကို သတိ ရမိတယ်။

“နှစ်ဖက်အကြားယုံကြည်မှု” ဆိုတာက ဘာနဲ့တူသလဲဆိုတော့ သစ်ပင်တစ်ပင်ရဲ့ သစ်မြစ်နဲ့တူတယ်။ အဲဒီ အမြစ်သွယ်လေး တွေ ပျောက်ကွယ်နေတာ ဆယ်စုနှစ်ခြောက် ခုနီးပါး၊ ဒါကို တစ်ထိုင်တည်း ပြန်ရှင်သန် စေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ “ယုံကြည်မှု ကြီးထွားနိုင်မယ့် နိုင်ငံရေးရာသီဥတု၊ မြေ၊ လေ၊ ပတ်ဝန်းကျင် လိုအပ်ပါတယ်” ဟု ၎င်းက ပြောခဲ့ပါတယ်။
ဒီစကားကို ပြန်သုံးသပ်ကြည့်တော့ မြန်မာနိုင်ငံရဲ့ ယနေ့ နိုင်ငံရေးရာသီဥတုက ယုံကြည်မှုအမြစ်သွယ် လေးတွေ ရှင်သန်ဖို့ အချိန်အခါရောက်ပြီလား၊ ရေခံ၊ မြေခံ၊ ပတ်ဝန်းကျင်က ဒီ“ယုံကြည်မှု” ဖွံ့ဖြိုးဖို့ သဟဇာတ ဖြစ်လေပြီလား။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ အစိုးရတပ်တွေအကြားမှာ ထိ တွေ့မှုတိုက်ပွဲလေးတွေ ဖြစ်နေကြတုန်းပါပဲ။ ဒါ့ကြောင့် ဒီတိုက်ပွဲတွေကို အဆုံးသတ်ဖို့ တိုင်းရင်းသားတွေရဲ့ ဖြေရှင်းရေးနည်းနာက နှစ်ဖက်စစ်သည်တော်တွေ လိုက်နာရမယ့် ကျင့်ဝတ် “CODE OF CONDUCT” နဲ့ နှစ်ဖက်တပ်တွေ နေရာ ချထားရေး အတိအ ကျသတ်မှတ်ဖို့ဆိုပြီး အစိုးရကိုရော ကာ ကွယ်ရေးဦးစီးချုပ်ကိုရော တင်ပြထားတာ ရှိပါတယ်။ အခုထိ အကောင်အထည် မ ပေါ်သေးပါဘူး။ 
ဒါကြောင့် ဒီအတိုင်း ဆက် သွားမယ်ဆိုရင် ထိတွေ့မှုတွေ ဆက်ရှိနေဦး မှာပဲ။ ဆိုတော့ ယုံကြည်မှုက လျော့ရဲ နေ မှာပဲ။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့ဆိုတာ အားချိချိနဲ့ လျှောက်နေ ရတဲ့ ခြေလှမ်းလေးတွေ ဖြစ်နေဦးမှာပဲ။

အစိုးရဆီမှာလည်း စိုးရိမ်မှုပြသနာတွေနဲ့ပြဿနာဖြေရှင်းဖို့ဆိုတာ နှစ်ဖက်စလုံး မှာ ဒီပြဿနာကို ဖြေရှင်းကြစို့လို့ ဆိုတဲ့ “Willing” ဆန္ဒရှိကြရမှာ ဖြစ်ပါတယ်။ အခု သုံးသပ်ကြည့်တော့ နှစ်ဖက်စလုံးက “Willing” ဆိုတဲ့ ဆန္ဒအပြည့်အ၀ရှိတယ်။ ပြည်တွင်းစစ်ကြောင့် တခြားနိုင်ငံတွေထက် ကျွန်တော်တို့နိုင်ငံ နိုင်ငံ၊ စီးပွား၊ လူမှု၊ နည်းပညာဖွံ့ဖြိုးမှု အစစ နောက်ကောက်ကျခဲ့ ရတယ်။

တစ်ဖက်ကလည်း ကျေးလက်နဲ့နယ်စပ် ဒေသနေ တိုင်းရင်းသားတွေအနေနဲ့ စစ်ပြေး ဒုက်္ခသည်၊ ဖွံ့ဖြိုးရေး နောက်ကျမှု၊ ပညာ သင်ကြားနိုင်ခွင့်၊ စီးပွားရှာဖွေနိုင်ခွင့်တွေ ယမ်းငွေ့တွေနဲ့အတူ မျှော်လင့်ချက် မဲ့ခဲ့ရ တယ်။ ဒါကြောင့် ဒီပြဿနာကို အစိုးရ ဘက်ကရော တိုင်းရင်းသားတွေ ဘက်ကပါ ဖြေရှင်းဖို့ “ဆန္ဒ” ရှိနေ ကြတယ်ဆိုတာ သံ သယရှိစရာ မဟုတ်တော့ဘူး။

ဒါပေမဲ့ ဒီပြဿနာဖြေရှင်းဖို့ ချဉ်းကပ် ကြတဲ့အခါမှတော့ အထက်က ကျွန်တော် တင်ပြခဲ့သလိုပဲ ဒီလောက် များပြားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်တပ်တွေကို စနစ် တကျ နေရာပြန်လည်ချထားဖို့ဆိုတာ တယ် လွယ်တဲ့ကိစ်္စ မဟုတ်သလို မကိုင်တွယ်တတ် ပါကလည်း “ထိုင်နေရင်အကောင်းသား၊ ထသွားမှ ကျိုးမှန်း သိ” ဆိုတာမျိုး ဖြစ်သွား ဦးမယ်။

တစ်ဖက်မှာလည်း အစိုးရနဲ့စစ်တပ်ရဲ့  Mind Set  (စိတ်အစွဲ) မှာ သမိုင်းစဉ်ဆက် ရှိခဲ့တဲ့ တိုင်းရင်းသား တွေ ခွဲထွက်ကြမယ် ဆိုရင်ဟူသည့် စိုးရိမ်မှုကလည်း ဒီပြဿနာ ကို သိမ်မွေ့စွာကိုင်တွယ်ဖို့ သတိတရား ပေးနေသလို ဖြစ်နေခဲ့တယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာ့အမျိုးသား ရင်ကြားစေ့ရေးအစီအစဉ်မှာ ပါဝင်ဆောင် ရွက်နေတဲ့ တောင်အာဖရိက ပညာရှင် တစ်ဦးနဲ့ ရန်ကုန်ရောက်တုန်း စကားပြောခွင့် ရခဲ့တဲ့ အတွေ့အကြုံလေး ဝေမျှပါရစေ။

“နှစ်ဖက်စလုံး (အစိုးရနှင့် တိုင်းရင်းသား) တွေက “ယုံကြည်မှု” တည်ဆောက် ခြင်းဆိုတဲ့အပေါ်ကို သံသယတွေထားပြီး ချဉ်းကပ်နေကြတုန်းပဲဆိုတာ ထင်ရှားပါ တယ်။ ဥပမာ - တိုင်းရင်းသားတွေ တင်ပြ ထားတဲ့ အမျိုးသားရင်ကြားစေ့ရေး အစီ အစဉ်နဲ့ အစိုးရဘက်ကတင်ပြထားတဲ့ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ် တွေကို ကြည့်ရင် မြင်သာတယ်။ ဒီလို စိုးရိမ်မှုတွေကြောင့် ထည့်သွင်းရေးဆွဲထားတဲ့ အခြေ အနေတွေက အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်ရဲ့ ရာနှုန်း တော်တော်များများ ဖြစ်ပါသေးတယ်” ဟု ပဋိပက္ခ ဖြေရှင်း ရေးဆိုင်ရာ အမျိုးသားရင်ကြားစေ့ရေး တောင် အာဖရိကပညာရှင်က ဆိုပါသည်။

မြန်မာ့ နိုင်ငံရေးနွေဦးရာသီ သာယာ ဖို့ကတော့ လွယ်မယောင်နဲ့ခက် တိမ်မယောင် နဲ့ နက်နေတုန်းပါပဲ။ ဒါပေမဲ့ လမ်းကြောင်းမှန်ဖြစ်တဲ့ ပဋိပက္ခဖြေရှင်းချင်တဲ့ “ဆန္ဒ” အပေါ်မှာ နှစ်ဖက်စလုံးက အခြေခံ ချဉ်းကပ် ကြတာ ဖြစ်လို့ ဒါက မှန်ကန်တဲ့ ချဉ်းကပ်မှု လမ်းကြောင်းအဖြစ် ရှုမြင်လို့ ရပါတယ်။

သို့ပေမယ့် အထက်က သမ္မတကြီး ပြော ထားသလို နှစ်ပေါင်းခြောက်ဆယ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက်္ခချုပ်ငြိမ်းရေးကို မျှော်တွေးပြီး ဒီနိုင်ငံရေးပြဿနာကို အညင်သာဆုံး အ ကျွမ်းကျင်ဆုံး ကိုင်တွယ်သွားဖို့ဆိုတာကတော့ အစိုးရဘက်ကရော၊ တိုင်းရင်းသား တွေဘက်ကရော ကြိုးပမ်း အကောင်အထည်ဖော်သွားရဦးမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။