Friday, March 14, 2014

CPI ကုမ္ပဏီမြန်မာနိုင်ငံမှ အပြီးပိုင်ထွက်ခွာသွားရန် ဆန္ဒပြ

(Kachinwaves)

မြစ်ဆုံ စီမံကိန်း လုံဝ ရပ်ဆိုင်းသွား ရန်နှင့် ထိုစီမံကိန်းအား လုပ်ဆောင်နေ သည့် တရုတ် CPI ကုမ္ပဏီ မြန်မာပြည်မှ လုံးဝ ထွက်ခွာ သွားပေးရန် မြန်မာ တနိုင်ငံလုံးရှိ လူမှု အဖွဲ့အစည်းပေါင်း (၃၂)ဖွဲ့ နှင့် ကချင်ပြည် နယ်ရှိ ဒေသခံ အဖွဲ့အစည်း များ မြစ်ဆုံဒေသ ခံပြည်သူ များမှ ကချင်ပြည် နယ်မြစ်ကြီး နားမြို့ရှိ CPI ရုံးများ တွင် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် မတ်လ ၁၄ နှစ်နေ့တွင်ကျရောက်သည့် ကမ္ဘာ့မြစ်ချောင်းများနေ့ (International River Day) တွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့စီတာပူရပ်ကွက်ရှိ CPI ကုမ္ပဏီရုံး၊ ဒွမ်ဂန် CPIရုံး၊ ကျိန်ခရန်မြစ်ဆုံစီမံကိန်းရုံး၊ အောင်မြင်သာစံပြကျေးရွာသစ်နှင့် မြစ်ဆုံ(တန်ဖရဲ)တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။


“မြစ်ဆုံဟာမြန်မာပြည်ရဲ့ ပြရုပ်တစ်ခုဖြစ်တယ်။ ဧရာဝတီမြစ်ဟာလည်း လုံးဝဆက်လက်စီးဆင်းဖို့လိုတယ်။ဒါကြောင့် CPI ကုမ္ပဏီကို မြန်မာနိုင်ငံမှ လုံးဝ ထွက်သွားပေးဖို့တောင်းဆိုတာပါ။”ဟု စိမ်းရောင်စို လုပ်ရှားမှု (activitives) မှ ကချင်ပြည်နယ်တာဝန်ခံ ဦးကျော်ဦးမှ ဆိုသည်။

ယနေ့ဆန္ဒတဲ့အချိန်တွင် မြန်မာပြည်အနံ့မှ ပြည်သူများနှင့် ဒေသခံများအယောက် ၅၀၀ ခန့်ပါဝင်ခဲ့ပြီး CPI ကုမ္ပဏီအလိုမရှိ၊ CPI get out ၊ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး ဒို့အရေး စသည့်ဆန္ဒများအား ထုတ်ဖော်ခဲ့ကြသည်။ အဆိုပါစာသားများပါသည့် ဆိုင်းပုဒ်များလည်း ကိုင်းဆောင်ခဲ့ကြသည်။

“မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းပေးစေလိုတဲ့ဆန္ဒနဲ့ ဒီနေ့ပါဝင်တာပါ။ ဒီအောင်မြင်သာရွာမှာ နေရတာလည်း အရန်းဒုက္ခရောက်တယ်။ မိုးတွင်းဆိုရင် အိမ်တွေလည်း မိုးအရန်းယိုတယ်။ စားဖို့သောက်ဖို့လည်း အရန်းခက်တယ်။”ဟု အောင်မြင်သာဒေသခံတစ်ဦးဖြစ်သူ ဆရာမဒေါ်ဂျာခေါန်မှဆိုသည်။

ယနေ့အခမ်းအနားတွင် စာရေးဆရာများနှင့် ဒေသခံများမှ မြစ်ဆုံနှင့်သည့် ကဗျာများ၊ သီချင်းများနှင့် ကချင်ရိုးရာ ထောင်ကအကစသည့် အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

ယမန်နှစ်ကလည်း ဒေသခံအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ကမ္ဘာ့မြစ်ချောင်းအင်းအိုင်များနေ့အား မြစ်ဆုံတွင်ကျင်းပြခဲ့ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။