Saturday, February 22, 2014

လိုင်ဇာမြို့ဝန်းကျင်တွင် အစိုးရတပ် အင်အားတိုးချဲ့

ဖေဖော်ဝါရီ ၂၀ ရက်တွင် မြစ်ကြီးနားမြို့ကို ဖြတ်သန်းသွားစဉ် ဓာတ်ပုံ - မရန်
ကေအိုင်အို ဗဟိုဌာန ချုပ် တည်ရှိရာ လိုင်ဇာမြို့ ၀န်းကျင်တွင် အစိုးရ တပ် ဘက်မှ အင်အား တိုးချဲ့နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက မြစ်ကြီးနားမြို့မှ ၀ိုင်းမော်မြို့ဘက်သို့ အစိုးရ တပ်မှ ကားအစီး ခုနစ်ဆယ် ခန့် အင်အားအပြည့်ဖြင့် တက် သွားခဲ့ပြီး ဆွန်ပရာ ဘွမ်မြို့ဘက် သို့လည်း စစ်ကား အစီး ရှစ်ဆယ်နှင့် တစ်ရာကြား တက်သွား ခဲ့ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များ ကပြောသည်။


ယင်းကိစ္စနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ““ကျွန်တော်တို့မှာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ပုံမှန်လုပ်ဆောင်နေတဲ့အလုပ်တွေရှိတယ်။ ဒါတွေကို ဆောင်ရွက်တာပါ။ အခြား ဘာမှလုပ်တာမဟုတ်ဘူး””ဟု ထိပ်တန်းတပ်မတော်အရာရှိတစ်ဦးကဖြေကြားခဲ့သည်။

ဒေသတွင်းအဖွဲ့အစည်းများက အစိုးရဘက်မှ အင်အားတိုးချဲ့နေခြင်းကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ် ကြောင်းပြောသည်။

၂၀၁၄တွင် အစိုးရတပ်နှင့်ကေအိုင်အေတို့ကြား တိုက်ပွဲပေါင်း အကြိမ် သုံးဆယ်ခန့်  ပြန်လည်ဖြစ်ပွားခဲ့ပြီး ပြည်ထောင်စုနေ့နောက်ပိုင်း အခြေအနေငြိမ်သက်နေသည်။

Author: အောင်ခိုင်
7day Daily

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။