Monday, February 24, 2014

NCCT အဖွဲ့နှင့် မတ်လ ဆန်းမှ တွေ့ဖြစ်မည်ဟု ဦးအောင်မင်း အကြောင်းကြား

(ရွှေဟင်္သာသတင်းဌာန)

ပြည်ထောင် စု ငြိမ်း ချမ်းရေး ဖေါ်ဆောင် ရေး လုပ်ငန်းကော် မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး  ဦးအောင်မင်း သည် လာမည့် မတ်လပထမ အပတ်တွင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်ဆဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် တနိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေးလက်မှတ်ထိုး ပွဲ အတွက် အကြို ညှိနှိုင်းမှု ကို ရန်ကုန်မြို့ တွင် တွေ့ဆုံ ဆွေးနွေး လိုကြောင်း ကမ်းလှမ်း ထား ခဲ့သည်ဟု ညီညွတ်သော တိုင်းရင်းသား များဖက်ဒရယ် ကောင်စီ UNFC မှ တွဲဖက် အတွင်းရေး မှူး  ခွန်ဥက္ကာ မှ ဆိုပါသည်။

 
ဇန္န၀ါရီလ (၂၉)ရက်နေ့မှာ  ထိုင်းနိုင်ငံ ချင်းမိုင် မှာ တခါတွေ့တယ်။ အဲဒီတုန်း ကဘဲ ဖေဖေါ်ဝါရီ  ၁၆၊ ၁၇ မှာ ရန် ကုန် ထပ်တွေ့ဖို့ ချိန်း တယ်။ အဲဒါလည်း အဆင် မပြေတော့မှ တခါ ဖေဖေါ်ဝါရီ ၂၂၊ ၂၃မှာ ထပ်ချိန်း တယ်။ အဲဒါ လည်း အဆင် မပြေပြန် တော့ အခု ဦးအောင်မင်း က မတ်လ ပထမ ပါတ်ကို ထပ်ချိန်းလိုက်တာဖြစ်တယ်။ဟုဆိုပါသည်။

ဤဆွေးနွေး ပွဲသည် ကရင် အမျိုးသား အစည်း အရုံး (KNU) နယ်မြေ လောခီး လာ (ခေါ်) လေးဝါး စခန်းတွင် ကျင်းပ ခဲ့ သော တိုင်းရင်းသား လက်နက် ကိုင် များ၏  ဒုတိယ အကြိမ် ညီလာခံ မှ ဆုံးဖြတ် ထားသော အပစ်အခတ် ရပ်စဲ ရေး မူကို ညှိနှိုင်းရန် တွေ့ဆုံခြင်း ဖြစ်ပါသည်။ 

ယင်း ညီလာခံ ဆုံးဖြတ်ချက် မူကြမ်းအား ပြီးခဲ့သည့် ဇန္နာဝါရီ (၂၉)ရက်နေ့က ၀န်ကြီး ဦးအောင်မင်း ထိုင်းနိုင်ငံ ချင်း မိုင်မြို့ကို ရောက်ရှိစဉ် ပေးအပ် ထား ပြီးဖြစ် ပါသည်။ အလားတူ အစိုးရ ၏ အပစ်အခတ်ရပ်စဲ ရေး မူကြမ်းကို လည်း (NCCT) အား ပေးထားပြီး ဖြစ်ပါသည်။ 

ဤကဲ့သို့ အပြန်အလှန် ပေးထားသော မူကြမ်း အား အချိန်ယူ လေ့လာပြီး လာမည့် မတ်လ ပထမ အပတ်တွင် ရန် ကုန်မြို့ ၌ တွေ့ဆုံညှိနှိုင်း ကြမည်ဖြစ်သည်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ပထမ အကြိမ် ညီလာခံကိုမူ ကချင်လွတ် လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင် ဇာမြို့တွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက် တိုဘာ လကုန်တွင် ကျင်းပခဲ့ပါ သည်။ ညီလာခံ အပြီးတွင် အစိုးရနှင့် နိုဝင် ဘာ () ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးမြို့ ၌ တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ 

ယင်းဆွေးနွေး ပွဲတွင် ညီလာခံ ကျင်းပစဉ်က အစိုးရ ဖက်မှ တင်သွင်း ခဲ့သော အပစ် ရပ်ရေး မူကြမ်းက တမျိုး မြစ်ကြီး နား ဆွေးနွေးပွဲ ကျမှ  အသစ်တမျိုး ထပ်မံ တင်ပြလာ သည့် အတွက် ယင်း ဆွေးနွေးပွဲ သည် အဆင် မပြေ ဖြစ်ခဲ့သည် ဟု NCCT တာဝန်ခံများ ကဆိုပါ သည်။ ဤသို့ကြောင့် အစိုးရ ဖက်မှ တင်သွင်းသည့် မူကြမ်းအသစ် အား ဒုတိယ အ ကြိမ် ညီလာခံ ကျင်းပပြီး ထပ်မံဆွေး နွေး ခဲ့ရခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။