Tuesday, March 18, 2014

တရားမ၀င် ၀င်ရောက်မှုဖြင့် ဖမ်းဆီးထားသည် တရုတ်နိုင်ငံသား (၄၁) ယောက် အား အမှုဖွင့်

(Kachin Waves)

တရား မ၀င်ရွှေ တူးဖော်နေ သည့် သဖြင့် ဖမ်းဆီးခံ ထားရသော တရုတ် အမျိုးသား (၄၁) ဦး အား ၂၀၁၄ ခုနှစ် မတ် လ ၁၆ ရက်နေ့ တွင် လ.၀.က အက်၁၃(၁) ဖြင့် ဆဒုံးမြို့ နယ်ခွဲ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“လောလောဆယ်တော့ တရားမ၀င် ၀င်ရောက်တဲ့အတွက် လ၀ကအက်နဲ့ တရား စွဲထားတယ်။ စစ်ဆေးပြီးအမှုထပ်ပေါ်လာရင်ထပ်ဖွင့်မယ်။ ပြစ်မှုကတော့ စစ်ဆေးမှုအပေါ်မှာမူတည်မယ်။” ဟု ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးမှအထက်တန်းအရာရှိမှပြောသည်။


အဆိုပါ တရုတ်နိုင်ငံသား (၄၁) ဦးအား ၀ိုင်းမော်မြို့နယ်ရှိ ရှငေါ်ကျေးရွာ နှင့် မန်ဒေါင်ကျေးရွာအနီး မေခမြစ်တလျှောက်တွင် ရွှေတူးဖော်နေစဉ် ရွှေတူးရန်တွင် အသုံးပြုသည့် မြေသယ်ယာဉ်များ နှင့် အခြား ပစ္စည်းများနှင့်အတူ ၂၀၁၄ မတ်လ ၈ ရက်နှင့် (၉ ) ရက်အတွင်း ဖမ်းစီးရခြင်းဖြစ်သည်။

ရှငေါ်ကျေးရွာနှင့် မန်ဒေါင်ကျေးရွာအနီးမှ (၄) ဖာလုံအကွာခန့်ရှိ မေခအရှေ့ဘက်တွင် တရုတ်လုပ်ငန်းသားများမှ ရွှေတူးဖော်နေသည် သတင်းကြာမိပြီး ခလရ (၅၈) တပ် ၊ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့၊ ၀ိုင်းမော်မြို့နယ် လ၀က နှင့် ၀ိုင်းမော်မြို့နယ် သတ္တုတွင်းဌာနတာဝန်ရှိသူများမှ ပူပေါင်းပြီး သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။