Wednesday, January 8, 2014

မြစ်ကြီးနားတွင် EITI ပထမဆုံး အလုပ်ရုံးဆွေးနွေးပွဲ ပြုလုပ်

(Kachin waves)

လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ကချင်ပြည်နယ်မှ လူမှုအဖွဲ့အစည်းများမှလည်း ပါဝင်နိုင်ရန် ကချင်ပြည်နယ်ကို ကိုယ်စားပြုသော EITI ဆိုင်ရာ ကိုယ်စားလှယ် ရွေးချယ်နိုင်ရန် ဇန်န၀ါရီလ ၈ ရက်နေ့မှစပြီး မြစ်ကြီးနားတွင် EITI ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပလျှက်ရှိသည်။

ကချင်ပြည်နယ်တွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများမှ ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ သီသာရပ်ကွက်ရှိ အင်္ဂလီကန်ခန်းမဆောင်တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ၈ ရက်နှင့် ၉ ရက် ( ၂ )ရက်သာ ကျင်းပသွားမည်ဖြစ်သည်။


ယခုအချိန်တွင် မြန်မာနိုင်ငံတော်မှအစိုးရ အနေနှင့် သဘာဝ သံယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာရေး ဆောင်ရွက်မှု (EITI) အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်မြောက်ရန် လုပ်ဆောင်နေသည့် အချိန်လည်းဖြစ်သည်။ ထိုသို့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာရန် အစိုးရ၊ ကုမ္ပဏီ နှင့် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုသော ညွန့်ပေါင်းအဖွဲ့ (Multi stateholder Group- MSG) တစ်ဖွဲ့ လိုအပ်သည်။

ထိုကြောင့် ထိုညွန့်ပေါင်းအဖွဲ့တွင် လူမှုအဖွဲ့လအစည်းများဘက်မှ ပါဝင်နိုင်ရန် ၊ EITI အကြောင်းအရာများ ပိုမိုလေ့လာသိရှိစေရန် နှင့် ၎င်း နှင့် သက်ဆိုင်သော လုပ်ဆောင်သင့် သော လုပ်ငန်းများ ဆက်လက် အကောင် အထည်ဖော် ဆောင် ရွက်သွားရန် ယခုကဲ့သို့ ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်းလည်း ပွဲ စီစဉ်သူ တစ်ဦးမှဆိုသည်။
ကချင်ပြည်နယ်တွင် ပထမဆုံး ပြုလုပ်သော EITI ဆွေးနွေးပွဲလည်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။