Sunday, February 9, 2014

လူ့အခွင့် အရေးစစ်ပွဲ နှင့် အပြိုင် TNLA ဒေသတွင် တိုက်ပွဲပြင်းထန်လာ

(ရွှေဟင်္သာသတင်းဌာန)

တအာင် လွတ်မြောက်ရေး တပ်မတော် (TNLA) ဗျူဟာ () လက်အောက်ခံ တပ်ရင်း (၃၆၇) မှ လှုပ်ရှား တပ်ဖွဲ့များ နှင့် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ အခြေ ချ အမှတ် () စစ်ဆင်ရေး ကွက်ကဲမှု စစ်ဌာနချုပ် (စကခ) လက် အောက်ခံ ခလ ရ(၁၁၄) တို့ ယနေ့ ဖေဖော် ဝါရီလ ၉ ရက် နံနက် ၁၀း၀၀ နာရီ အချိန် တွင် မန်တုံမြို့နယ်တာဘန်း တောင်ကုန်း (မန် တုံ-နမ္မတူ ကားလမ်းမ) အနီးတွင်နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လက်နက်များ သိမ်းဆည်း ရမိကြောင်း (TNLA) ပြန်ကြားရေး အရာရှိ ဗိုလ်အိုက်ကျော် မှ ဆိုပါသည်။
 
အစိုးရဖက် က () ဦးကျတယ် လို့ သိရတယ်။ ကျနော်တို့က သူတို့ရဲ့  M.A 1 သေနတ် (၄) လက်နဲ့ ကျည်ဆံ တရာ လောက် သိမ်းရတယ်လေ။ ဖြစ်ပုံကတော့ ကျ နော်တို့ ဒေသခံ တပ်တွေက မန်တုံ-နမ္မတူ ကားလမ်း မကို ဖြတ်နေတဲ့ အချိန်မှာ သူတို့လည်း ဘဲ မထင်မှတ် ဘဲနဲ့ ထိပ် တိုက်တိုးပြီး ပစ်ခတ်ကြ တာပါ။ အဲဒီမှာ ကျနော်တို့ ဦးတော့ သူတို့ ခံ လိုက်ရတယ်ဟု ဆိုပါသည်။ 


(TNLA) သည် ကားလမ်းဖြတ် ကူးချိန် ဖြစ်သည့် အတွက် သတိထား နေသည့် အချိန်တွင် ခလရ (၁၁၄)သည် ကား လမ်းဖြစ်သည့် အတွက် သတိလျော့ရဲ နေ သည့် အချိန်၌ ပက်ပင်း တိုးပြီး အငိုက်မိခဲ့ ခြင်းဖြစ် ပါသည်။ ပက်ပင်းတိုး သောနေရာရှိ ခလရ (၁၁၄) တပ်ဖွဲ့ () ဦးလုံး ကျဆုံးဖွယ် ရှိပြီး လက် တကမ်းဖြစ် သည့် အတွက် ယင်းတို့၏ လက် နက်များ ကို (TNLA) တပ်များက အရယူလိုက် ခြင်းဖြစ် ပါသည်။ 

တိုက်ပွဲသည် နာရီဝက်ခန့် ဖြစ်ပွားပြီး နှစ်ဖက်စလုံးမှ ပြန်လည် ဆုတ်ခွာ သွားကြ ခြင်းဖြင့် ရပ်စဲသွား ပါသည်။ ဤခလ (၁၁၄) မှတပ်ဖွဲ့များ သည် ယနေ့နံနက် ပိုင်း တွင်စစ်ကူပေး ရန် လာရှိုးမြို့ ဖက်မှ ရောက်ရှိလာသော စစ်ကား (၁၀) စီးမှ တပ်ဖွဲ့များဖြစ် သည်ဟု ဆိုပါသည်။

(TNLA) နှင့် အစိုးရ စစ်ဆင်ရေး တပ်များသည် မကြာခဏ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းနှင့် အတူ  အစိုးရ တပ်ဖွဲ့၏ လူ့အခွင့် အရေး ချိုးဖေါက် မှုများလည်း ကျူးလွန် ခံနေ ရကြောင်း ဒေသခံ များက ဆိုနေပါသည်။

ကျောက်မဲမြို့ အခြေချ  ခမရ (၅၀၂)စစ်ကြောင်းသည် ပြီးခဲ့သည့် အပတ်တွင်  ခိုမုန်း ကျေးရွာမှ တအာင်း သမီးပျို (၆) ဦးအား သားမယား အဖြစ် အတင်း အဓမ္မ ခေါ်သွားခဲ့ ရာတွင်  (၁)ဦးသည်  အသက်(၁၄) နှစ်သာ ရှိကြောင်း၊ ကျန်နှစ် ဦးသည် လားရှိုး မြို့နှင့် မန်တုံမြို့ဖက်သို့ သွားခိုင်းခဲ့ သဖြင့် ပျောက်ဆုံးနေ သည်ဟု ခိုမုန်း ကျေး ရွာသား တဦးက ဆို ပါသည်။ 

စကခ() လက်အောက်ခံ ခလရ (၁၁၅) တပ်ဖွဲ့များ သည် ခိုးမုန်း ကျေးရွာတွင် စခန်းချပြီး ခိုမုန်းကျေး ရွာကို တအိမ် တက်ဆင်း မွှေနှောက်ပြီး တန်ဖိုးရှိ သော ပစ္စည်းများ နှင့် ကြက်ဝက် ဘဲများကို သိမ်းယူခြင်း၊ မန်တုန်မြို့နယ် ဆိုင် လိန်ကျေးရွာ ဘုန်းကြီးပျံပွဲ ကို ပိတ်ပင်ခြင်း၊ ရွာဝင်ရွာ ထွက် တင်းကြပ်ခြင်း ၊မသင်ကာ ဟုဆိုပြီး မကြာခဏ စစ်ဆေးခြင်း၊ ပြုလုပ်နေ ပါသည်။ 

ဇန္န၀ါရီ (၁ရ) ရက် နေ့တွင် လည်း (စကခ-)မှ ခမရ (၅၀၂) တပ်ဖွဲ့များ သည် ဟိုမိန်း ကျေး ရွာ မှ အရပ် သား (၂)ဦးကို ပစ္စတိုသေ နပ် ဖြင့်ပစ် သတ်ခဲ့ ပြီး ကျန်(၂)ဦးကို သေနပ်ဖြင့်  ခေါင်းခွဲ ရိုက်နှက် ခဲ့သည့် အပြင် ဟိုမိန်းကျေး ရွာ မှ ဈေးဆိုင် တဆိုင်အား ၀င်စီး ရာ ငွေ  ကျပ်(၂၅)သိန်း၊ ဟန်းဖုန်း (၁)လုံး၊ ဈေး ပစ္စည်းများ၊ အိမ်ပိုင် ပစ္စည်းများ၊ ဆန်နှင့် အခြားအစား အသောက်များ ကိုလုယူသွား သဖြင့် ခန့်မှန်း (၂၇) သိန်း ဆုံးရှုံး  ခဲ့ကြောင်း ဆိုပါ သည်။

ဘုန်းကြီး များအား သေနပ်ဖြင့် ချိန် ရွယ်ပြီး စစ်ဆေး မေးမြန်း ခြိမ်းခြောက် ခဲ့သည့် အပြင် လှူဖွယ် ပစ္စည်းများ ကိုပါလုယူ သွားပါခဲ့ သည်ဟုဒေ သခံများ က တိုင်ကြား ထားပါသည်။ ကျေးရွာဆေး ခန်းများကို ဖျက်ဆီးခြင်း၊ စာသင်ကျောင်း မှဆရာ ဆရာမ များ အားလင်း အားကြီး အချိန်တွင် ခေါ်ယူပြီး သေနပ်ဖြင့် ချိန်ရွယ် စစ်ဆေး မေးမြန်းခဲ့ ပါသည်။

စစ်ကြောင်း တိုင်းတွင် ရွာသား များအား ပေါ်တာ ထမ်းခိုင်းခြင်း၊ ပလောင် လူငယ်များ ကို (T.N.L.A) ဟု စွပ်စွဲ ပြီး ရိုက် နှက် ညှင်းဆဲခဲ့ ပါသည်။ ဟိုမိန်းကျေးရွာ ကိုလည်း တရွာလုံးမီး ရှို့ပစ်မည်ဟု  ခြိမ်းခြောက် ခဲ့ကြသည်။ ပန်ကျရော့ ကျေးရွာမှ ရွာသား တစ်ဦးအား  ဖမ်းဆီးပြီး မျက်နှာ စုတ်ပြတ်သတ် အောင်ရိုက်နှက် ခဲ့ကြပြီး လက်စွပ် တစ်ကွင်း၊ ဆိုင်းကယ် တစ်စီးနှင့် မှတ်ပုံတင်ပါ သိမ်းလိုက်ပါသည်။

မန်မိုင်မန် ကွမ်းကျေးရွာ ထဲသို့  လက်နက်ကြီး (၁၅)လုံး ပစ်သွင်း ခဲ့ရာ (၁)လုံးသည်  အဆာမ်ပူး အိမ်ကို တည့်တည့် မှန် သဖြင့် အိမ်ကြေမွ သွားခဲ့သည်။ တချို့ ကျေးရွာတွင် လက်နက်ကြီး ထိမှန်သေ ဆုံးမှုရှိသည်။ ကျေးရွာ လူကြီးအား ရိုက်နှက်ပြီး ပေါ်တာထမ်း ခိုင်းခြင်းအပြင်  စစ်ဆင်ရေး အဆက် မပြတ်ဆင်နွှဲ ရန် မန်တုံမြို့ သို့ စစ်ကား (၁၁)စီး၊ နမ့်ဆန်မြို့မှ စီး(၃၀)ဖြင့် တောတောင် နေရာအနှံ့ချထားနေပါသည်။

စစ်ဆင်ရေး မျိုးကို မြေလှန်စစ်ဆင်ရေး ဟုခေါ် ဆိုနိုင်ပြီး လူထုအား  ဓါးစာခံအဖြစ် နလံမထူ နိုင်အောင် ညှင်းပန်း နှိပ်စက်သော စစ်ဆင်ရေး မျိုးဖြစ်ပါသည်။ ဤစစ်ဆင်ရေး မျိုးကို   KNU အားလည်း ကောင်း၊ မွန်ပြည်သစ် ပါတီအားကောင်း၊ ကရင်နီ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ကချင်လွတ်လပ်ရေး ဖွဲ့နှင့် လက်နက် ကိုင်တိုင်းရင်း သား တိုင်းခံ စားခဲ့ကြ ရပြီးဖြစ် ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။