Thursday, February 27, 2014

မြန်မာနိုင်ငံသစ်ကို စမ်းသပ်လိုက်တဲ့ မြစ်ဆုံအငြင်းပွားမှု

(Mizzima)

မြန်မာနိုင်ငံ မြောက်ပိုင်းမြို့လေးရဲ့ စိမ်းစိုနေတဲ့ တောင်ကုန်းတွေကြားက ကန် ဒေါ်လာ ၃ ဒသမ ၆ သန်း တန် မြစ်ဆုံစီမံကိန်းနေရာဟာ လူသူမရှိ တိတ်ဆိတ် ငြိမ်သက်နေပါတယ်။ ဒါပေမဲ့လည်း မြစ်ဆုံရဲ့ အနာ ဂတ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကတော့ ကျယ်လောင်လာခဲ့ပါပြီ။ မြစ်ဆုံaကြာင့် ပေါ်ပေါက်လာမယ့် သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှုတွေကို စိုးရိမ်တဲ့aဒသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ယင်းကို ထာဝရရပ်ဆိုင်းသွားစေဖို့ တိုက်ပွဲ ဝင်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်လူမျိုး ရင်းနှီးမြှုပ်နှံသူတွေ ကလည်း မြစ်ဆုံတည်ဆောက်ရေးကို ပြန်စဖို့အတွက် တွန်းအား ပေးနေပါတယ်။

 
ယခုလိုအငြင်းပွားမှုက မြန်မာအစိုးရကို ဘေးကျပ်နံကျပ် ဖြစ်စေပါတယ်။ မြန်မာ အစိုးရအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေနဲ့ပြုလုပ်တဲ့ စာချုပ်ကို လေးစားလိုက်နာ လိုပေမယ့်လည်း နိုင်ငံသားတွေရဲ့ စိုးရိမ်မှုကို တုံ့ပြန်တဲ့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေ ပေါ်ပေါက်နေပြီဆိုတာကို သက်သေပြဖို့ လိုအပ်နေတဲ့ ဖိ အားတစ်ခုအောက်မှာ ရောက်ရှိနေပါတယ်။

ယခုအချိန်မှာဆိုရင် ယင်းကိစ္စဟာ ပြည်တွင်း အာဏာလွန်ဆွဲပွဲ တစ်ခုအသွင်ကို ကူးပြောင်းနေပါတယ်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံ နဲ့ပတ်သက်တဲ့ မတည်ငြိမ်မှုကို အကြောင်း ပြုပြီး လက်ရှိအစိုးရအပေါ်မှာ တာဝန်ယူလိုစိတ် မရှိတာတွေနဲ့ ဝေဖန်ထောက်ပြတာတွေကို လုပ်နေပါ တယ်။

လွန်ခဲ့တဲ့လ ကရင်ပြည်နယ် ခရီးစဉ်အတွင်းမှာ “မြစ်ဆုံစီမံချက်နဲ့ ပတ်သက်တဲ့ မေးခွန်းကို သမ္မတကိုသာ မေးသင့်ပါတယ်” လို့ ဒေါ်စုက ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့ စီမံချက်နဲ့ပတ်သက်တဲ့ သူ့ရဲ့ ရပ်တည်ချက် ကိုတော့ ရှင်းမပြခဲ့ပါဘူး။

ထို့အတူ လက်ရှိအစိုးရအနေနဲ့ မြစ်ဆုံအရေးကို ဆုံးဖြတ်ချက်ချဖို့အတွက် “တွန့် ဆုတ်နေတယ်” လို့လည်း ဇန်နဝါရီလအတွင်းက မြန်မာမီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။ စီမံကိန်း တည်ဆောက်သူတွေကလည်း စီမံချက်ကြောင့် တစ်နှစ်ကိုသန်း ၅ဝ လောက် ဆုံးရှုံးနေရတယ်လို့ ဆိုနေပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ သူ့ရဲ့သက်တမ်းအတွင်းမှာ မြစ်ဆုံကို ပြန်စမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။ အခုလို ရပ်တန့်ထားခြင်းက မြန်မာဟာ ပြုပြင်ပြောင်းလဲရေးကို အလေးထားတယ်ဆိုတာကို အနောက် နိုင်ငံတွေ သိရှိစေခြင်းပါပဲ။ ဒါပေမဲ့လည်း ဒီလုပ်ရပ်ဟာ အရှည်သဖြင့် မဟာမိတ်ပြုခဲ့တဲ့ တရုတ်နဲ့ လက်ရှိ အစိုးရသစ် အကြားဆက်ဆံရေးကို ကမောက်ကမ ဖြစ်စေခဲ့ပါတယ်။ စီမံကိန်း အကောင်အထည် ဖော်သူ တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ကတော့ ၂ဝ၁၅ ခုနှစ်မှာ အစိုးရသစ်တက်လာ ပြီးနောက် စီမံကိန်းပြန်စဖို့ မျှော်လင့်နေပါတယ်။

ရေအားလျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံရဲ့ ၂ဝ၁၁ ဂျီဒီပီထက်သာလွန်တဲ့ အခွန်ငွေ ကန်ဒေါ်လာ ၅၄ ဘီလီယံ ရရှိခြင်းကြောင့် လျင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးနိုင်ပေမယ့် နည်းပါးတဲ့ မြေယာလျော်ကြေးတွေနဲ့ ကိုယ်ပိုင် မြေယာစွန့်လွှတ်ခဲ့ရသူတွေကတော့ ဆည်တည်ဆောက် သူတွေအပေါ်မှာ သံသယ ရှိနေကြပါတယ်။ မြစ်ဆုံကို ပြန်လည်စတင်ခြင်းက နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်းမှာ ထွန်းတောက်ကြယ်ဆိုတဲ့ ဂုဏ်သတင်းကို ရုတ်လျော့စေမှာဖြစ်ပါတယ်။အရင်ကကမ္ဘာ့အသိုင်း အဝိုင်းမှာ အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကြောင့် ချီးမွမ်းထောမနာပြု ခြင်း ခံနေရသူပါ။ မြစ်ဆုံကို ရပ်တန့်ပြီးနောက် မြန်မာနိုင်ငံတွင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာ ရီကလင်တန် ရောက်ရှိလာပါတယ်။

နိုင်ငံရေးအကျဉ်းသား အများစုကိုလည်း လွှတ်ပေးခဲ့ပါတယ်။ ထို့အတူ တက်ကြွလှုပ်ရှားသူတွေကလည်း အစိုးရမူဝါဒတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ဆယ်စုနှစ် ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်နေကြပါတယ်။ ရင်းနှီးမြှုပ်နှံသူ တော်တော်များများကလည်း မြန်မာနိုင်ငံဟာ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းကအစ ရေနံနဲ့သဘာဝဓာတ်ငွေ့အထိ အရာရာတိုင်းအတွက် အခြေချရမယ့် နေ ရာတစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်။

ဒါပေမဲ့လည်း မြစ်ဆုံစီမံကိန်းကို ဆက်လက်ရပ်တန့်ခြင်းက မြန်မာနိုင်ငံရဲ့ တရုတ်နဲ့ ဆက်ဆံရေးကို ထိ ခိုက်စေနိုင်ပါတယ်။ ၂ဝ၁၁ ခုနှစ်ကတည်းက စတင်ပြီး တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ကလည်း သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်နဲ့ ၂ဝ၁၁ ခုနှစ်အကြားမှာ ကန်ဒေါ်လာ ၁၂ ဘီလီယံ ရှိခဲ့ရာကနေ ၂ဝ၁၂ ခုနှစ်နဲ့ ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ကန်ဒေါ်လာ ၄ဝ၇ သန်းပဲ ရှိခဲ့ပါ တော့တယ်။

“မြစ်ဆုံဟာ မြန်မာနဲ့တရုတ်အစိုးရ နှစ်ရပ်စလုံးအတွက် အရေးကြီးတဲ့ စီမံချက် တစ်ရပ် ဖြစ်ပါတယ်” လို့ CPI မန်နေးဂျင်း ဒါရိုက်တာ Li Guanghua က အင်တာဗျူး တစ်ခုမှာ ပြောခဲ့ပါတယ်။ မြစ်ဆုံဟာ အကျိုး အမြတ်ရှိတဲ့ စီမံကိန်းတစ်ခု ဖြစ်တယ်ဆိုတာကို မစ္စတာလီအပါအဝင် CPI ရဲ့ တခြား အမှုဆောင်တွေက မြန်မာအစိုးရ အာဏာပိုင်တွေ၊ ဒေသခံတွေနဲ့ အခြား ပါဝင်ပတ်သက်သူတွေကို ယုံကြည်လာစေဖို့ အတွက် လပေါင်းများစွာ ကြိုးစားပြီးပါပြီ။


ဒီဇင်ဘာလနှောင်းပိုင်းမှာတော့ စီမံကိန်းဟာ ကြီးမားတဲ့ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေကို ဖြစ်စေမှာ မဟုတ်ဘူးလို့ ဆိုထားတဲ့ ပထမဆုံးသော လူမှုတာဝန်ခံရေး အစီရင်ခံစာကို CPI က ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနဲ့ အေးရှားဝေါလ် စီးပွားရေးလုပ်ငန်းစုတို့ အပါအဝင် CPI က ကြီးမှူး စီစဉ်တဲ့ အဲဒီအစီရင်ခံစာမှာ မြစ်ဆုံကနေတစ်ဆင့် အလုပ်အကိုင် ပေါင်း ၄ဝ,ဝဝဝ လောက် ဖန်တီးနိုင်လိမ့် မယ်လို့လည်း ဆိုထားပါတယ်။

စီမံကိန်း တည်ဆောက်ခြင်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရသူတွေကို နစ်နာကြေးပေးတဲ့အနေနဲ့ တစ်အိမ် ထောင်ကို ကျပ်တစ်သိန်းနှုန်းပေးခဲ့ပြီး မြစ်ဆုံအနီးမှာ စံပြကျေးရွာတွေလည်း တည်ဆောက်ပေးခဲ့ပါတယ်။ အစောပိုင်းမှာ အိမ်ခြေပေါင်းသုံးရာလောက်ကို ရွှေ့ပြောင်းပေးခဲ့ရပြီး စီမံကိန်း ပြန်လည်စတင်ပါကနောက် ထပ် ၁၅,ဝဝဝ လောက်ကိုလည်း ထပ်မံရွှေ့ပြောင်းပေးရမှာကိုဒေသခံတွေက စိုးရိမ်နေပါတယ်။ CPIကိုယ် စားလှယ်တွေကလည်း သူတို့အနေနဲ့ အလုပ်သမားတွေကို သူတို့ရဲ့ အရည်အသွေးတွေ မြှင့်တင်ပေးမယ် လို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒေသခံအများစုနဲ့ လူမှု အဖွဲ့အစည်းတွေကတော့ လက်ခံခြင်း မရှိသေးပါဘူး။ “သူတို့က နစ်နာကြေးပေးတာကို ကျွန်တော်တို့ မလိုချင်ပါဘူး” လို့ ကချင်ပြည်နယ်က လူမှုရေးလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ Dau Nyoi က ဆိုပါတယ်။

“ပိုက်ဆံက ရက်ပိုင်းအတွင်းမှာ ကုန်သွားမှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ စားဝတ်နေရေးကို သူတို့ယူ ဆောင်သွားမယ့်ကိစ္စပဲ ဖြစ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

ဒီစီမံကိန်းကြောင့် စိုက်ပျိုးရေးအပေါ်မှာ အဓိကမှီခိုနေရတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ မြေသြဇာကောင်းမွန်တဲ့ မြေယာတွေကို ဆုံးရှုံးရလိမ့်မယ်လို့ Dau Nyoi နဲ့ တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။ ဒါ့အပြင် စီမံ ကိန်းကထွက်ရှိမယ့် လျှပ်စစ်ပမာဏ ၉ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ပေးပို့ပြီး ဒေသ တွင်းမှာ ရေလွှမ်းမိုးမှုဖြစ်လာနိုင်တဲ့ ကိစ္စအပေါ်မှာလည်း ကချင်ဒေသခံတွေက မကျေနပ်ကြပါဘူး။

ဒါပေမဲ့လည်း CPI ကတော့ နှစ်စဉ် လျှပ်စစ်ဓာတ်အား ၂၁ ဂစ်ဂါဝပ် ထုတ်လုပ်နိုင်မယ့် စီမံကိန်းက အခြေခံ အဆောက်အအုံချို့တဲ့တဲ့ မြန်မာရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံလောက်မှာ ရေအားလျှပ်စစ် စီမံကိန်းတွေ ဆောက်လုပ်ခဲ့ပါ တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကြုံရသလိုမျိုး မကြုံတွေ့ရသေးပါဘူး”လို့ CPI ရဲ့ မစ္စတာ Li က ဆိုပါတယ်။

“လျှပ်စစ်ဓာတ်အား မရှိဘဲနဲ့တော့ ဖွံ့ဖြိုးတိုးတက်မှု သို့မဟုတ် နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုဆိုတာ ရှိလာမှာ မဟုတ်ပါဘူး” လို့လည်း သူက ဆိုထားပါတယ်။

(ဤဆောင်းပါးမှာ Wall Street Journal ၏ အွန်လိုင်းစာမျက်နှာပေါ်တွင် ဖော်ပြထားသည့် Shibani Mahtani ၏ “Dispute Over Dam Tests New Myanmar” ၏ဆောင်းပါးကို ဆီ လျော်သလို ကောက်နုတ်ဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။