Monday, February 3, 2014

မိုးကုတ်တွင် တိုက်ပွဲဖြစ်ပွားရာ မြန်မာစစ်ကြောင်းဘက်မှ ထိခိုက်ဒဏ်ရာရသည့်အပြင် စစ်လက်နက်များပါ ဆုံးရှူံး

Monday, 03 February 2014

ရှမ်းပြည် နယ်မြောက် ပိုင်း ကျောက်မဲ ခရိုင်နှင့် မန္တလေး တိုင်း ဒေသကြီး အတွင်း ဖြစ်သော မိုးကုတ်မြို့နယ် အစပ် အေးသာ ယာကျေးရွာ တွင် စခန်းသိမ်း တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

မြန်မာ အစိုးရ ၏ တပ်ရင်း (၂၂၅) လက်အောက် ခံ တပ်ခွဲ (၄) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၇၁၇) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်။ ဖေဖော်ဝါရီလ (၃) ရက်နေ့  နံနက်ပိုင်း (၆) နာရီမှ (၇) နာရီခွဲ အထိ တစ်နာရီ ခွဲကျော်ခန့်  အပြန် အလှန် ပစ် ခတ်ခဲ့ ကြကြောင်း သိရ သည်။

ဖြစ်ပွားပုံမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်သည် မိုးကုတ်မြို့နယ်တွင် မူးယစ်တိုက်ဖျက်ရေး ပညာပေး လှည့်လည်ဟောပြောအပြီး နောက်တစ်ရက် ခရီးဆက်ရန် ပြင်ဆင်နေစဉ်အချိန်၌ မြန်မာစစ်တပ်ဘက်မှ တအာင်းတပ် အခြေချသည့်နေရာမှ ခရီးစတင်မထွက်ခွာမှီ အချိန်အတွင်း ၀ိုင်းရံပစ်ခတ်ခံရခြင်း ဖြစ်သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ ပြန်လည် ခုခံပစ်ခတ်ရာ မြန်မာတပ်ဘက်မှ တပ်ကြပ်ကြီး တစ်ဦး ကျဆုံးကာ ရဲဘော် ၁၂ ဦးခန့်  ထိခိုက် ဒဏ်ရာ ရရှိသွားကြကြောင်း (၇၁၇) တပ်မှူး၏ ပြောပြချက်အရ သိရှိရပါသည်။

တအာင်းတပ်ဘက်တွင် ထိခိုက် ဒဏ်ရာရ ကျဆုံးသူမရှိကြောင်းလည်း သိရှိရပါသည်။ ယင်းတိုက်ပွဲတွင် တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် မှစစ်ရေး အသာစီးရပြီး တိုက်ပွဲ အပြီး၌ မြန်မာတပ်ဘက်မှ ပြောင်းကျယ် လက်နက် (၁)လက်၊ လက်ထောက်ဗုံး(၁၂) လုံး၊ ကျည်အပြည့်ပါသော ကျည်ကပ်အိမ် (၆)ကပ်၊ စကားပြောစက်(၁)လုံး၊ အီကွီတ်မန့်  (၁) စုံ၊ယူနီဖောင်း (၁) စုံ၊လက်ပါတ်နာရီ (၁) လုံးနှင့် တစ်မတ်သားခန့် ရှိသော ရွှေလက်စွပ်(၁) ကွင်း၊ လက်ပစ်ဗုံး (၁) လုံး တို့ ကို သိမ်းယူ လိုက်နိုင်ခဲ့ကြောင်း (၇၁၇) တပ်မှူး ၏ပြောပြချက်အရ သိရပါသည်။

Copy from - TSYO

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။