Thursday, February 13, 2014

အစိုးရ တပ်ဖွဲ့များ KIO ဌာနချုပ် လိုင်ဇာ အနီးရှိ စခန်းငယ် များအား တိုက်ခိုက် သိမ်းပိုက်ခဲ့

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်များသည် ဇန္နာဝါရီလ (၁၀) ရက်နေ့မှ စပြီး ကချင် လွတ်လပ်ရေး တပ်မတော် (KIO) ဌာနချုပ် အနီးရှိ တပ်ရင်း(၁၈) တပ်ဖွဲ့စခန်း ငယ်တခုဖြစ် သည့် ဂျာအိန်ယန် (Ja Ing Yang) စခန်းအား နံနက် (၁၀) နာရီ အချိန်တွင် စတင်တိုက် ခိုက်ရာ ညနေ ()နာရီတွင် ဆုတ်ခွာ ပေးခဲ့ရ ကြောင်း KIA စစ်ရုံး မှ ပြော ပါ သည်။
 
ယင်းစခန်း သည် (KIA) ဒေသခံ ပြည်သူ့ စစ်စခန်း ဖြစ်ပြီး က ယား ပြည်နယ် ဖယ်ခုံမြို့ အခြေစိုက် အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာန ချုပ် လက်အောက် ခံဖယ်ခုံမြို့ အခြေစိုက် ခမရ (၄၂၁)၊ ဆီဆိုင်မြို့ အခြေစိုက် ခမရ (၄၂၄) ၊ ဘန်းယဉ်မြို့ အခြေစိုက် ခမရ (၄၂၆)၊ ဘန်းယဉ်မြို့ အခြေစိုက် ခမရ ( ၄၂၅) စစ်ေ ကြာင်း များနှင့်  က ချင်ပြည်နယ် မရမ်း မြို့ အခြေချ ခလရ (၂၆၀) တပ်ပေါင်း များ က လက်နက်ကြီး အင်အား များဖြင့်  ဒလစပ် ပစ်ခတ် ခဲ့သည့် နည်း ဗျူ ဟာဖြင့် တိုက်ခိုက် ခဲ့ပါသည်။ 


ယင်းစခန်း အား ဂျာအိန် ယန် ကျေးရွာ တောင်ကုန်းရှိ ဘုန်းကြီးကျောင်း မှ လည်းကောင်း၊  စကခ () စခန်းဖြစ်သည့် ရှဒန်ပါ (Shadan Pa) ဗျူဟာ ကုန်းမှ လည်း ကောင်း (၁၂၀) မမ ဖြင့် မော်တာ အမြောက် များဖြင့် ပစ်ကူ ပေးခဲ့ခြင်း ဖြစ်ပါသည်။ 

ဂျာအိန်ယန် ကျေးရွာ အား သိမ်းပိုက် ခဲ့သော ခမရ (၄၂၁)နှင့် ခလရ (၂၆၀) ပူးပေါင်း တပ်ဖွဲ့ များသည် ရွာသား များ အား(KIA) တပ်ဖွဲ့ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ် စက်ခဲ့ လေတော့သည်။ အမျိုး သမီးများ ကို ဘုန်းကြီး ကျောင်းတွင် ဖမ်း ဆီးထားပြီးအမျိုးသား များအား တနေရာတွင် စုပြုံကာ အစား အစာ ဖြတ် တောက်ပြီး ချုပ်နှောင် ထားခဲ့သည်။  

ဤကဲ့သို့ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အင်အား တိုးချဲ့ထားသည့် အနေဖြင့်  အင်အား တရာကျော် ရှိသည့် တပ်မ (၉၉)မှ စစ်ကား ()စီးသည် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့  ညနေ ၃ နာရီ ကျော်ချိန် တွင် ဗန်းမော်မြို့မှ ဂျာအိန်ယန် (Ja Ing Yang) ကျေးရွာ သို့ ရောက်ရှိနေကြောင်း  KIA ဖက်မှ ဆိုပါသည်။ 

ထို့နည်းတူ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ မနက် ()နာရီ အချိန်တွင် လည်း ဂျာအိန်ယန် ကျေးရွာနှင့်  ဘန်ဒေါင် ကျေး ရွာအကြား ခါဥ ကျေးရွာ အနီးတွင် အစိုးရ တပ်များ ထပ်မံ တိုက်ခိုက် ပြန်ပါသည်။ ယင်း တိုက်ခိုက်မှု တွင်ရှဒန်ပါ (Shadan Pa) ဗျူဟာကုန်းမှ လက်နက်ကြီး များဖြင့် အဆက် မပြတ်ပစ်ခတ်သဖြင့် (KIA)  တပ်ရင်း (၁၈)မှ တပ်ဖွဲ့ များ ခဒါန်အောင် စခန်းမှ ဆုတ်ခွာ ပေးခဲ့ပါသည်။ 

အလားတူ  ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲ ချိန်တွင် လည်း KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး KIA ခအူ (Hka -U) စခန်းအား ထပ်မံ သိမ်းပိုက် ခဲ့ပြန် ပါသည်။ ဤစခန်းအား အင်အား (၂၀၀) ခန့်ရှိသည့်တပ်မ (၉၉) တပ်ဖွဲ့ များမှ လက်နက်ကြီး ပစ်ကူကို အားကိုးပြီး တိုက်ခိုက်ခဲ့ သည်ဟု (KIA) စစ်ရုံးက ဆိုပါ သည်။ သိမ်းဆည်း လိုက်သည့် ခအူ (Hka U) စခန်းကိုမူ မီးရှို့ ဖျတ်ဆီး ခဲ့ပါသည်။ 

ယင်းစခန်း တိုက်ခိုက်ပြီး နောက်  ညနေ ()ခွဲအချိန် တွင် တပ်မ(၃၃)မှ အင်အား (၁၂၀)ခန့်ရှိ သည့် တပ်ဖွဲ့များသည် စစ်ကား ()စီးဖြင့် လိုင်ဇာမြို့ ဖက်သို့ ထွက် ခွာ သွားပြီး ဗန်းမောက် ကျေးရွာ အနီး ရောက်ရှိ နေပြီဖြစ် ကြောင်း ဆိုပါ သည်။

ဤကဲ့သို့ (KIA) အားတိုးချဲ့တိုက်ခိုက်နေကြောင်း မြန်မာ့ငြိမ်း ချမ်းရေး စင်တာ(MPC) အား တိုင်ကြား ထားသည်ဟု KIO နည်း ပညာ အဖွဲ့ Technical Advisory Team ပြောခွင့်ရ ဆရာ ဒေါင်ခါး မှဆိုပါ သည်။ အစိုးရ တပ်များသည် ဂျာ အိန်ယန် ရွာသား များ အားဓါး စားခံ အဖြစ် ဖမ်းဆီး ထားခြင်း၊ သစ်မှောင်ခို ခိုး ထုတ် သူများအား လိုက်လံ ဖမ်းဆီး ရန် အကြောင်း ပြပြီး (KIA) စခန်းများ အား တိုးချဲ့တိုက်ခိုက် လာခြင်း သည် ငြိမ်းချမ်းရေး လုပ်ဟန် မဟုတ်ကြောင်း KIA ဖက် မှ စောဒက တက်ထား ခဲ့ပါသည်။

အစိုးရ တပ်များသည် (KIO) ဌာနချုပ် အနီးရှိ  စခန်းများကို ()လကြာ အပစ်ရပ်စဲ ထားပြီးမှ ယခုကဲ့ပြန် လည်တိုက် ခိုက် လာခြင်းဖြစ် ပါသည်။ အပစ်ရပ် စဲထား စဉ်ကာလများ တွင်လည်း (KIA) တပ်မဟာ () ဧရိယာမှ တပ်ရင်း (၁၂) အား အဆက် မပြတ် တိုက်ခိုက် ခဲ့ပြီး (KIA) တပ်မဟာ () နှင့်ပလောင် လွတ်မြောက်ေ ရး ပါတီကို လည်း အပြင်း ထန်စစ် ဆင်ခဲ့ပါသည်။

အစိုးရ တပ်များသည် သစ်ခိုးထုတ် သူများကို လိုက်လံ ဖမ်းဆီးနေ သည်ဟု (KIA) အားစွပ် စွဲနေသော်လည်း သစ်မှောင် ခိုများသည် အစိုးရ တပ်ဖွဲ့များက သာ ဦးဆောင်ပြီး၊ ၄င်းတို့ ထိမ်းချုပ်သော ဗန်မော်၊ မိုမောက်နှင့် လွယ်ဂျယ် လမ်းကြောင်းမှ တရုတ်ပြည် သို့ တင်ပို့ နေကြသည် ဟု (KIA)မှ စွပ်စွဲထားပါသည်။

(KIA) ကမူငြိမ်းချမ်း ရေးတည်ဆောက်နေ သည့်အချိန် ကာလတွင် တိုက်ပွဲများ လျှော့ချ ထားသင့်ကြောင်း ၊အစိုးရ တပ်များသည် အစိုးရ၏ အမိန့်ကို နာခံ သင့်ကြောင်း၊ သို့မဟုတ် ပါက ငြိမ်းချမ်းရေး ကို အသံကောင်း ဟစ်နေခြင်း မျှသာ မှတ်ယူ ဖွယ်ရှိနေကြောင်း ဆိုနိုင် ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။