Sunday, April 6, 2014

မန်ဝိုင်းတွင် တပ်ရင်း (၅၆၇) မှ ဗိုလ်မှူး မျိုးညွန့်သိန်း ကျ

(kachin waves)


မန်းဝင်းကြီးအနီးရှိ မန်ဝိုင်းတွေ ခလရ (၅၆၇) တပ်ရင်းမှူး ဗိုလ်မှူး မျိုးညွန့်သိန်း အရက်မူးပြီး ဧပြီ (၄) ရက်နေ့ နေ့လယ် (၂)နာရီခန့်က ကေအိုင်အေ စခန်းရှိရာဘက် ကားဖြင့် ၀င်လာသဖြင့် ကေအိုင်အေမှ ရပ်ပေးရန် တားသော်လည်း မရပ်ပေးသည့် အတွက် သေနတ်ဖြင့် ပစ်လိုက်ရာ လက်မှောင်းတွင် ကျည်ဆံမှန်ပြီး ကျဆုံးသွားကြောင်း ကေအိုင်အေ အရာရှိတစ်ဦးမှသတင်းရရှိသည်။

လက်မှောင်းတွေ ဒဏ်ရာရပြီး ပစ်လိုက်သည် နေရာနှင့် အတော်ဝေးသည့် နေရာတွင် သေဆုံးနေသည်ကို တွေ့ရှိရကြောင်းနှင့် ၎င်းနှင့် အတူပါလာသည့် စစ်သားတစ်ဦးကိုလည်း အရှင်ဖမ်းမိပြီး တပ်မတော်ထံသို့ ပြန်လည် အပ်နှံလိုက်ပြီဖြစ်ကြောင်းလည်း ဆိုသည်။

ယခုအချိန်တွင် မန်ဝင်းကြီးမြို့တွေ အစိုးရတပ် ခမရ(၃၂၅)၊၆၉၊ ၅၆၇) စသည့် တပ်များမှ တပ်သားများအင်းအား အယောက် (၁၀၀၀) ခန့်ရောက်ရှိနေပြီး သန်းခေါင်းစားရင်းကောက်ခံသူများနောက်မှ သေနတ်ကိုင်ကာ လိုက်နေကြကြောင်းလည်း သတင်းရရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။