Wednesday, March 19, 2014

မြန်မာ့တပ်မတော်၏ သွေးခွဲဗျူဟာများ

(Mizzima)

မတည်မငြိမ်ဖြစ်နေတဲ့ တောင်တန်းဒေသတွေက လူနည်းစုတိုင်းရင်းသား လက်နက်ကိုင်တွေကို ထိန်းချုပ် တဲ့ မြန်မာ့တပ်မတော်ရဲ့ သွေးခွဲ အုပ်ချုပ်ရေး ဗျူဟာတွေဟာ အောင်မြင်တယ်ဆိုတဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ စည်းလုံး ညီညွှတ်တဲ့တိုင်းရင်းသား တပ်ပေါင်းစု တစ်ခု ပေါ်ထွက်လာခြင်းကို ဟန့်တားဖို့ ဆိုတာဟာ မြန်မာ့စစ်တပ်အတွက် အလွန်အရေးပါတဲ့ ကိစ္စတစ်ခုအဖြစ် ကာလကြာ ရှည်စွာ တည်ရှိခဲ့ပြီးပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားက ညီညွတ်မှုဟာ ဘယ်လောက်အထိ အန္တရာယ်များတယ် ဆိုတာကို ယင်းတို့ရဲ့ ပင်မအဖွဲ့ဟောင်းတစ်ခုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) က သက်သေ ပြခဲ့ပြီးပါပြီ။ ပြိုကွဲတဲ့ ၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းမှာတော့ တပ်မတော်အနေနဲ့ လက်နက် ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီနဲ့ ဆောင်ရွက်လို့ ရနိုင်တာမှန်သမျှကို ဆောင်ရွက်ခဲ့ပါတယ်။ အချို့အဖွဲ့တွေနဲ့ အပစ်ရပ်ထားတဲ့အချိန်မှာ ကျန်တခြားအဖွဲ့တွေ အပေါ်ကို ထိုးစစ်ဆင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။

 
ငြိမ်းချမ်းရေး သဘောတူညီချက် အားလုံးနီးပါးမှာ သွေးခွဲအုပ်ချုပ်ခြင်းအပေါ် သက်ရောက်မှုရှိတဲ့ အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်တွေ ထည့်သွင်းပေးထားပါတယ်။ ဒီဆောင်ရွက်ချက်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအတွင်းမှာ အုပ်စုကွဲပြားမှုတွေ ဖြစ်စေခဲ့ပါတယ်။

တချို့ခေါင်းဆောင်တွေ ပိုမိုချမ်းသာ အကျင့်ပျက် ခြစားလာချိန်မှာ တခြားခေါင်းဆောင်တွေက သူတို့ရဲ့ တော်လှန်ရေးမူတွေကို ဆက်လက် ဆုပ်ကိုင်ထားလို့ပါ။ ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံ လူထုကြားထဲမှာလည်း ကွာဟမှုတွေကို ပိုမို ကြီးထွားလာစေခဲ့ပါတယ်။ လက်နက်ကိုင် ခေါင်းဆောင်တွေ က စီးပွားရေးသမားတွေအဖြစ် ပြောင်းလဲသွားပြီး သူတို့ဒေသတွင်းက သယံဇာတရင်းမြစ်တွေကို တပ်မ တော်၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ထုတ်ယူနေချိန်မှာ သာမန်ပြည်သူတွေကတော့ စိုးစဉ်းမျှချမ်းသာ ကြွယ်ဝလာခြင်း မရှိခဲ့ပါဘူး။ ယခုလိုအဖွဲ့တွင်း ကွဲလွဲမှုတွေက သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေ အတွင်းမှာ ၀ရုန်းသုန်းကားဖြစ်စေပြီး ၎င်းတို့ရဲ့ စစ်ရေးစွမ်းရည်ကို သိသိသာသာ အားနည်းစေခဲ့ပါတယ်။

သွေးခွဲအုပ်ချုပ်ရေး ဗျူဟာတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို အားနည်းသွားစေဖို့ အလုပ်ဖြစ်ခဲ့သလို တစ်ဖက်မှာလည်း တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်တယ်လို့ ဝေဖန်ထောက်ပြတာ တွေ ရှိပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ အကြား အကျိုးစီးပွားကွဲပြားနေမှုက အစိုး ရနဲ့ စေ့စပ်ဆွေးနွေးရာမှာ လိုအပ်တဲ့ ဘုံသဘောတူညီချက် တစ်ရပ် ချမှတ်ဖို့ ရှာဖွေခြင်းကို ထပ်ခါထပ်ခါ ရှုပ် ထွေးစေခဲ့တာကြောင့် ဖြစ်ပါတယ်။ ယင်းအချက်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကနေတစ်ဆင့် တည် ဆောက်ရမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။

ဒါ့အပြင် နေပြည်တော်နဲ့ လက်နက်ကိုင်အဖွဲ့တွေအကြားက ဆွေးနွေးမှုမှတစ်ဆင့် တဖြည်းဖြည်းချင်း ရရှိလာမယ့် သဘောတူညီချက်တွေကို နောက်ပိုင်းမှာ လက်တွေ့ အကောင်အထည် ဖော်ဖို့လည်း လိုပါ တယ်။ လက်နက်ကိုင် ခေါင်းဆောင်တွေက သူတို့ရဲ့လှုပ်ရှားမှုကို ပြည့်ပြည့်၀၀ ထောက်ခံမှု မရရှိခဲ့ရင် လည်း ဒီလိုဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။

နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ အရပ်သားတစ်ပိုင်း အစိုးရသစ်အနေနဲ့ ဆယ်စုနှစ်များစွာ သက်တမ်း ရှိတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်စေမယ့် အမှန်တကယ် အဆုံးသတ်ဖို့ ဆောင်ရွက်နေတယ်လို့ လက်ခံ ထားကြပါတယ်။ ဒါမျိုး မဖြစ်သင့်ဘူးလားဆိုတာဟာလည်း မေးခွန်းကောင်း တစ်ခုပါ။
လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ ပြုလုပ်နေတဲ့ အစိုးရရဲ့ထိုးစစ်ဟာ စီးပွားရေးကြောင့် ဖြစ်တယ်ဆိုရင် တောင် တိုက်ခိုက်မှုတွေ ပြည့်နှက်နေတဲ့ နယ်စပ်ဒေသတွေက ထကြွသောင်းကျန်းမှုဟာ အစိုးရရဲ့ အကျိုး စီးပွားအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့ သယံဇာတအများစုက အဆိုပါ နေရာတွေမှာ တည်ရှိနေ တာပါ။ တရုတ်နဲ့ထိုင်းနိုင်ငံတို့လို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကလည်း ထိုဒေသတွေမှာ အဝေးပြေးလမ်း တွေ၊ ရေကာတာတွေနဲ့ ဓာတ်ငွေ့ပိုင်းလိုင်းတွေလို မဟာဗျူဟာကျတဲ့ အခြေခံ အဆောက်အအုံတွေစတင် တည်ဆောက်နေပါပြီ။ သိသာထင်ရှားစွာ တိုးတက်လာတဲ့ နယ်စပ်ဒေသ ကုန်သွယ်ရေးဟာလည်း ငြိမ်း ချမ်းရေးကို အလိုရှိစေတဲ့ အခြားသော စီးပွားရေးတွန်းအား တစ်ခု ဖြစ်ပါတယ်။

တကယ်တမ်းမှာလည်း အရပ်သားတစ်ပိုင်း အစိုးရသစ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အမှန်တကယ် ထိန်းချုပ်ထားတယ်လို့ ယူဆခြင်းဟာ မှားယွင်းနိုင်ဖွယ် ရှိပါတယ်။ 
လက်ဖက်ရည်ဆိုင်တွေမှာထိုင်ပြီး နိုင်ငံ ရေး သုံးသပ်နေကြသူများစွာကလည်း အမှန်တကယ် လုပ်ပိုင်ခွင့်ဟာ တပ်မတော်လက်ထဲမှာ ရှိတယ်ဆို တာကို ကျိန်းသေပေါက် သဘောတူကြပါလိမ့်မယ်။ 
၂၀၁၁ မှာ ရာထူးက အနားယူသွားတဲ့ စစ်ဗိုလ်ချုပ် ဟောင်းသန်းရွှေဟာ လက်ရှိ ရုပ်သေးအစိုးရကို ဆက်လက် ကြိုးကိုင်နေတုန်းပဲလို့ တော်တော်များများက ယုံကြည်နေဆဲပါ။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးက သူရဲ့သမိုင်း အမွေအနှစ်ကို ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။ ယင်းဖွဲ့စည်းပုံအရ ပါလီမန် အမတ်နေ ရာရဲ့ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ပိုင်ဆိုင်ပြီး ကာကွယ်ရေးဦးစီးချုပ်မှာ အကြွင်းမဲ့ ဗီတိုအာဏာသုံးပိုင် ခွင့် ရှိနေခြင်းတို့ပါ။ ဒါ့အပြင် ၎င်းအယုံကြည်ဆုံးသူတွေကို အစိုးရရဲ့အရေးပါတဲ့ နေရာတွေမှာ ထည့်သွင်း ထားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးအောက်မှာ အကြွင်းမဲ့အာဏာကို ကိုင်ဆုပ်ထားခဲ့တဲ့ အဖွဲ့အစည်း တစ်ခုအနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်အားသာချက်ကို ဆန္ဒအလျောက် စွန့်လွှတ်ဖို့ဆိုတာ မျှော်လင့်လို့ ရနိုင်ပါ့ မလား။

မကြာသေးခင်က ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်မှူးကြီး မြင့်စိုးက“တပ်မတော်ရဲ့ အဓိက တာဝန်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို စောင့်ရှောက်ဖို့ဖြစ်ပါတယ်” ဆိုတာကို သတိပြုရပါမယ်လို့ ကြေညာခဲ့ပါ တယ်။

မြန်မာ့ရဲ့အုပ်ချုပ်သူအသစ်နဲ့ အဟောင်းတွေဟာ သူတို့ရဲ့ လက်ရှိအစိုးရ တာဝန်ရှိသူတွေက ဖော်ပြနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ခြားနားတဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့ချင်ပုံ ရှိပါတယ်။တကယ်တမ်းမှာလည်း ငြိမ်း ချမ်းရေး ဆွေးနွေးမှုတွေကို တပ်မတော်က ဖျက်ဆီးနေတာပါ။ ယခုလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲ မတိုင်ခင်မှာ တရားမ၀င် သစ်ခုတ်ခြင်းကို ရှင်းလင်း တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကေအိုင်အိုကို တိုက်ခိုက်တာတွေ ထပ်မံပြုလုပ်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောကြားနေစဉ်မှာပဲ တပ်မတော်က ကရင်ပြည် နယ်အတွင်းမှာ တပ်အင်အား တိုးချဲ့နေတယ်လို့ ကေအင်(န်)ယူအဖွဲ့ ခေါင်းဆောင်တွေက စဉ်ဆက် မပြတ် စောဒကတက်နေတာတွေ ရှိပါတယ်။ ဒါဟာ အရပ်သားတစ်ပိုင်း အစိုးရအနေနဲ့ တပ်မတော်ရဲ့ ဆက်လက်ပြုလုပ်နေဆဲ တိုက်ခိုက်မှုတွေကို မထိန်းချုပ်နိုင်ဘူးဆိုတာကို သိသာ ထင်ရှားစေပါတယ်။

ဒါပေမယ့်လည်း နိုင်ငံရေးနဲ့ စီးပွားရေး ရှုထောင့်အရ ငြိမ်းချမ်းမှုရှိသင့်တယ်ဆိုတာ ယုတ္တိရှိပေမယ့်လည်း စစ်ဗိုလ်ချုပ်တွေက ဘာကြောင့် ငြိမ်းချမ်းရေးရရှိဖို့ကို စိတ်မ၀င်စားရတာလဲ။ ရိုးရှင်းတဲ့အဖြေကတော့ ငြိမ်း ချမ်းရေးဟာ သူတို့အတွက် ယုတ္တိ မရှိလို့ပါဘဲ။ သူတို့ဟာ တိုင်းပြည်ရဲ့ ရှည်ကြာတဲ့ ပြည်တွင်းစစ် စီးပွား ရေးကနေ အကျိုးမြတ်ရနေသူတွေ ဖြစ်လို့ပါ။ Harvard Ash Center ရဲ့ စစ်တမ်းတစ်ခုအရ မြန်မာရဲ့ အကျိုးအမြတ်အရှိဆုံး သယံဇာတဖြစ်တဲ့ ကျောက်စိမ်းလုပ်ငန်းကနေ ၂၀၁၁ ခုနှစ်မှာ ကန်ဒေါ်လာ ၄ ဒသ မ ၃ ဘီလီယံဖိုး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တရားဝင်တင်ပို့ရောင်းချခြင်းကနေ ကန်ဒေါ်လာ ၃၄ သန်းသာ စာရင်းပြနိုင်ခဲ့ပါတယ်။

ဖွဲ့စည်းပုံမှာ အသာစီးရနေတာတွေ ရှိနေပေမယ့်လည်း တပ်မတော်အနေနဲ့ မီဒီယာလွတ်လပ်မှု လျင်မြန်စွာ ပေါ်ထွက်လာခြင်းနဲ့ လူထုရဲ့စစ်မှန်တဲ့ အရပ်သား ဖွဲ့စည်းပုံကို တောင်းဆိုနေချိန်မှာ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်းစဉ်တွေကို လွတ်မသွားအောင် သတိရှိရှိ ထိန်းချုပ်နေပါတယ်။ လုံခြုံမှုမရှိခြင်းကို ဖြစ်ပေါ်စေ ခြင်းက မလိုအပ်တဲ့ လုံခြုံရေးယန္တရားနဲ့ အရေးပေါ် အာဏာသုံးပိုင်ခွင့်တို့ကို ဆက်လက် ထိန်းသိမ်းဖို့ အတွက် အလွန်သင့်လျော်စေပုံ ရပါတယ်။ 
တပ်မတော်ရဲ့ သွေးခွဲအုပ်ချုပ်ရေး ဗျူဟာတွေက ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကန့်လန့်ခံနေပေမယ့်လည်း လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုဆိုးရွားလာမယ့် အန္တရာယ် မျိုးနဲ့ မကြုံတွေ့နိုင်စေမယ့် တစ်အုံနွေးနွေး အခြေအနေကိုဖန်တီးပြီး သူတို့ရဲ့လုပ်ပိုင်ခွင့်အာဏာနဲ့အကျိုးအမြတ် တွေကို ထိန်းသိမ်းထားဖို့အတွက် သူတို့ဟာ တော်တော်လေး စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် ခေတ် သစ်သွေးခွဲအုပ်ချုပ်မှု နိုင်ငံရေးရဲ့ နောက်ဆုံး ရည်မှန်းချက်ဟာ လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်တွေ မဟုတ်တော့ဘဲ ဒီမိုကရေစီအပေါ် ယုံကြည်သက်ဝင်မှုရှိတဲ့ မြန်မာပြည်သူ တစ်ရပ်လုံးအပေါ် ဖြစ် လာပါလိမ့်မယ်။

ဤဆောင်းပါးမှာthe diplomat အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသောDavid Brenner ၏ “The Tatmadaw’s Divide-and-Rule Tactics in Myanmar" ကို ဆီလျော်သလို ကောက်နုတ် ဘာသာပြန် ဆိုထားခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။