Thursday, March 13, 2014

One flower စီကရက်စက်ရုံကြောင့် မိုင်ဂျာယန်ဒေသခံများ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်

(Kachin waves)

တရုတ်ပြည် နယ်စပ် ကချင်ပြည် နယ် မိုင်ဂျာယန်မြို့ လယ်ရှိ one flower စီ ကရက် ဆေး လိပ် ကုမ္ပဏီ မှ ထွက်ရှိသည့် အငွေ့ ကြောင့် ဒေသ ခံပြည်သူ များ ကျန်မာရေး ထိခိုက်မည်ကို စိုးရိမ်နေ ကြကြောင်း သတင်း ရရှိသည်။

မိုင်ဂျာယန်မြို့ သည် ကေအိုင်အေ တပ်မဟာ(၃) အခြေချနေ ထိုင် သည့် မြို့ဖြစ်ပြီး ယခုစက်ရုံအားတရုတ်ကုမ္ပဏီမှ လာရောက်ဖွင့်လစ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ စီကရက်အား ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် အဓိကဖြန့်ချီလျှက်ရှိသည်။


“ဖြစ်နိုင်ရန် မြို့နဲ့နည်းနည်းဝေးတဲ့နေရာကို ပြောင်းခိုင်ချင်တယ်။ ကြာလာတော့ ကျန်မာရေး ထိခိုက်လာမှာကို စိုးရိမ်တယ်။”ဟု မိုင်ဂျာယန်ဒေသခံ ကိုခေါင်ဒေါင်မှဆိုသည်။

ယခုစက်ရုံမှထွက်ရှိသည့် နီကိုဒင်းအငွေ့ကြောင့် အဆုတ်ကင်ဆာဖြစ်လာမည်ကို စိုးရိမ်ရကြောင်း ကေအိုင်အိုကျန်မာရေးမှူးတစ်ဦးမှဆိုသည်။

ယခုစက်ရုံသည် မိုင်ဂျာမြို့ အုံလုံရပ်ကွက်တွင်တည်ရှိပြီး ထိုစက်ရုံအနီး စစ်ဘေးဒုက္ခသည် ကျောင်းသားများ (၄၀၀) ကျော် နေထိုင်သည့် ဘော်ဒါဆောင်လည်းရှိသည်။

“သူတို့စက်နိုးပြီဆိုရင် အနံ့ အရန်းနံ့တယ်။ ခေါင်းတောာင်မိုးတယ် အနံ့နံလွန်းလို့။’ဟု ထိုစက်ရုံအနီးရှိ ကျောင်းဘော်ဒါဆောင်မှကျောင်းသူတစ်ဦးမှဆိုသည်။

မိုင်ဂျာယန်မြို့သည် လူဦးရေ (၃) သောင်းခန့်နေထိုင်သည့် တရုတ်ပြည်နယ်စပ်မြို့တစ်မြို့ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။