Tuesday, February 11, 2014

တရုတ်ပြည်သို့ပို့သည့် သစ်များသည် အစိုးရ ထိန်းချုပ်နယ်မြေမှ သစ်များသာဖြစ်ကြောင်း ကေအိုင်အိုဆို

(Kachin Waves)

ကေအိုင်အေ နှင့် စစ် မကြာခဏ ဖြစ်ရ သည့် အကြောင်းအရင်းမှာ သစ်မှောင်ခို လမ်းကြောင်း ရှင်းတဲ့ အခါ ကေအိုင် အို အောက်ခြေက စစ်သားတွေက လိုက်လိုက် တိုက်လို့ ဖြစ်တယ် လို့ မြောက်ပိုင်းတိုင်းမှ ဆိုပါတယ်။
ရဲတွေ မလုပ်နိုင် သည့် အတွက် စစ်တပ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း လည်းဆိုသည်။

စစ်တပ်ဘက်က အင်းအားသုံးပြီး လိုက်တိုက်တယ်ဆိုတာလည်း မဟုတ်ကြောင်း ထိုးစစ်ဆင်ခြင်းလည်း မဟုတ်ကြောင်း ကေအိုင်အိုမှသာ စတိုက်တဲ့အတွက် တိုက်ရခြင်းဖြစ်ကြောင်းဆိုသည်။


ကေအိုင်အိုဘက်မှလည်း ယခု လမ်းကြောင်း ထဲ ရောက်နေတဲ့ သစ်များ အစိုးရ ထိန်းချုပ်နယ်မြေဖြစ်သော စစ်ကိုင်းတိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်း မှ သစ်များဖြစ်ပြီး အစိုးရမှ သစ်မှောင်ခိုရှင်းလင်းချင်ရင် အစိုးရ ထိန်းချုပ်နယ်မြေမှာ လမ်းကြောင်းပိတ် ဖမ်းစီးလို့ရကြောင်း ဆိုသည်။

သစ်များ စတင်သယ်ဆောင်ရာ နေရာတွင် ကေအိုင်အေ စစ်သားမရှိကြောင်းနှင့် အစိုးရမှ သစ်မှောင်ခို ပိတ်ချင်ရင် ဘယ်နည်းနဲ့ မဆို ပိတ်နိုင်ကြောင်းလည်းဆိုသည်။

အစိုးရတပ်မှ အင်အားသုံးကာ ကေအိုင်အေ စခန်းငယ်များအား လိုက်တိုက်ခိုက် သိမ်းဆည်းခြင်းသက်သက်သာဖြစ်ကြောင်း ကေအိုင်အေမှဆိုသည်။

သစ်မှောင်ခိုအကြောင်း ပြပြီး အစိုးရနှင့် ကေအိုင်အေ ၂၀၁၄ တွင် တိုင်းပွဲပေါင်း အကြိမ် ၂၀ ကျော် ပြန်လည် ဖြစ်ပွားပြီဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။