Wednesday, February 5, 2014

၅၃ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် မိုင်ဂျာယန်မြို့တွင် အားကစားပွဲကျင်းပ

(kachinwave)


၂၀၁၄ဖေဖော်ဝါရီ ၅ ရက်နေ့ တွင် ကျရောက် မည့် ၅၃ကြိမ်မြောက် ကချင်တော် လှန်ရေးနေ့ အထိမ်း အမှတ်နေ့ အနေဖြင့် မိုင်ဂျာယန်မြို့ရှိ အ.ထ.က ကျောင်း တွင် အားကစား ပွဲတော် အား ဖေဖော်ဝါရီ လ ၁ရက်နေ့မှ စ၍ ၅ရက်နေ့ အထိ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

"တော်လှန်ရေးနေ့ ကို အားလုံးအောက်မေ့ သ တိရအောင်ရော ဒီမှာ ရှိနေတဲ့ မိဘပြည်သူတွေနဲ့ စစ်ပြေးတွေရော ရင်းနှီးနွေးထွေး မူနဲ့ ပျော်ရွှင် ရအောင် ရည်ရွယ်ပြီး ကျင်းပ တာဖြစ်တယ်" ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးမွေဂျန်ယော်ထုန်ကပြောသည်။

ယမန်နှစ်များတွင် အားကစားပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပမူရှိသော်လည်း စစ်ဖြစ်ပြီးနောက်ပိုင်းတွင်မူ ကျင်းပနိုင်ခြင်းမရှိတော့ပေ။

"နိုင်ငံရေးအခြေနေမကောင်းတာကြောင့်ရော နယ်စပ်ဒေသမှာဖြစ်နေတာကြောင့်ရော အစစအရာရာ ကြောက်ရတယ်။ အခုလို အားကစားပွဲတွေလုပ်ပေးလို့အားလုံးလည်း ပိုပြီးရင်းနှီးပျော်ရွှင်ရတယ်"ဟု မိုင်ဂျာယန်မြို့ခံတစ်ဦးဖြစ်သူ ကိုဦဒီနော်ကပြောသည်။

အားကစားပွဲတော်တွင် ကလေး၊ လူငယ်၊ လူကြီး အသီးသီးပါဝင်ကာ လာရောက်ကြည့်ရှူ့သူအပါအ၀င် လူဦးရေသုံးရာကျော် လာရောက်အားပေးကြောင်းသိရသည်။

"လူငယ်တွေအတွက် မူးယစ်ဆေးဝါးတွေဆိုတာက အားကစားနဲ့သာ ကုစားလို့ရတာကြောင့် ခုလို အားကစားပွဲတွေကျင်းပပေးတာအရမ်းကောင်းတယ်"ဟု ကိုဦဒီနော်မှ ဆက်လက်ပြောသည်။

အားကစားပွဲတွင် ခြင်းလုံး၊ ကြက်တောင်၊ အမြင့်ခုန်၊ တာတို၊ တာရှည်၊ ပြေးခုန်ပစ်၊ အလျားခုန်၊ အမျိုးသမီးဘော်လီဘော်၊ ဘော်လုံး အစရှိသော အားကစားနည်းပေါင်း ၁၇ မျိုးပါဝင်ကြောင်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။