Tuesday, February 25, 2014

ပြည်ထောင်စု ဆိုတာ ပင်လုံ စာချုပ်က လာတယ်။ မြန်မာဘုရင်များ လက်ထက်က လာတာမဟုတ်။

(Kachin Duwa)

၂၀၀၈ အခြေခံ ဥပဒေ မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ရှိခဲ့တဲ့ သမိုင်းကို ဗမာ ဘုရင်များ လက်ထက်က သမိုင်းနဲ့ ဆွဲသွင်းခဲ့တယ်။

ဗမာ ဘုရင်များ လက်လက်က ဘယ်တော့ အခါမှ ပြည်ထောင်စု မဟုတ်ခဲ့ပါ။

ကချင်လူမျိုးတွေက ဗမာဆိုတဲ့ လူမျိုး မြင်တောင် မြင်ဖူးတာ မဟုတ်။ ဗမာ စကားလဲ ပြောတတ်တာ မဟုတ်။ ရှမ်းပြည်သားတွေ အခုထိ မန္တလေးဆင်းရင် ဗမာပြည်သွားမယ် လို့ ပြောကြတယ်။



ပြည်ထောင်စုမြန်မာနိုင်ငံတော်

 ဆိုတာ ပင်လုံစာချုပ်က လာတယ်။ ရှင်းရှင်း ပြောရရင် ၁၉ ၄၈ မှာ ပြည်ထောင်စု ကြီး ဖြစ်လာတယ်။

ပင်လုံစာချုပ်ဆိုတာ အတူတကွ ရှင်တွဲနေထိုင်ရေးမူ ဖြစ်တယ်။ တပြည် နဲ့ တပြည် စစ်ခင်းဖို့မဟုတ်၊ အုပ်ချုပ်ခံဖို့လဲ မဟုတ်ပါ။

သူ့ပြည်သူ အုပ်ချုပ်၊ ကိုယ့်ပြည်ကိုယ် အုပ်ချုပ်ဖို့ သဘောတူထားတာဖြစ်တယ်။ အခုမှ များလာတဲ့ လူမျိုးတွေကို ထည့်တွက်ကြေး ဆိုရင် နောင်တချိန် တရုတ်များလာရင် တရုတ် ပြည် အဖြစ်ခံမလား။ (အေးလေ.. အဲလို ဖြစ်ဖို့ စဉ်းစားနေတဲ့ လူတွေလဲ ဗမာ စစ်ခေါင်းဆောင်တွေမှာ ရှိကောင်း ရှိမှာပေါ့။)

အိမ်ရှင် ဆိုတာ တစ်ယောက်ပဲ ကျန်ကျန် အိမ်ရှင်ပါ။ ကျန်လူများက ဧည့်သည်များသာ ဖြစ်တယ်။ အိမ်ရှင် ကို လေးစားရမယ်။ ကချင်ပြည်မှာ လာအုပ်ချုပ်ပြီး ကချင်အလံ မကိုင်ရ၊ မရောင်းရ ဆိုရင်တော့ ခင်များတို့က တော်တော် လွန်သွားပြီ လို့ ပြောရမယ်။ အင်္ဂလိပ် ခေတ်တောင် ဗမာ အလံ၊ ကချင်အလံ သုံးနိုင်သေးတယ်၊ ဘာဖြစ်လို့ လွတ်လပ်တဲ့ ပြည်ထောင်စုထဲ ရောက်လာမှ ကချင်အလံ မသုံးရသလဲ?

1 comment:

  1. လူမျိုးတမျိုးက လူမျိုးတမျိုးကို လိမ်လည်ပြီး လွှမ်းမိုးချယ်လှယ်နေတာကို ကြိတ်မှိတ်ပြီး အသင် ဘယ်လောက်များ ငြိမ်ခံနိုင်မလဲ။ မဟန်ဆောင်ပါနဲ့။ ဘုရားသခင်ကလည်း မင်းဆိုးမင်းညစ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်သူ့ကိုမှ မနေစေချင်ဘူး။ ဘုရားသခင်က လူမျိုးတိုင်းကို ဖန်ဆင်းတယ်။ လူတိုင်းကို ရွေးချယ်ပိုင်ခွင့်ပေးသလို အုပ်စိုးပိုင်သခွင့်ကို ပေးတော်မူတယ်။ ကချင်လဲန်းကို ကချင်ကသာ အုပ်ချုပ်ရမယ်။ အဲဒါ ဧဒင်ဥယျာဉ်ကတည်းက ပေးထားတဲ့အခွင့်အရေးပဲ။ ကချင်ကို ဗမာက လာအုပ်ချုပ်တယ်ဆိုတာ ယာယီသာဖြစ်စေရမယ်။ ထာဝရမဖြစ်စေရ။ အသက်ရှင်သော ဘုရားသခင်ကို ကိုးကွယ်သူတွေ မြန်မာနိုင်ငံမှာ ရှိပါတယ်။ ချင်းလူမျိုးလည်း အသက်ရှင်တဲ့ဘုရားသခင်ကို ကိုးကွယ်တာပါ။ ချစ်သောကချင်လူမျိုးများခင်ဗျား- သင်တို့မှာ ညီအစ်ကိုတွေလည်းရှိပါတယ်။ အဲဒါထက်ပိုမို တန်ခိုးကြီးတဲ့ ဖန်ဆင်းရှင် ဘုရားသခင်ဟာ သင်တို့နှင့် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် အမြဲရှိတော်မူလိမ့်မယ်။ ဘုရားသခင်ကိုလည်း ယုံကြည်ပါ။ သူ့ရဲ့ နှုတ်ကပါတ်တော်ကိုလည်း ယုံကြည်ပါ။ အာမင်။

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။