Friday, February 14, 2014

မြစ်ကြီးနားမြို့နယ် နန့်ကွေ့ကျေးရွာ မှ တောင်သူ (၅) ဦးအား ရဲများမှဖမ်းဆီး

 (Kachin Waves)

နန်ကွေ့ကျေးရွာမှ တောင်သူ (၅) ဦး ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင် မြစ်ကြီးနား မြို့နယ် အမှတ်(၁) ရဲစခန်းမှဆင့်ခေါ်ကာ ခိုးမှု၊ ကျူး ကျော်မှုဖြင့် ဖမ်းစည်းကာ ထောင်ချုပ်ဖမ်းဆီး လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါတောင်သူ(၅) ဦးသည် ၎င်းတို့မြေဧက (၆၁၈၀)ကို ပြန်ရအောင်ကြိုးစားနေသည့် တောင်သူ (၁၃၅) ယောက်မှ ဖြစ်သည်။ ၎င်းတို့ ပြန်ရအောင်ကြိုးစားနေသည့် မြေဧက (၆၁၈၀) တွေ ယခု ၎င်းတို့အား တရားစွဲသည့် လဂရောင်မိးသားစု ကုမ္ပဏီ၏ မြေဧက (၁၂၀၀) ပါဝင်သည်။


ထိုကုမ္ပဏီမှ ဒေသခံများသွားရာလမ်းကြောင်း(၃)ခုအား ဘက်ဖော်ကားကြီးများဖြင့် ဖျက်စီးခဲ့ကြပြီး ထိုကဲ့သို့ မပျက်စီးရန် ဒေသခံများ ကုမ္ပဏီအား အကြိမ်ကြိမ် ပြောဆိုသော်လည်း လမ်းအား ဆက်လက်ဖျက်စီးနေသည့်အတွက် ဒေသခံတောင်သူများမှ ဘက်ဖိုး hidrolic ပိုက်အား ဖြုတ်ကာ ဖြုတ်ပြီးပြီးခြင်း နန့်ကွေ့အုပ်ချုပ်ရေးမှူးအား သွားရောက်အပ်နှံခဲ့ကြောင်း တောင်သူတစ်ဦးမှဆိုသည်။

အုပ်ချုပ်ရေးမှူးမှလည်း ဖြုတ်ပြီးနောက်နေ့ မနက်တွင် ကုမ္ပဏီအား ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်းတောင်သူ တစ်ဦးမှဆက်လက်ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ကုမ္ပဏီမှ တောင်သူများအား ခိုးမှု၊ ကျူးကျော်မှု ပုဒ်မ (၄၄၇၊ ၄၄၁၊ ၃၇၉) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်းလည်း တောင်သူများမှဆိုသည်။

“လမ်း(၃) ခုတောင်ဘက်ဖိုးနဲ့ ဖျက်စီးပေးလိုက်တာ။ အစကပြောရင်တော့ ပြန်လုပ်ပေးမယ်လို့ပြောတယ်။ လမ်းသွားလမ်းလာ အရန်းခက်လာလို့ သူတို့ကို ကောင်းကောင်းသွားပြောတယ် လမ်းမတိုးပေးဖို့။ ကုမ္ပဏီမှ ပိုင်သည့် ဧက (၁၂၀၀) မှာ (၅) ဧကလောက်ပဲ စိုက်ထားတယ်။”ဟု တောင်သူတစ်ဦးမှဆိုသည်။

ဖမ်းစီးခံရသည့် တောင်သူများသည် အသက် ၅၀ ကျော်မှ ၈၈ အရွယ်ရှိသော တောင်သူများဖြစ်ကြသည်။ ဖမ်းစီးခံရသည့် (၅) ဦးသည် တောင်သူအဖွဲ့မှခေါင်းဆောင် ဦးဂျေခေါင်အပါအ၀င် ဦးအောင်မိုင်၊ ဦးဒေါင်ဇယ်၊ဦးယိမ်းဘောမ် နှင့် ဦး ဇယ်ဇောင်းတို့ဖြစ်ကြသည်။

“ဒါဟာ မတရား မှားယွင်း စွပ်စွဲပြီး ခိုးမှုနဲ့ ဖမ်းစီတယ်။ ခိုးမှုမဟုတ်ဘူး မတရားစွပ်စွဲ ဖမ်းခံရတာပဲ။ဖမ်းခံရတဲ့ တောင်သူတွေထဲမှာ အသက် (၈၈) အရွယ်လည်းပါတယ်။ အလုံးက အသက်ကြီးတဲ့ သူတွေကြီးပဲ။ ”ဟုဖမ်းခံရတောင်သူများ၏ ရှေ့နေ ဦးမုန်ဆိုင်းတူးမှဆိုသည်။

ယခုတောင်သူများ၏ ဖေဖော်ဝါရီ (၁၈) ရက်နေ့တွင် ရုံးချိန်းထားကြောင်းလည်း ရှေ့နေမှဆိုသည်။

တောင်သူများသည့် ထိုလေယာမြေကို ပြန်လည်ရရှိအောင် နေပြည်တော်မြေယာကော်မတီတွင် စာတင်ထားကြောင်းလည်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။