Thursday, March 13, 2014

မေခမြစ်တွင် တရားမ၀င် ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသား (၄၁) ဦးအား ဖမ်းဆီး

(Kachinwaves)

ဝိုင်းမော်မြို့နယ် ရှ ငေါ်ကျေးရွာနှင့် မန်ဒေါင်ကျေးရွာအနီးတွင် တရားမ၀င်ရွှေတူးဖော်နေသည့် တရုတ်အမျိုး သား (၄၁) ဦးအား ၂၀၁၄ မတ်လ  (၈) ရက် နှင့် (၉) ရက်အတွင်း ဖမ်းဆီး ရမိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘လ၀က ကနေစစ်ဆေးနေတယ်။ အမှုဖွင့်ဖို့ စီစဉ်ဆောင်ရွက်နေတယ်။”ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ထိပ်တန်းအရာရှိ တစ်ဦးမှဆိုသည်။
ဝိုင်းမော်တပ်ရင်း ခလရ (၅၈)၊ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့၊ ၀ိုင်းမော်မြို့နယ်လူဝင်ကြီးကြပ်ရေးအဖွဲ့ နှင့် ၀ိုင်းမော်မြို့နယ် သတ္တုတွင်းဌာနအဖွဲ့တို့မှ ပူပေါင်းပြီး သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ထိုတရုတ်နိုင်ငံသား (၄၁) ဦးနှင့်အတူ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မြေသယ်ယာဉ်များနှင့် အခြားစက်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း လည်း ဆိုသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများအား ၀ိုင်းမော်ရဲစခန်းနှင့် မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားကြောင်းလည်း သတင်းရရှိသည်။

ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ နှင့် မန်ဒေါင်ကျေးရွာအနီး မေခမြစ်ကမ်းတလျှောက်တွင် တရုတ်ကုမ္ပဏီများမှ စက်ကြီးများဖြင့် ရွှေးတူးဖော်နေသည်မှာ (၁၀) နှစ်ခန့်ရှိပြီးဖြစ်ကြောင်း ဒေသခံများမှဆိုသည်။

ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာအနီးတွင်လည်း တရုတ်နိုင်ငံသားများ တောင်အောက် လှိုဏ်ခေါင်းဖောက်ကာ ရွှေတူးဖော်မှုများရှိနေကြောင်း ဒေသခံများမှဆိုသည်။

လွန်ခဲ့သည့် ဖေဖါဝါရီလတွင်လည်း ဗန်းမော်ခရိုင်အတွင်းတွင်းလည်း တရားမ၀င်သစ်မှောင်ခို ပြုလုပ်သူ တရုတ်နိုင်ငံသား (၁၀)ယောက်ကျော်ကိုလည်း ဖမ်းဆီးအရေးယူခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။