Monday, February 10, 2014

KIA တပ် ရင်း ၁၂ နှင့် အစိုးရ တပ်ကြား ဖြစ်ပွားသော တိုက်ပွဲ တွင် KIA အရာရှိ ၂ ဦးကျ

(ကချင်သတင်းဌာန)


ဗန်းမော် ခရိုင် မန်စီမြို့ နယ် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၂ ဒေသ နား အိုကြီး အနီး ပရန် တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့ တွင် အစိုးရ တပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ် ပွားခဲ့ရာ KIA ဘက်မှ အရာ ရှိ ၂ ဦးကျဆုံး ခဲ့ကြောင်း သိရှိ ရသည်။

၎င်း အစိုးရတပ် သည် ရွှေဂူ တပ်ခြေမြန် တပ်ရင်း ၆၀၂ ဖြစ်ပြီး စစ် အင် အား ၁၀၀ ကျော်ဖြင့် KIA တပ်ရင်း ၁၂ သို့ လှုပ်ရှား လာစဉ် နှစ်ဖက် တပ်များ မိနစ် ၃၀ ကျော်ကြာ ထိပ်တိုက် ပစ်ခတ် တိုက်ခိုက်ကာ KIA ဒုဗိုလ် မရန်အုန်ဆော်တန် (Lat du Maran Ungsau Tang)နှင့် အရာခံ ဗိုလ်မရစ်လဖရီး (Du tau Marip La Hpri) တို့ ၂ ဦး ကျဆုံး ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၁၂ တပ်ဖွဲ့ မှ အမည်မဖော်လိုသူ အရာရှိ တဦး KNG ကချင် သတင်း ဌာန သို့ပြောသည်။


အဆိုပါ ရွှေဂူနယ်မြေခံ အစိုးရစစ်ကြောင်းသည် ကောင်ရွန်ရွာ (Gawngrun) တွင် တပ်စွဲထားသော အစိုးရတပ်အား စစ်ကူအဖြစ် အင်အား တိုးချဲ့လာချိန် ကောင်ရွန်ရွာနှင့် ၆ မိုင်ခန့် အကွာတွင် တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ယခုချိန် ၎င်းလှုပ်ရှား စစ်ကြောင်း သည် ဂျေခမ်းစခန်းကြီးသို့ တပ်ချနေကြောင်း သိရှိရသည်။

တိုက်ပွဲ အတွင်း အစိုးရဖက်မှ ကျဆုံးမှုကိုမူ မသိရသေးပါ။ ယခုချိန် တပ်မဟာ (၃) တပ်ရင်း ၁၂ ဒေသ KIA နယ်မြေများတွင် အစိုးရ တပ်များ လှုပ်ရှားနေခြင်းကြောင့် နှစ်ဖက်တပ်မှ တင်းမာနေ ဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် KIA တပ်ရင်း ၃၄ ဒေသတွင် လားရှိုးဘက်မှ အစိုးရတပ်များသည် ဖေဖ၀ါရီလ ၈-၉ ရက်အတွင်း အင်အားများတိုးချဲ့လာနေဆဲဖြစ်ပြီး နမ်ဆန်ဘက်မှလည်း ဟူခင်မန်ဂျက်၊ ထတ်ဂျက်နှင့် ပန်ဆွေ၊ နမ်လန်း KIA နေရာ ၃ ခုတွင် စစ်အင်အား ၁၀၀ ကျော်စီ အသီးသီးတိုးချဲ့ထားကြောင်း သိရှိရသည်။

ထိုသို့ လှုပ်ရှားမှုများကြောင့် ယမန်နေ့ မန်တုံမြို့နယ် KIA တပ်ရင်း ၃၄ ဒေသတွင် အစိုးရတပ်နှင့် ပလောင် (TNLA) တပ်ဖွဲ့များ ၂ နေရာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ယခုချိန် အစိုးရတပ်များသည် KIA တပ်ရင်း ၃၄ ဒေသတွင် စစ်အင်အား ၁၀၀၀ ကျော်လှုပ်ရှားနေပြီး KIA တပ်ရင်း ၈ ဒေသနှင့် KIA တပ်မဟာ (၃) နယ်မြေ၊ တိုက်ပွဲဖြစ်ပွားနေသော KIA တပ်ရင်း ၁၂ သို့ စစ်အင်အားများဆက်လက် တိုးချဲ့လာနိုင်ကြောင်း တပ်မဟာ (၄) အရာရှိများပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။