Thursday, March 13, 2014

မြစ်ဆုံစီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံပြည်သူများ ဆန္ဒမဲကောက်ယူ

(Kachin Waves)

မြစ်ဆုံစီမံကိန်း အား ဒေသ ခံပြည်သူများ ကန့်ကွက်ကြောင်း ခိုင်မာ သည့် သက်သေပြသနိုင်ရန် ဆန္ဒ မဲကောက်ယူမှု အစီအစဉ်အား မတ်လ (၁၂) နေ့တွင် ပြုလုပ်ခဲ့ရာ တစ်ထောင့် နှစ်ရာ (၁၂၀၀) ၀န်းကျင်မှ ထောက်ခံမဲ တစ်ထောင့်တစ်ရာ (၁၁၀၀) ၀န်းကျင်ရရှိခဲ့ကြောင်း ဦးဆောင်သူ တစ်ဦးထံမှ သတင်းရရှိသည်။

ယနေ့အစီအစဉ်တွင် ကန့်ကွက်မဲ (၃၀) ကျော်သာ ရရှိခဲ့ပြီး မဲ(၄၀) ကျော်မှာ ပယ်မဲဖြစ်ခဲ့ကြောင်းလည်း ဆိုသည်။


“CPI တွေကဒေသခံတွေ (၈၀) ရာခိုင်နှုန်းက သဘောတူတယ်ဆိုပြီး သတင်းစာ ရှင်းလင်းပွဲတွေလုပ်တယ်။ စာအုပ်တွေထုတ်တယ်။ သူတို့ပြောသလို မဟုတ်ဘူးဆိုတာကို သက်သေပြ ချင်လို့ ဆန္ဒမဲကောက်ယူတာ။ (၈၀) ရာခိုင်နှုန်းကျော်ကျော်က မြစ်ဆုံစီမံကိန်းကို သဘောမတူကြဘူး။”ဟု ဦးဆောင်သူ မှဆိုသည်။

ဒေသခံများတောင်ယာလုပ်ကိုင်စားသောက်ရသည့်ကြောင့် အချိန်မရသည့် အတွက် ကြိုတင်မဲစနစ်ဖြင့်လည်း အချို့ဒေသခံများအား ကောက်ခံခဲ့ရကြောင်း မထည့်နိုင်သည့် လူဦးရေအနည်းသာရှိကြောင်းနှင့် ယခုမဲထည့်သည့်ထဲမှ အားလုံးနီးပါသည် မြစ်ဆုံစီမံကိန်းကို သဘောမတူကြကြောင်းလည်းဆိုသည်။

“မြစ်ဆုံစီမံကိန်းကို ကျွန်မနဲ့အတူ ဒေသခံများ ဘယ်သူမှ သဘောမတူဘူးဆိုတာကို အများသိအောင် သက်သေပြချင်လို့ မဲထည့်ခဲ့တယ်။’ဟုအောင်မြင်သာ ဒေသခံ ဆရာမ ဂျာခေါန်မှဆိုသည်။

ဆန္ဒမဲကောက်ယူမှုအစီအစဉ်အား မြစ်ဆုံစီမံကိန်းကြောင့် ပြောင့်ရွှေ့ခံခဲ့ရသည့် ကျေးရွာများဖြစ်သော အောင်မြင်သာ၊ မလိယန်၊ ကျိန်ခရန် အစရှိသည့် ကျေးရွာများတွင်ရှိဒေသခံများအား မှ (၁၈) နှစ်အထက်ရှိသူများအား ကောက်ယူခဲ့ခြင်းဖြစ်သည်။

ထိုရွှေ့ပြောင်းခံခဲ့ရသည့် ဒေသခံများသည် နေရာသစ်တွေ အဆင်မပြေသဖြင့် အစစ အရာရာ အခက်အခဲများစွာရှိနေကြကြောင်းလည်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။