Monday, February 10, 2014

TNLA တို့ ဖြစ်ပွားသော ယနေ့ တိုက်ပွဲတွင် ခမရ တပ်ဖက်မှ ၃ ဦးကျဆုံး

(ရွှေဟင်္သာသတင်းဌာန)

ယနေ့ ဖေဖော် ဝါရီ လ၁၀ ရက် နံနက် ၀၉း၀၀ နာရီ အချိန် ခန့်တွင် တအန်း တပ် မတော် (၂၅၆) တပ် ရင်း ၏ လှုပ်ရှား တပ်ဖွဲ့နှင့် အမှတ်(၁) စစ် ဆင်ရေး ကွပ်ကဲမှု  ဌာနချုပ် မှ နမ့် လမ် အခြေစိုက်  ခမရ (၅၀၅၊  ၅၀၆) တို့ နမ့်ဆန် မြို့နယ် နမ့်ယန်းနှင့် ဟိုမိန်းရွာ အကြား (မန်တုံ-နမ့်ဆန်ကား လမ်းမ) အနီး တွင် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲဖြစ် ပွား ခဲ့ရာ ခမရ  တပ်ဖွဲ့ ဝင် အနဲဆုံး (၃) ဦး ကျဆုံး ပြီး၊ (၁) ဦး ထိခိုက် ဒါဏ်ရာ ရရှိသွား သည်။
 
တအန်း တပ်မတော် ဗျူဟာ အမှတ်(၂) လက်အောက်ခံ တပ်ရင်း (၂၅၆) တပ်ဖွဲ့တချို့တို့သည် ဒေသ လုံခြုံရေးတွက် နယ်လှည့် လှုပ်ရှားနေ စဉ် အစိုးရ ခမရ တပ်များနှင့် တွေ့ပြီး တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ် သည်။

တိုက်ပွဲမှာ ၀၉း၁၅ နာရီခန့်တွင်ပြီး ဆုံးခဲ့ပြီး မိနစ်(၂၀) နီးပါးကြာတိုက်ပွဲတွင် နှစ်ဘက် တပ်ဖွဲ့တို့အသီးသီးဆုတ်ခွာသွားသဖြင့် တိုက်ပွဲအဆုံး သတ်ခဲ့သည်။  တအန်း တပ်မတော် ဖက်မှထိခိုက် ဆုံးရှုံးမှုမရှိပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။