Friday, February 7, 2014

KIA တပ်ရင်း (၁၂) ဧရိယာ ထဲမှ သစ်မှောင်ခို တိုက်ပွဲများ၏ ဖြစ်ရပ်မှန်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်များ သည် ဒေသသစ်မှောင် ခို ဖမ်းဆီးရန် အကြောင်း ပြပြီး ယမာန်နေ့  မနက်(၁၀) နာရီ တွင်  ဗန်းမော် ခရိုင် မန်စီမြို့ နယ်  ကောင် ရွန် (Gawngrun) ကျေးရွာ အနီး တွင် ရှိနေသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၁၂ တပ်ဖွဲ့ကို ၀င်ရောက် တိုက်ခိုက် ခဲ့ကြောင်း  (KIA) တပ်ရင်း (၁၂) မှူး ဗိုလ် မှူး လဘန် ဂျွန်းအောင်ကဆိုပါသည်။

ကျနော် တို့ တပ်တွေ ရှိတဲ့နေ ရာကိုဝင် တိုက်တာလေ။ သူတို့က ပြောတယ်။ သစ်မှောင် ခိုရှိနေတယ်။ လာဖမ်းဖို့ဖြစ် တယ် ဆိုတဲ့ နေရာ မှာလည်း ဒေသ ခံတပိုင် တနိုင်သစ် လုပ်ငန်း ရှင်လေး တွေ ကိုတော့ လိုက်ဖမ်းတယ်။ လုပ်ငန်း ရှင်ကြီးတွေ ကိုတော့ ထုတ်ခွင့်ပေးတယ်။  ဒါလည်း ထားပါ။ အဲဒါဆို ကျနော်တို့ တပ်တွေ ရှိတဲ့နေ ရာကိုဘာဖြစ် လို့ဝင် တိုက်နေ ရတာလဲဟုဆိုပါသည်။


ယင်း တိုက်ပွဲ တွင်ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၇၆) ၊ခလရ (၅၆)နှင့်ခမရ (၆၀၁) ခမရ (၆၀၂) တပ်ဖွဲ့မှ နည်းဗျူဟာ စစ်ကြောင်း များမှ တိုက်ခိုက် လိုက်ခြင်း ဖြစ်ပါသည်။ ထိခိုက်ကျ ဆုံးမှုအခြေ အနေ မသိရသေး သော်လည်း အစိုးရ တပ်များ ဆုတ်ပေး ခဲ့ရသည် ဟု (KIA) ဖက်မှဆိုပါသည်။

ဤသတင်းကို အတည်ပြု ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုဆက်သွယ်သော် လည်းမည် သူမျှဖုန်း ကိုင်ခြင်း မရှိပေ။ အစိုးရတွင် စစ်ဖက်ရေး ရာပြောရေး ဆို ခွင့်ရှိသူ ခန့်အပ် ထားခြင်း မရှိပေ။ ဤသို့ကြောင့် စစ်ဖက် ရေးရာတွင် အတည်ပြု ရန်အခက် အခဲရှိနေ ခဲ့ပါသည်။

သို့သော်တိုက်ပွဲ သည် ၄င်းတို့ လိုအပ်သော သစ်ကွက်များရှိ KIA တပ်များကို တိုက်ထုတ် နေခြင်းဖြစ်ေ ကြာင်း ၊ကဲ့သို့ တိုက် ထုတ်ပြီးသော နေရာများသို့ တ ရုတ်ကုမ္ပဏီ များအား ရောင်းချနေသော ခရိုနီ သစ်ထုတ် သူများအား သစ်ထုတ်ခွင့် ပေးနေခြင်း ဖြစ်ကြောင်း၊ ဒေသခံ ကချင် လုပ်ငန်း ရှင်လေးများ ကိုမူ ဖမ်း ဆီးအရေး ယူနေခြင်း ဖြစ်ကြောင်း၊ ဤသို့ကြောင့် (KIA) တပ်များသည် လည်း သစ်ထုတ် ကွက်များအား ထိမ်းသိမ်းရန် တားဆီးသွား မည်ဖြစ်ကြောင်း ဆိုပါ သည်။

အမှန်မှာ မူ(KIA) သည် သစ်မှောင်ခို ရန်အတွက် သီးခြား လမ်းကြောင်း မရှိကြောင်း၊ သစ်လုံးများ သည် ကောင်းရွန် ကျေးရွာ ဒေသမှ တဆင့် အစိုးရ ထိမ်း ချုပ်သော ဗန်းမော်မြို့နှင့် မန်ဝင်းကြီးမြို့ ဖက်သို့သာ တင်ပို့ပြီး ထိုမှတဆင့် ရုတ်ပြည် သို့ တင်ပို့နေကြခြင်း သာဖြစ်ကြောင်း ၊ဤလုပ် ငန်းသည် အစိုးရ တပ် ဖွဲ့ကသာ အစဉ် တစိုက် လုပ်ခဲ့ခြင်း ဖြစ်ပြီး ကချင်ပြည်နယ် မှသစ်တော များ ဤတပ်ရင်း (၁၂) ဂွင်၌ သာ ရှိတော့သည်ဟု ဗိုလ်မှူး ဂျွန်းအောင်မှ ဆိုပါသည်။

အစိုးရ မြောက်ပိုင်းတိုင်း တိုင်းမှူး ကလည်း (KIA) တပ်ရင်း (၁၂) ဒေသမှ စစ်ဆင်ရေး များသည် သစ်မှောင် ခိုဖမ်းဆီး ရေး အတွက်သာ ဖြစ်သည်ဟု ယခင်က တည်းက မီဒီယာများ အားပြောကြား နေခဲ့ပါသည်။ ဤသို့ကြောင့် (KIA) နှင့် ခုလောလော ဆယ်ဖြစ်ပွားနေသော တိုက်ပွဲ များကိုပြန်လည် သုံးသပ်ပါက အစိုးရ တပ်ဖွဲ့များသည် ၄င်းတို့ သစ်မှောင်ခို လုပ်ငန်းအ တွက် စစ်အင်အား သုံးနေခြင်း သာဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ယမာန်နေ့ဖေဖေါ်ဝါရီ ()ရက်နေ့ တိုက်ပွဲတွင် တပ်ရင်း ()ရင်းမှ စစ်ကြောင်းများ အသုံးပြုပြီး (KIA) တပ်ရင်း (၁၂) တပ်ဖွဲ့များ အား()ဖက် သုံးတန်မှ အပြင်း အထန် တိုက်ခိုက် ခဲ့ခြင်းဖြစ် ပါသည်။ ယင်း တပ်ဖွဲ့များ အပြင် အရန် တပ်ရင်း အဖြစ် ခမရ ၄၃၈၊ ခမရ ၃၁၉၊ စစ် ကြောင်းများ လည်းရှိနေရာ ဤဒေသ တခုထဲ၌  နည်းဗျူဟာ ()ခုရှိပြီး စစ်အင်အား (၁၀၀၀) ခန့်ရှိနေ ဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇန္နာဝါရီ (၃၁) ရက်နေ့  နံက် ()နာရီတွင် လည်း (KIA) တပ်ရင်း (၁၂) တပ်ဖွဲ့များ အား  အစိုးရ ခလရ (၂၇၆)၊ ခလရ ( ၅၆) နှင့် ခမရ (၆၀၁) စစ်ကြောင်း များမှ  နမ်ဂေါင် (Nam Gau) ကောင်ရွန် နှင့် နမ့်ခမ်း ကျေးရွာ ဖက် တွင် () နေရာ ဆက်တိုက် ပြင်း ထန်စွာ တိုက်ခိုက်ခဲ့ ပါသည်။ ဂျေဦးကျေး ရွာမှ အစိုးရ အမြောက် တပ်မှ လည်း နမ်ဂေါင် ကျေးရွာဖက် သို့ အကြိမ် ကြိမ်ပစ် ခတ်ခဲ့ပါသည်။

အဆိုပါ တိုက်ခိုက်မှု ကြောင့်KIA တပ်ရင်း (၁၂)သည်  ပြီးခဲ့ သည့်ဖေဖေါ် ၀ါရီ () ရက်နေ့တွင် နမ်ဂေါင် ကျေးရွာ နီးရှိ အစိုးရ ခလရ (၂၇၆)၊ ခလရ ( ၅၆) နှင့် ခမရ (၆၀၁) စစ်ကြောင်း များအား ၀ိုင်း တိုက်ခဲ့ သဖြင့် ထိုနေရာမှ ဆုတ်ခွာပေး ခဲ့ရပါသည်။

ဤကဲ့သို့ အစိုးရ တပ်များ ဆုတ်ခွာပေး ခဲ့ရ သည်ကို မကြေနပ်ခဲ့ သဖြင့် မန်စီဘက် မှ ခလရ (၂၃၇) စစ်ကြောင်း နှင့် ရွှေဂူဘက်မှ ခမရ (၆၀၂)  စစ်ကြောင်းများ ပါဝင်သော တပ်ရင်း() ရင်း စစ်ကြောင်း များ ဖြင့် ထပ်မံ အင်အား တိုးချဲ့ပြီး ယမာန်နေ့ ဇန္နာဝါရီ () ရက်နေ့တွင် ထပ်မံ တိုက်ခိုက် လာခြင်း ဖြစ် ပါသည်။

စစ်ဆင်ရေး သည် အစိုးရ တပ်များ၏ သစ်မှောင်ခို ထုတ်လုပ်ရေး လုပ်ငန်း အတွက် စစ်ဆင် နေခြင်း သာဖြစ်သည် ဟု (KIA) ဖက်မှ ဆိုနေခြင်း ဖြစ်ပါသည်။  ကချင်ပြည် နယ် သစ်တော များသည် လည်း စစ်တပ် ကျောထောက် နောက် ခံပေးထားသော ခရိုနီ သစ်ကုမ္ပဏီ များက သာထုတ် လုပ်နေပြီး တရုတ်ပြည် သို့ သိန်း နှင့် ချီသော သစ်တန်များ အစိုး ရတရားဝင် လမ်းကြောင်း များမှ မှောင်ခိုတင် ပို့ ခွင့်ရနေ ကြခြင်း ဖြစ်ပါသည်။

အစိုးရ ကာကွယ်ရေး ၀န်ကြီးဌာန သည် တရုတ် စစ်ပစ္စည်း ကုမ္ပဏီများနှင့် ချုပ်ဆိုသော စာချုပ်များ အရ သစ်များပေး သွင်း နေရခြင်း ဖြစ်နိုင်ကြောင်း ၊သို့ေ ကြာင့်  ကျန်ရှိနေသော သစ်တော နေရာများ၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်းဖြစ် နိုင်ကြောင်း KIA ဖက်မှ တွက်ဆ ထားပါသည်

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။