Wednesday, April 16, 2014

တရုတ်မြန်မာ နယ်စပ် အင်ဘာပါ ဒေသမှ အစိုးရ စစ်ဆင်ရေး တိုက်ပွဲများ



 (ရွှေဟင်္သာသတင်းဌာန)

ယနေ့ မနက် () နာရီ ခွဲ အချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော် ခရိုင်၊ မိုးမောက် -စိန်လုံ လမ်းကြောင်းမှ ကချင်လွတ် လပ်ရေး တပ်မတော် (KIA) တပ်မဟာ(၃) နယ်မြေ ရှိ ကျရိကရုန်နေရာ နှင့် လွယ်ဂျော်-မန်ဂျယ် နေရာတို့တွင် ပြင်း ထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု KIA စစ်ရုံးမှ ဆိုပါသည်။

အသေးစိပ်တော့ မပြောနိုင် သေးဘူး။ ပြောနိုင် တာက တိုက်ပွဲကြောင့် ပြည်သူတွေ ထွက်ပြေး နေကြတယ် တရုတ် ပြည် ဖက်ကို ၊ထွက်ပြေးနေကြတယ်။  တ ချို့နေရာမှာ ဆိုရင် ကျ နော်တို့ တပ်တွေ ကဘဲ ၀ိုင်းကူခဲ့ရ တယ်လေ။ မဟုတ်ဘူး ဆိုရင် မ ဆုံး ရှုံးသင့်တဲ့ ဟာတွေ ဆုံးရှုံး ကုန်မှာ စိုးလို့ပါ။ဟု ဆိုပါသည်။


ထို့အပြင် KIA တပ်မဟာ(၃) နယ်မြေ  စိန်လုံဒေသ တွင်လည်း ယမာန်နေ့ ညပိုင်း (ဧပြီ ၁၅ ရက်နေ့ ည) တွင် တစ်ညလုံး လက်နက်ကြီး သံ အများစု ဖြင့် အပြန် အလှန် အဆက်မပြတ် ပစ်ခတ် နေကြ သည်ဟု တရုတ်နယ် စပ်သို့ ထွက်ပြေးလာခဲ့ သော စစ်ပြေး ဒုက္ခသည် များက ဆိုပါ သည်။

အလားတူ ယမာန်နေ့  မနက်ပိုင်း ()နာရီ ကတည်းက စစ်ဆင် နေသော ကချင်ပြည်နယ် ဗန်း မော် ခရိုင် မိုးမောက် မြို့နယ် အ ထက်ပိုင်း ခ၀မ်ဘမ် ကျေးရွာ အနီး ရှိ ဒဂေါ် တောင် မှ KIA မဒါဘွမ် စခန်းငယ် ကို လည်း  ခ၀မ်ဘမ် ကျေးရွာ အမြောက် တပ်၏ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်သည့် နည်းဖြင့် ဧပြီလ (၁၅) ရက် နေ့ နေ့လည်ပိုင်း အချိန်တွင် သိမ်းပိုက် ခဲ့ပါသည်။

အဆိုပါ တိုက်ပွဲနှင့် အတူ အစိုးရ တပ် များသည် စစ်ကူများ ထပ်မံ ဖြည့်တင်းပြီး  ဗန်းမော် -မိုးမောက် လမ်း ကြောင်း အား စစ်ဆင်ရေး အရှိန် ဆက်လက် မြှင့် တင်နေ သည်ဟု KIA ဖက်မှ ဆိုပါသည်။ ဤကဲ့သို့ အင်အား ဖြည့် တင်းပြီး  တချိန်နှင့် တပြေးညီ စစ်ဆင် ခဲ့ခြင်း ကြောင့် ယနေ့မနက်ပိုင်းတွင် ကျရိကရုန်း ဒေသ ၌ တိုက်ပွဲ ထပ်မံဖြစ်ပွား ခဲ့ခြင်း ဖြစ်သည် ။

ဤသို့ကြောင့် KIA တပ်မဟာ () ၏ တိုက်ပွဲ အခြေ အနေများ ကို ကြည့်ခြင်း အားဖြင့် အစိုးရ တပ်များသည် မဒါဘွမ် စခန်းငယ် အား သိမ်းပိုက်လိုက်ခြင်း သည် ဗန်းမော် - မိုးမောက် - စိန်လုံ မှ နယ်စပ် အထိ လမ်းကြောင်း ကို ထိမ်းချုပ် နိုင်ရန် ကြိုးစား နေခြင်း ဖြစ်ကြောင်း။

ထို့အတူ ပြီးခဲ့သည့် ရက် ပိုင်း ကလည်း တပ်မဟာ () နယ်မြေ ရှိ ဘန်ခမ် ဂိတ် အပါဝင် စခန်း ငယ်နှစ်ခုကို သိမ်း ပိုက်ပြီး ဗန်းမော် - မံစီ - မန်ဝိန်း ကြီး နှင့် နမ့်တောင်း လမ်းေ ကြာင်း အား ထိမ်းချုပ် ထားခဲ့ သည် ကို ဆက်စပ် ကြည့် ခြင်း အားဖြင့် အစိုးရ တပ်များသည် စစ်မျက်နှာ နှစ်ခုဖွင့်ပြီး အင်ဘာပါ ဒေသကို ဦးတည် တိုက် ခိုက် နေ ခဲ့ခြင်းသာ ဖြစ် ကြောင်း KIA မှ ခန့်မှန်း ထားပါသည်။

အင်ဘာပါ နယ်စပ်ဒေသ သည် တရုတ်မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်ရန် ရည်ရွယ် ထားပုံရကြောင်း၊ အဆိုပါ နယ်စပ်လမ်း ကြောင်း ကိုဖွင့်လှစ်လိုက်နို င် ခြင်းအားဖြင့် အစိုးရ တပ်ဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ခုတ်ထားသော သစ်များ ကို လည်းတင်ပို့နိုင်တော့ မည် ဖြစ်ကြောင်း။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ဆန်းတွင် တရုတ် စီးပွားရေး ကိုယ်စားလှယ် များသည် ကချင်ပြည်နယ် မြစ်ကြီးနား မြို့သို့ ရောက် ရှိခဲ့ပြီး ဧရာဝတီ မြစ်ဆုံ အထိ သွားရောက် ခဲ့ပါသည်။ ယခု စစ်ဆင်ရေး သည်လည်း အဆိုပါ တရုတ် ကုန် သည်များ ၏ ခရီးစဉ် ပြီး သည့် နောက်ပိုင်း မှ ဖြစ်ပေါ်လာခဲ့ သည့်အတွက် ဆက်စပ်မှု ရှိနိုင်ကြောင်း  KIA ဖက်မှဆို ပါသည်။

စစ်ဆင်ရေး ကြောင့် တရုတ်ပြည် ဖက်သို့ ထွက်ပြေး နေကြသော ဒုက္ခသည် များအား တရုတ်ဖက်မှ မောင်းထုတ် ခြင်း မရှိကြောင်း ၊ ဤသို့ကြောင့်  တပ်မဟာ () နယ်မြေရှိ စစ်ပြေး ဒုက္ခများသည်  တရုတ်ဖက်သို့ သာ ဦးတည် ထွက် ပြေးခဲ့ကြပြီး စုစုပေါင်း ()ထောင်ကျော် ခန့် နယ်စပ်သို့ ရောက်ရှိနေပြီး ဖြစ်သည်ဟု ကချင်စစ်ပြေး ဒုက္ခသည် ကူ ညီ ရေး အဖွဲ့များက ခန့်မှန်းကြပါသည်။

KIA သည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေ သော်လည်း စစ်ပြေး ဒုက္ခသည်များ ပြန်ပို့ရေးကို မဆောင်ရွက် နိုင် ခဲ့ပေ။ ဤအခြေအနေ တွင်  တရုတ်ပြည် သည် ကချင် ဒုက္ခသည် များအားပြီးခဲ့သည့် ဇန္နာဝါရီလတွင်  ဒေါ်လာသန်း (၇၀၀) ခန့်ကူညီခဲ့ပါသည်။ 

2 comments:

  1. မြန်​မာ့တပ်​မ​တော်​ရဲ့​အောင်​ပွဲအတွက်
    ဂုဏ်​ယူပါတယ်​..
    မကြာလှ​တော့တဲ့အချိန်​ KIA စခန်း
    အားလုံးမှာ မြန်​မာ့တပ်​မ​တော်​ရဲ့
    တပ်​ရင်း တပ်​မ အလံများလွှင်​ထူ
    နိုင်​​တော့မှာပါ

    ReplyDelete
  2. လေပြည်တော်

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။