Friday, January 24, 2014
အစိုးရ ငြိမ်းချမ်းရေး စာချုပ်ထဲတွင် ပဋိပက္ခကို ဖေါ်ပြပုံ လွဲချော်ခြင်း။
ဦးအောင်ထူး(ရှေ့နေ)
ငြိမ်းချမ်းရေး စစ်တမ်း (၃)။ စတုတ္ထပိုင်း - အစိုးရငြိမ်းချမ်းရေးစာချုပ်တွင် ပဋိပက္ခကို ဖေါ်ပြပုံ လွဲချော်ခြင်း။
    စတုတ္ထပိုင်း
                                  အစိုးရငြိမ်းချမ်းရေးစာချုပ်တွင်ပိပက္ခကို ဖေါ်ပြပုံ လွဲချော်ခြင်း
 အစိုးရ အဆိုပြု စာချုပ်၏ ခေါင်းစဉ် တွင်ပြည်ထောင် စုသမ္မတ မြန် မာနိုင် ငံတော်နှင့် လက်နက် ကိုင်တိုင်း ရင်းသားအဖွဲ့အစည်း များအကြား ------- သဘော တူစာချုပ်ဟု ဖေါ်ပြထား သည်။ယင်းမှာ ဥပဒေ သဘောအရ လွဲချော်နေ ပါသည်။ နိုင်ငံတော်ဟူသည့် ဝေါဟာရပါရှိသောကြောင့်ဖြစ်သည်။  ပြည်တွင်း စစ် တွင် ဘက်နှစ် ဘက်ရှိ သည်။ တဘက် တွင်အာဏာရ အစိုး ရဖြစ်၍ အခြားတ ဘက်တွင် (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအပါအ၀င်) အစိုးရ ကိုဆန့်ကျင် တိုက်ပွဲဝင် ခဲ့သည့် လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း များဖြစ် သည်။ ၄င်းတို့ သည်နိုင်ငံတော် ကို ဆန့်ကျင်နေခြင်း မဟုတ်။အစိုးရကို ဆန့် ကျင် တိုက်ပွဲ ၀င်ခဲ့၊ ၀င်နေခြင်း သာဖြစ်သည်။ 
နိုင်ငံတကာ ဥပဒေ အရ နိုင်ငံ (State) ဟူရာတွင် လူထု၊ နယ်မြေ၊ အစိုးရနှင့် အချုပ် အခြာ အာဏာ တို့ ပါဝင်သည်။ လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အ စည်း များသည် သက်ဆိုင်ရာ မိမိတို့ လူထု ကို မိမိတို့ ဆန့် ကျင်နေခြင်း မဟုတ်။ နယ်မြေ ကိုသော် လည်းကောင်း၊ အချုပ်အခြာ အာဏာ ကိုသော် လည်းကောင်း ဖျက် ဆီးနေခြင်း မဟုတ်။ ၄င်းတို့ သည် မိမိတို့ ၏ လူထုနှင့် လည်းကောင်း၊ နယ်မြေနှင့် လည်းကောင်း၊ (လူထုထံမှ ဆင်းသက် လာသော) အချုပ် အခြာ အာဏာနှင့် လည်းကောင်း ပဋိပက္ခဖြစ် နေခြင်း မဟုတ်။ အုပ်စိုးသူ အစိုးရ အဆက်ဆက် နှင့်သာ ပဋိပက္ခ ဖြစ်နေခြင်း ဖြစ်သည်။  
 နိုင်ငံတော် ဟူသော အမည်ကို အသုံးပြုပြီး စာချုပ် ရန်မှာ နိုင်ငံ တကာ ဥပဒေ အရ နိုင်ငံ တနိုင်ငံနှင့် အခြား တနိုင်ငံ အကြား (သို့ မဟုတ်) နိုင်ငံအများ အကြား ချုပ်ဆိုသော စာချုပ်များ တွင်သာ ဖြစ်သည်။ စာချုပ် စာတမ်း များ ဥပဒေ ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း[1] ကို လေ့လာနိုင်သည်။
 ယခု စာချုပ် သည် မြန် မာနိုင်ငံနှင့် အခြားနိုင်ငံ တခုခု (သို့မဟုတ်)  မြန်မာနိုင် ငံပြင်ပ မှ အခြား အဖွဲ့ အစည်း တရပ်ရပ် တို့ ချုပ်ဆိုသည့် စာချုပ် မဟုတ် ။မြန် မာနိုင်ငံ အစိုး ရနှင့် မြန်မာနိုင်ငံ အတွင်းမှာ ပင်ရှိနေ သည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်းများ အကြား ချုပ်ဆိုသည့် စာချုပ်ဖြစ် သည်။ သို့ဖြစ်၍ စာ ချုပ်ဝင်[2]များ အနေဖြင့် ဘက်တ ဘက်တွင် အစိုးရ ရှိပြီး အခြားဘက် တဘက် တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များရှိရ ပါမည်။ ပဋိပက္ခ ၏ ဘက် နှစ်ဘက် ချုပ်ဆိုကြသည့် စာချုပ် ဖြစ်ပါမှ လည်း စာချုပ်သည် ဥပဒေ သဘောအရ သဘာဝ ကျပါမည်။ ထိုနည်း အတိုင်းပင် အင်ဒိုနီး ရှားနိုင်ငံ၌ အင်ဒို နီးရှား အစိုး ရနှင့် အာချေး လွတ်မြောက်ရေး အဖွဲ့ (Free Aceh Movement)[3] တို့သည် လည်းကောင်း၊ ဗြိတိ သျှနိုင်ငံ တွင်ဗြိတိသျှ အစိုး ရနှင့် မြောက်ပိုင်း အိုင်ယာလန် တို့သည် လည်းကောင်း၊[4]  ဆီအာရာလီ ယွန်း တွင် ဆီအာရာ လီယွန်း အစိုးရနှင့် The Revolutionary United Front of Sierra Leone (RUF/SL) တို့သည် လည်းကောင်း[5] စာချုပ်ဝင် များ အနေဖြင့် သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့ကြ သည်။
အစိုးရသည် မိမိကိုယ် ကို  နိုင်ငံ[6] ဟူ၍ ခံယူကာ အပေါ်စီး မှ ယူနေသမျှ ကာလ ပတ်လုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မည်သည့် အခါတွင်မျှ  မအောင်မြင်နိုင်။ ၁၉၆၃ ခုနှစ် တွင် မြန်မာနိုင် ငံ၌ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ကျင်းပခဲ့ရာ တွင် လည်း ဗိုလ်ချုပ်နေ ၀င်း ခေါင်းဆောင်သည့် တော်လှန်  ရေး ကောင် စီသည် အစိုးရ အနေဖြင့် သာ ဆွေးနွေး ခဲ့သည်။ ဦးသိန်းစိန် အစိုးရ သည် မိမိကိုယ် ကို နိုင်ငံတော် [7] ဟူသောဝေါဟာ ရ ကို အသုံးပြု ကာ ဆွေးနွေးပွဲ များအား အထက်စီး မှနေ၍ မချဉ်းကပ် သင့်ပါ။
၂၀၁၃ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ ၌ လက်မှတ်ရေး ထိုး အတည်ပြု ခဲ့ကြသည့် လိုင်ဇာ တိုင်းရင်းသား ညီလာခံ အခြေခံမူ များတွင် တန်း တူညီမျှမှု ဟူသည့် အချက် တရပ်ပါဝင် သည်။ ယင်းမှာ မျက်မှောက် ကာလ ငြိမ်းချမ်း မှုရှာဖွေနေ သည့်ဖြစ် စဉ်များ တွင် လည်းကောင်း၊ နောင်တွင် ဆက်လက် တည်ဆောက် သွားမည့် ဖက်ဒရယ်  ပြည်ထောင်စု တွင်လည်းကောင်း အကျုံးဝင် သည်။ မျက်မှောက် တွင် တန်းတူညီ မျှမှု အခြေခံဖြင့် ဖေါ်ဆောင်ခွင့် မရလျှင် နောင် တည် ဆောက်မည့် ဖက်ဒရယ်   ပြည်ထောင်စု ဟူသည်တွင် လည်း တန်းတူညီ မျှမှု ဆိတ်သုဉ်းနေ ပါမည်။
နိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်း သား အဖွဲ့အစည်း များအကြား --- သဘောတူ စာချုပ်ဟူ၍ ချုပ်ဆိုလျှင် ဥပဒေ သဘော အရ အဓိပ္ပါယ်နောက် တမျိုး သက်ရောက် သွားနိုင်သည်။ လက်နက် ကိုင် တိုင်းရင်း သား အဖွဲ့အ စည်းများ သည် စာချုပ် စာတမ်း များ ဥပဒေ ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း က အညိုရောင် အနေနှင့် သတ်မှတ်ထား သောနယ် ပယ်[8] အတွင်းသို့ ရောက် သွားနိုင်သည်။ ယင်းမှာ တိုင်းရင်းသား များသည် ငြိမ်းချမ်းရေး သဘော တူညီချက် များအား လက် မှတ်ရေး ထိုးပြီးနောက် နိုင်ငံတကာ ဥပဒေက အရေးထား ရမည့် အကြောင်းရပ် [9] အနေဖြင့် တောင်းဆို ခွင့် ရနိုင်သည်" [10] ဟူသည့် ဖွင့်ဆိုချက် အတွင်း အကျုံးဝင် သွားနိုင် သည်။ နိုင်ငံ တကာ ဥပဒေ ကအရေး ထားရမည့် အကြောင်း ရပ်ဆို သည်မှာ ဤစာ ချုပ်နှင့် ဆက်စပ် လျှင်တိုင်းရင်း သားများသည် လွတ် လပ်သော နိုင်ငံနီး ပါး လက်ခံ စဉ်းစားရန် လိုသော ကိုယ်ပိုင်ပြဌာန်း ခွင့် အနေ အထားမျိုး ခံစားပိုင် ခွင့်ရှိသည့် လူထု များဖြစ်သည်။[11] ဟူ၍ပင်။ ယခု ငြိမ်း ချမ်းရေး စာချုပ်အား ပြည်ထောင် စု မြန်မာနိုင်ငံ အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များအကြား - သဘောတူ စာချုပ်ဟူ၍ သာချုပ် ဆိုရပါမည်။ ယင်းသို့ မဟုတ်ပါ က မလိုလား အပ်သည့် ဥပဒေကြောင်း ရှုတ်ထွေး မှုများလည်း ပေါ်လာနိုင် သည်။
ယခင်ကချုပ်ဆိုခဲ့သည့် သဘောတူညီချက်များ၏ တရားဝင်မှု ပြဿနာ
 အစိုးရ၏အ ဆိုပြု စာချုပ် စာမျက်နှာ (၁) ပထမ အပုဒ်တွင် ယခင်က ချုပ်ဆိုခဲ့သော တည်ဆဲ ဥပဒေနှင့် မဆန့် ကျင်သည့် သဘောတူညီ ချက်များ အား အသိ အမှတ်ပြုခြင်း၊ ပိုမိုခိုင် မာစေခြင်း  နှင့် ထပ်ဆင့် အတည်ပြုခြင်း၊ဟုဖေါ်ပြထား သည်။
ယင်းအပုဒ် တွင် ပထမ ဆုံးပြသနာ မှာ တည်ဆဲ ဥပဒေဟူသော အငြင်းပွား ဘွယ် ဝေါဟာရ နှင့် စပ်ဆိုင်သည်။ တည်ဆဲ ဥပဒေဟူသည်မှာ အဘယ်နည်း။ တိုင်းရင်း သားပြည် နယ်များ တွင် ရိုးရာဓလေ့ ထုံးတမ်း ဥပဒေ များနှင့် အင်္ဂလိပ် ကိုလိုခေတ် ကထဲက အတည်ပြု ကျင့်သုံးခဲ့ သည့် ဥပဒေများ ရှိခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် စစ်အစိုးရ အဆက် ဆက်က ပြည်နယ်တွင်း ရှိ ဥပဒေ များအား ၄င်းတို့ စိတ်ကူး  ပေါက်သလို ရုပ်သိမ်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြ ဌာန်းခြင်း များ ရှိခဲ့သည်။ ပြည်နယ် အလိုက် သက်ဆိုင်ရာ တိုင်းရင်း သားများ ၏ သဘော ဆန္ဒကို မယူခဲ့။ တိုင်းရင်းသား များ၏ ကိုယ်ပိုင်ပြ ဌာန်းခွင့် ကိုအသိ အ မှတ်ပြုမည် ဆိုလျှင် ယင်းတို့ ကို ပြန်လည် စိစစ်ရန် လိုသည်။ ပြည်နယ်များ နှင့် ဆက်စပ်၍ တည်ဆဲ ဥပဒေဟူသည်ကို လက်ရှိ အစိုးရက အဓိပ္ပါယ် ဖွင့်ခြင် သလို ဖွင့်ခွင့် မရှိသင့်။ နှစ်ဘက် ဆွေးနွေးပြီးမှ မည်သည် တို့ မှာ တည်ဆဲ ဥပဒေဖြစ်သည် ကို သဘောတူ ညီသင့်သည်။
ဒုတိယ  ပြသနာမှာတည်ဆဲ ဥပဒေဟူသည်နှင့် စပ်လျှဉ်း ၍ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အ စည်းများ အုပ်ချုပ်ရေး ချထား သည့် နယ်မြေ များရှိ ဥပဒေ များကို မည်သို့ သဘောထား မည် ဟူ၍ဖြစ် သည်။ [12] ပြည်ထောင် စုနိုင်ငံ အဖြစ် တည်ဆောက် ရာတွင် ပြည်ထောင်စု တ၀ှမ်း လုံးကို လွှမ်းခြုံသည့် ဥပဒေ များရှိ သလိုဒေသ ဆိုင်ရာ အလိုက် ချမှတ်ကျင့် သုံးသော ဥပဒေများ လည်းရှိ ရသည်။ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များချ မှတ် ကျင့် သုံးနေသာ ဒေသဆိုင်ရာ ဥပဒေများ ကို လေးစား လိုက်နာခြင်း မပြုဘဲ ထင်သလိုပြုမူေ ဆာင်ရွက် လျှင်မူ ငြိမ်းချမ်းရေး ကို ထိပါး မည်ဖြစ်သည်။
တတိယ  ပြသနာ မှာ အစိုးရ အဆိုပြု စာချုပ်တွင် ဥပဒေ အရ စည်းနှောင် သည့်  ပြဌာန်း ချက်များ အားတိုင်းရင်း သားလက်နက် ကိုင် အဖွဲ့ အစည်း များ အတွက် သာရည်ညွှန်း ထားခြင်းဖြစ် သည်။ အစိုးရ နှင့် ၄င်း၏ စစ်တပ် အပေါ် စည်းနှောင်မှု ကို မဖေါ်ပြ။ ယင်းသို့ ဖြင့် ဥပဒေ အရ တာဝန်ပိုင်း အချိုးအစား မညီသော စာ ချုပ် ဖြစ်သွားပြီး ဒေသ ဆိုင်ရာ တိုင်း၇င်း သား လူထု၏ လုံခြုံမှု ကို ထိပါးစေ မည်ဖြစ်သည်။ [13]ထို့အပြင် ဥပဒေ ချိုးဖေါက် လေ့ရှိသူ မှာ တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့ အစည်း များသာ ဖြစ်သည်ဟု ရည်ညွှန်း သည့် သဘောလည်း ဆောင်သည်။
စတုတ္ထ  ပြသနာမှာတည်ဆဲ ဥပဒေနှင့် မဆန့်ကျင် သည့် သဘောတူ ညီချက်များဟု သုံးထားခြင်း အားဖြင့် ဥပဒေ သဘော အရ အငြင်းပွားမှု များ   ပေါ် ပေါက်စေ ပါမည်။ ယခင်က ချုပ်ဆိုခဲ့ သည့် စာချုပ်များ တွင် တည်ဆဲ ဥပဒေ နှင့်ဆန့်ကျင် သည့်သဘော တူညီချက် များ ပါဝင်ေ နကြောင်း ရည်ညွှန်း သည့် သဘောဆောင်သည်။တည်ဆဲဥပဒေနှင့် ဆန့်ကျင်မှန်း သိသိကြီးနှင့် ယခင်က မည်သည့်အတွက်ချုပ်ဆိုခဲ့သနည်း။အစိုးရကိုယ်တိုင်က ဥပဒေကို ချိုး ဖေါက်  နေကြောင်း ကြေညာ လိုက်ရာ မရောက်ဘူး လား။ သိသိကြီးနှင့် ယခင်က ချုပ်ဆို ခဲ့ပါလျက် အဘယ်ကြောင့် ယခုမှ ဤ ကိစ္စကို ဖေါ်ထုတ် လာသ နည်း စသဖြင့် ဥပဒေ ဆိုင်ရာ မေးခွန်းများ ပေါ်ပေါက်လာ သည်။
ထို့ အပြင် ယခင်က ချုပ်ဆိုခဲ့ သည့် စာချုပ်များ တွင် မည်သည့် သဘော တူညီချက် က တည်ဆဲ ဥပဒေနှင့် ဆန့်ကျင်ပြီး မည်သည့် သဘော တူညီချက်က မဆန့် ကျင် ဟူသည်ကို မည်သူ က ဆုံးဖြတ် မည်ဟူသော ပြဿနာ လည်း တက်လာသည်။  
အစိုးရ သည် မိမိ လက်မခံ လိုတော့သည့် သဘော တူညီချက်များ အား တည်ဆဲ ဥပဒေ နှင့် ဆန့်ကျင်ကြောင်း နှင့် မိမိလက်ခံ လိုသည့် သဘော တူညီချက်များ အား တည်ဆဲ ဥပဒေနှင့် ကိုက်ညီကြောင်း အဓိပ္ပါယ်ဖွင့် ဆို ကျင့် သုံး တော့မည့် အနေအထား ကို တွေ့လာရ သည်။ ဤသည်မှာ မဖြစ် သင့်ပါ။ သံသယ များပွားစေ ပြီး စစ်မှန်သည့် ငြိမ်းချမ်း ရေးဆွေးနွေး မှု လမ်းကြောင်း ကို မုချ ထိခိုက်နိုင်သည်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် အချိန်ကာလ အမျိုးမျိုး၊နိုင်ငံရေးနောက်ခံအမျိုးမျိုး၊ စစ်ခေါင်းဆောင်အမျိုး မျိုး အောက်တွင် မတူ ကွဲပြား စွာ အနည်းနည်း အဖုံဖုံ ရရှိခဲ့ကြ  သော သဘော တူညီချက် များအားလုံး ကိုပါ အစိုးရ အဆိုပြု ယခုစာချုပ် သစ်က ဥပဒေ အရ ခြိမ်းခြောက် လိုက်ခြင်းဖြစ် သည်။
စင်စစ် အားဖြင့် ပြည်တွင်း စစ် ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေးအား စစ်မှန်စွာ ရှာဖွေ ခဲ့မည်ဆို ပါက ယင်း ဖြစ်စဉ်များ အတွင်းတွင် မူလက ထဲက ဥပဒေ စိုးမိုးမှု အခြေခံ ကို ကျင့်သုံးကာ တပြည်လုံး တပြေးညီဖြစ်စေ ခဲ့ရပါမည်။ ယင်းသို့ မဟုတ်ဘဲ စစ်အစိုးရ အဆက် ဆက် သည်တော်လှန်ရေး အဖွဲ့အစည်း များ၊တိုင်း ရင်း သား လက်နက် ကိုင်အဖွဲ့ အစည်းများ အကြား တွင် သပ်လျှိုဖြို ခွဲနိုင်ရေး ရည်မှန်း ချက်ဖြင့်သာ တဖွဲ့ချင်း စီ အလိုက် ကိုင်တွယ်ခဲ့၊ အင်အား ကြီးလျှင် ကြီးသလို၊ ငယ်လျှင် ငယ်သလို မတူသည့် အခွင့် အလမ်းများ ပေးအပ်ခဲ့၊ ရပ်တည် လုပ်ဆောင် ခွင့်ပြုခဲ့ သဖြင့် တပြည် လုံးတွင် ဥပဒေ စိုးမိုးရေး ပျက်ခဲ့သည်။  
ယင်း၏ မကောင်း ကျိုးကို တိုင်းရင်း သားပေါင်းစုံ လူထု အားလုံး ခံစားခဲ့ရ၊ ခံစားရဆဲ ဖြစ်သည်။ ယခုတဖန် ငြိမ်းချမ်းရေး သဘောတူ ညီချက်အား ဥပဒေ အခြေခံမှ ချဉ်း ကပ်ပုံ၊ချဉ်း ကပ်နည်းမှာ လည်း မမှန်ပြန် သဖြင့် ဥပဒေ စိုးမိုးရေး ပိုမိုပျက် သုဉ်းရန် သာရှိသည်။ သာဓက တခုပြပါမည်။
အောက်တို ဘာလ (၁၀) ရက်နေ့ တွင် အစိုးရနှင့် ကေအိုင်အို တို့ ချုပ်ဆိုခဲ့ သည့် သဘော တူညီချက် အပုဒ် (၂) (စ) ၌ အောက်ပါ အတိုင်း ဖေါ်ပြထားသည်။
 “ကေအိုင်အို အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ကြိုတင် ညှိနှိုင်းပြီး ပြည်သူ များနှင့် လွတ် လပ်စွာ တွေ့ဆုံဆွေး နွေးတိုင် ပင်ခြင်းများ (Public Consultation) ပြုလုပ်ရန် သဘောတူ သည်။
အစိုးရ သည် စာချုပ် အသစ်ကို ကိုးကား၍ အထက်ပါ သဘော တူညီချက်မှာ တည်ဆဲ ဥပဒေနှင့် ဆန့် ကျင်  နေသောကြောင့် လိုက်နာဆောင် ရွက်ရန် မလိုဟု အကြောင်း  ပြနိုင်သည်။ အဘယ်ကြောင့် ဆိုသော် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကဲ့သို့  ပင် ကေအိုင်အို သည် မတရား အသင်း အဖြစ် ကြေညာခံ ထားရဆဲ ဖြစ်သော  ကြောင့်ပင်။
ပဋိပက္ခ  ကြောင့်ပုံ မှန်သွား လာနိုင်မှု မရှိသော အများပြည်သူ အသုံးပြု သည့်လမ်း များနှင့် အရေးပါ  သော လမ်းများ ပုံမှန် ပြန်လည် သွား လာနိုင်  ရေး နှစ် ဖက်ညှိနှိုင်း၍ အမြန် ဖွင့်လှစ် သွားရန် သဘောတူ သည်။ဟူသည့် သဘော တူညီချက်မျိုး ကို မူ တည်ဆဲ ဥပဒေနှင့် မဆန့်ကျင်ဟု အဓိပ္ပါယ်ဖွင့် ဆိုကာ အစိုးရက အတည်ပြု ကျင့်သုံး သွားမည် ဟု ရပ်တည် ပြောဆို လာနိုင်သည်။ယင်းလမ်းများ အားနှစ်ဘက် လက်နက်ကိုင် တပ်ဖွဲ့များက အသုံးချ ကာစစ်ရေး လှုပ် ရှားခြင်း များမပြုရ။ဟူသည့်ခြွင်း ချက် ပြဌာန်းချက် မပါသဖြင့် အစိုးရ တပ်တွေက ပွင့်သွားသော လမ်းများ အားစစ်ရေး ရည်မှန်း ချက်ဖြင့် အသုံး ချ နိုင်သောကြောင့် ဖြစ်သည်။  လက်တွေ့ လည်းယင်းသို့ အသုံးချနေသည်။
သို့ဖြစ်၍တည်ဆဲ ဥပဒေ နှင့်မဆန့် ကျင်သည့် သဘော တူညီချက်များဟူသော စကားစု အားစာချုပ် အသစ်တွင် လုံးဝပင် မသုံးသင့်ပါ။ စာမျက်နှာ(၁) ၏ အောက်ဆုံး အပုဒ် တွင် ဖေါ်ပြထားသည့်တည်ဆဲ ဥပဒေ များနှင့် မဆန့်ကျင်ဘဲဟူသည့် စကားစု ကိုလည်း ထိုနည်းတူပင် သုံးသပ်ရပါ မည်။ ဖေါက်  ပြန်ဖိ နှိပ် သည့်တည်ဆဲ ဥပဒေ အတော် များများ ရှိဆဲဖြစ်သည်။ 
တည်ဆဲ ဥပဒေ ဟူသည်များ အား ကိုးကား၍အစိုးရက အထက်စီးမှ ပြော ဆို၊ရေး သားရန် ကြိုးပမ်းနေ သမျှ ကာလပတ် လုံးမည် သည့် အခါတွင်မျှ စစ်မှန် သည့် ငြိမ်းချမ်းရေး  ဆွေးနွေးပွဲ မဖြစ်နိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ဥပဒေ များအား တရားသည်၊ မတရား သည် အဓိက မထားဘဲ ဥပဒေ ပြဌာန်း၍ စိုးမိုးရေး (Rule by Law) ကိုသာ အဓိကထား ကျင့်သုံးနေ  သောကြောင့်ဖြစ် သည်။
၁၉၆၂ခုနှစ် စစ်အာ အာဏာ သိမ်းပြီး ချိန်မှစ ၍ စစ်အစိုးရ အဆက်ဆက် သည် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး သူများ၏  အန္တရာယ်မှ ကာ ကွယ် သည့် ဥပဒေ အပါအ၀င် မတရား ဖိနှိပ်သည့် ဥပဒေ အတော်များများ ပြဌာန်းခဲ့ သည်။  ယင်းတို့မှာ ယနေ့ အချိန်အထိ တည်ဆဲ ဥပဒေများ အနေဖြင့် ရှိနေ ဆဲ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး သည့်နောက် ဒီမို ကရေစီ အစိုးရဟု အသွင်ဆောင် ကာရပ် တည်လာသော အခါတွင်လည်း မတရား ဖိနှိပ် သည့် ဥပဒေများ အား ဆက်လက်  ပြဌာန်း လာပြန်သည်။ သာဓက တခုပြပါ မည်။ 
၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ(၂) ရက်နေ့ တွင်ပြဌာန်း လိုက်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့် ဆိုင်ရာ ဥပဒေဖြစ် သည်။ အဆိုပါ ဥပဒေမှာ လူထု၏ အခြေခံ လွတ် လပ် မှု အခွင့် အရေးကို ဖိနှိပ် ပိတ်ပင်သည့် မတရား ဥပဒေ ဖြစ်သည်။ ယင်းအား ချိုးဖေါက်လျှင် ပြစ်ဒဏ်ပေးသည့် ပုဒ်မ (၁၈) အားလူထု အတော် များ များက ယခုအချိန် တွင် ကန့်ကွက် လာကြ သည်။ ထိုအခါ ကျမှ အဆိုပါ မတရား ဥပဒေကို ပြဌာန်းခဲ့ သည့် လွှတ်တော် အမတ်များ ထဲမှပင် အချို့ က ဤပုဒ်မ အား ဖျက်ပေး ရန် အဆိုတင် သွင်း သွားမည်ဖြစ်  ကြောင်း လက်သီး လက်မောင်း တန်းကာ ဟစ်ကြွေး လာကြပြန်သည်။
ယင်းလွှတ်တော် အမတ် အချို့အား မေးရန် ရှိလာသည်။ ပထမ မေးခွန်း တခုမှာ အဆိုပါ ဥပဒေ သည် လူထု၏ အခြေခံ လွတ်လပ်မှု အခွင့် အရေးကို ဖိနှိပ်ပိတ် ပင်သည့် မတရား ဥပဒေဖြစ် မှန်းသိလျှင် ဥပဒေ စတင်ပြဌာန်း ရန် လွှတ်တော် အတွင်း၌ ဆွေးနွေးခဲ့ကြ စဉ်က အဘယ်ကြောင့် ထိထိရောက် ရောက် မကန့် ကွက် ခဲ့ကြ သနည်း။ ကန့်ကွက် ခဲ့ပါလျက် လက်မခံ ဟု ဆိုပါက လွှတ်တော် အတွင်းမှ ထွက်ခွာ ခဲ့ရုံသာ ရှိသည်။ မထွက်ခွာ ဘဲဆက် ထိုင်နေသော အခါ မတရား ဥပဒေ များအား တခုပြီး တခု ထိုင်ပြီး အတည်ပြု နေရသည့်ဘ၀တွင် လွှတ်တော် အမတ်ဆိုသူ တဦး၏ တန်ဘိုးသည် အဘယ်နည်း။ ဒုတိယ မေးခွန်းမှာ ယခင်က မကန့် ကွက်ခဲ့ကြ  သော်လည်း ယခု အချိန်တွင် မတရား ဥပဒေမှန်း သိလာပြီ ဆိုပါက အဆိုပါ ဥပဒေ တခုလုံး ဖျက်သိမ်း ပစ်ရန် အဘယ်ကြောင့် မတောင်း ဆိုသနည်း။
မြန်မာနိုင် ငံတွင် ၁၉၄၈ ခုနှစ်နှင့် ၁၉၆၂ ခုနှစ် အကြား ဒီမိုကရေစီ စနစ်ရှင် သန်ခွင့် ရခဲ့ကြောင်း အားလုံး လက်ခံကြ သည်။ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်၊ စည်းရုံး ခွင့်နှင့် စုဝေးခွင့်၊ စီတန်းလှည့် လည်ခွင့်များ အများဆုံး ခံစားခဲ့ကြရ သည်။ သို့ရာတွင် ယခု အတည်ပြု ကျင့်သုံးနေ သည့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့် ဆိုင် ရာ ဥပဒေမျိုး တခုမျှ မရှိပါ။ စနစ်တကျ စည်းကမ်းနှင့် အညီ စီတန်း လှည့်လည်နိုင်အောင် ထိန်းကျောင်း မည့် ရဲဥပဒေ များကိုသာ ကျင့်သုံးခဲ့ သည်။ [14] သို့ဖြစ်၍ ဖျက်ပစ်ရ မည်မှာ ပုဒ်မ (၁၈) တခုတည်း မဟုတ်။ ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ (၂)ရက်နေ့ တွင်ပြဌာန်း လိုက်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဆိုင် ရာ ဥပဒေ တခုလုံးကိုဖြစ် သည်။
ယနေ့ မြန်မာနိုင်ငံ နိုင် ငံရေးလောကတွင် ခေတ်စား  နေသော ဝေါဟာရ တခုမှာနောက်ကြောင်း ပြန် မလှည့်ရေးဖြစ်သည်။ ယင်းမှာ အဓိပ္ပါယ်နှစ် ခုရှိသည်။ တခုမှာ ယခုလျှောက် လှမ်းနေသော လမ်းကြောင်း သည်မှန်နေ သည် ဟူ၍ဖြစ်သည်။ ဤသည်မှာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေလမ်းကြောင်း ကိုသာ ဆက် လက်လျှောက် လှမ်းသင့်သည် ဟု ဆိုလို ရင်းဖြစ်သည် ။စာရေးသူ အနေဖြင့် မူ လုံးဝ (လုံးဝ) ပင်လက် မခံပါ။ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ လမ်းကြောင်း သည် လမ်းကြောင်း မှား ဖြစ်သည်။ ယင်းအောက် တွင် တိုင်းရင်းသား များ၏ ကိုယ်ပိုင်ပြ ဌာန်းခွင့် ဟူသည်မှာ ဝေး၍ ဒီမိုကရေစီ ပင်မရနိုင် သည့်လမ်းေ ကြာင်း ဖြစ်သည်။  
နိုင်ငံရေး အကျဉ်းသား များပြန် လွှတ်ပေးခြင်း ကို အသိ အမှတ်ပြု ရပါမည်။ သို့ ရာတွင် ယင်းမှာ ဒီမိုကရေ စီအတွက် လမ်းကြောင်း တခု ကို ဖေါက်ပေးေ နခြင်း မဟုတ်။ စစ်အာဏာ ရှင်များ၏ သနား ညှာတာမှု ကို ဖေါ်ပြခြင်း သာဖြစ်သည်။ အပြစ် ကင်းမဲ့ သည့် နိုင်ငံရေး လှုပ်ရှား သူများအား ထောင်ချခြင်း မှာ မတရား မှုဖြစ် သည်။ စစ်အာဏာ ရှင်များကျူး လွန်ခဲ့သည့် မတရားမှု များအနက် တခုကို ဖြေလျှော့ပေး လိုက်ခြင်းသာ ဖြစ်သည်။ မတရားမှု ကျူးလွန်ခဲ့သည့် စစ်အာဏာ ရှင် ဟောင်းသစ် များ၏ တာဝန်ရှိမှု ကို ဖေါ်ထုတ်ရန် မကြိုးစား ဘဲ ပြန်လွှတ်ပေး သည့် အတွက်ပင် ကျေးဇူး တင်ကြောင်း ဖေါ်ပြနေကြ ရသည်။
ယင်းသို့ ဖြစ်လျှင် စစ်အာဏာ ရှင်များသည် နောက်ထပ် ဖမ်းလိုက် လွှတ်လိုက် ဆက်လုပ်နေ ကြပါဦးမည်။ ယင်းသို့ မလုပ်နိုင်တော့စေ ရန် ဥပဒေဘောင် အခြေခံ ကို လုံးဝပြောင်း ရပါမည်။ ယခုမူ စိုးစဉ်းမျှ မပြောင်း သေးရုံမက ပိုဆိုးလာနေ သည်။ ထို့ကြောင့် ယခုလျှောက် လှမ်းနေသော လမ်းကြောင်း သည် မမှန်ပါ။
နောက်ကြောင်းပြန် မလှည့်ရေး၏ နောက်ထပ် အဓိပ္ပါယ် တခုမှာ နောက်ကြောင်းပြန် လှည့်လျှင် အခြေအနေ ဆိုးသွား မည်ဟူ၍ဖြစ် သည်။ အလျှံငြီြး ငီး တောက်လောင်ေ နသော ငရဲတွင်း ထဲ တွန်းချ ခံနေရသူ ကို ဆီပူဖြင့်ခြောက် လှန့် ခြင်းမျှသာ ရှိသည်။ စာရေးသူ အနေဖြင့် မူ နောက်ကြောင်းပြန် လှည့်ရန် လိုကိုလို သည် ဟုယူဆ သည်။ အတိအကျ အားဖြင့် ၁၉၄၈ခုနှစ် လွတ်လပ်ရေး ရပြီးချိန် မှ စ၍ ၁၉၆၂ခုနှစ် အာဏာသိမ်း ချိန်အထိ တည်ရှိခဲ့သော ဥပဒေေ ဘာင် အတွင်းသို့ နောက်ကြောင်းပြန် လှည့်ရန်ဖြစ်သည်။
၂၀၁၄ခုနှုစ် နှစ်ဆန်း တွင် ကျင်းပခဲ့သည့် ကရင်နှစ်သစ် ကူးပွဲ တွင်ပြည်ထောင်စု ငြိမ်းချမ်းရေး ၀န်ကြီး ဦးအောင်မင်း က ပြည်ထောင်စု တည်ဆောက်ရေး အ တွက် တိုင်းရင်း သားများ အားလုံး ပါဝင်လုပ်ဆောင် ကြရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ တိုင်းရင်းသား အားလုံး ပြည်ထောင်စု တည်ဆောက်ရေး အတွက် လက်တွေ့ ပါဝင်လုပ်ခြင်ကြ သည်မှာ ဟိုမှာ ဘက်ကမ်း သို့ လွန်နေသည်။  ပြသနာမှာ အရပ်သား အသွင်ယူ စစ်အစိုးရ သည် တဘက်တွင် ဖိတ်ခေါ်နေပြီး အခြား တ ဘက်တွင် ဥပဒေဘောင် နှင့် အမျိုးမျိုး ချုပ်ချယ်ကန့် သတ်ထားခြင်းဖြစ် သည်။ ၁၉၄၈ ခုနှစ်လွတ် လပ်ရေး ရပြီးချိန် မှစ၍ ၁၉၆၂ ခုနှစ် အာဏာ သိမ်းချိန်အ ထိ တည်ရှိခဲ့သော ဥပဒေဘောင် သို့ တိုင်းရင်းသား များအား နောက်ကြောင်း ပြန်ပြီးကျင့်သုံး ခွင့်ပေးကြည့် စမ်းပါ။ ယခုလက်ရှိ တည်ဆဲ မတရား ဥပဒေမှန်သမျှ အလိုလို ပျက်ပြယ် သွားမည်။ တိုင်းရင်း သားပေါင်းစုံ လူထုများ လွတ်လပ် ခွင့် ပိုရကြမည်။ ပြည်ထောင် စုကြီး အကျိုး အတွက် ဆထက် ထမ်းပိုး လုပ်နိုင်ကြမည်။
၁၉၆၂ခုနှစ် တွင် စစ်တပ် အာဏာ သိမ်းခဲ့ခြင်းမှာ ၁၉၄၈ မှ ၁၉၆၂ခုနှစ် အထိ တည်ရှိခဲ့သော ဥပဒေ ဘောင်၏ အားနည်းချက် ကြောင့် ဟူ၍ အကြောင်း ပြခဲ့ခြင်း မဟုတ်။ ဖက်ဒရယ် ကို ခွဲထွက်ရေး ဟု လက်ညှိုး ထိုးကာ ပြည်ထောင်စု မပြိုကွဲရေး အကြောင်းပြ ခဲ့ခြင်းဖြစ် သည်။ ယင်းမှာ မှားယွင်း ခဲ့ကြောင်း  စစ်ေ ခါင်း ဆောင်ဟောင်း သစ်များ ကိုယ်တိုင် ယခုဝန် ခံနေကြ ရပြီ။ တိုင်းရင်းသား အားလုံး အဆ များစွာ ပိုပြီးလွတ်လပ် ခွင့် ခံစားနိုင်အောင် အဘယ်ကြောင့် ၄င်း ဥပဒေဘောင် သို့ နောက်ကြောင်းပြန် မဖေါ်ဆောင်သနည်း။ ရှင်းပါသည်။ စစ်အာဏာ ရှင်စနစ် နှင့် မဟာလူမျိုး ကြီး ၀ါဒကို ဆက်လက် အသက်သွင်း လို၍ပင်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အ စည်းခေါင်းဆောင် များနှင့် စစ်အစိုးရ ကိုယ်စား လှယ်များ အကြားငြိမ်း ချမ်းရေး ဆွေးနွေးပွဲများ ၌ ဤကိစ္စများကို တည့် တည့်ဆွေးနွေး ရန် လိုပါမည်။
၂၀၁၄ခုနှစ် ဇန်န၀ါရီ လ ၆ ရက်နေ့ ဒီမိုကရက် တစ်မြန်မာ့ အသံ၏ ရုပ်မြင်သံကြား ၌ ကေအင်ယူ ခေါင်းဆောင် များနှင့် သမတ ဦးသိန်း စိန် ခေါင်းေ ဆာင် သည့် အစိုးရ ၀န်ကြီးများ တွေ့ ဆုံဆွေးနွေးကြ သည့် ရုပ်ပုံများကို မြင်လိုက်ရ သည်။ နေပြည်တော်၌ ဤဆွေးနွေးပွဲ ဖြစ်သွား ရခြင်းမှာ ကရင်နှစ်သစ်ကူး ပွဲတွင် ဦးအာင် မင်းက သမတ နှင့် ကာချုပ်ကို တွေ့ ဆုံ သင့်ကြောင်းဖြင့် တိုက်တွန်းခဲ့ သဖြင့် သွားရောက် ခြင်းဖြစ်ကြောင်း ကေအင် ယူက ထုတ်ပြန်ခဲ့သည်။
၂၀၁၃ခုနှစ် နိုဝင်္ဘာတွင် ကျင်းပခဲ့ သည့်လိုင်ဇာ တိုင်းရင်းသား ညီလာခံ၏ အဆက် အနေဖြင့် ၂၀၁၄ ဇန်န၀ါရီလ တတိယပတ် အတွင်း ကရင်ပြည်နယ် အတွင်းေ ကအင်ယူ ထိန်းချုပ် ထားရာဒေသ တွင် ဒုတိယ အကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းပေါင်း စုံ တက်ရောက် မည့် ညီလာခံ ကြီး တခု ဆက်လက် ကျင်းပ ရန်ပြင်ဆင် လျှက်ရှိသည်။ လိုင်ဇာညီလာ ခံတွင် မပါဝင်ခဲ့ သည့် ၀သပ ပင် ယခု ညီလာခံသို့ တက်ရောက် လာဘွယ် ရှိကြောင်း သတင်းများ ကြားနေရ သည်။ လာမည့် ကရင်ပြည် နယ် ညီလာခံတွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်းများ အနေဖြင့် လိုင်ဇာ ညီလာခံ လမ်းကြောင်းကို ထပ်မံအတည်ပြုပြီး အသေးစိပ် သဘောတူ ညီချက်များ ချမှတ်နိုင် မည် ဆိုပါက စစ်အာဏာ ရှင် စနစ်နှင့် အရပ်သား အသွင်ယူ စစ်အစိုးရ အတွက် ဘေးကြပ် နံကြပ်ဖြစ်သွား နိုင် သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေး လမ်းကြောင်း ကို လျှောက်ရန် အားကောင်း သည့် ဖိအားများ ပေါ်လာနိုင် သည်။ လူ့အခွင့်အရေး၊ ဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်း သား များ၏ ကိုယ်ပိုင်ပြ ဌာန်းခွင့် အခွင့်အရေး များအား အခြေခံ အားဖြင့် သဘောတူ ညီရမည့် စာချုပ် ပေါ်လာရေး လမ်းကြောင်း ကို ဦးတည်သွား နိုင်သည်။
သို့ဖြစ်၍ ကရင်ပြည်နယ် ညီလာခံ ကျင်းပခါနီး အချိန်နှင့် ကပ်ကာ ဦးသိန်းစိန်၊ ဦးအောင်မင်း တို့ သည် ကေအင်ယူ အား နေပြည်ေ တာ် သို့ ဖိတ်ခေါ်ဆွေးနွေြး ခင်းဖြစ် ပုံရသည် ။ စစ်အစိုးရ အဆက်ဆက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအား ဆယ်စု နှစ်များစွာ ကိုင်တွယ်ခဲ့သည့် မဟာဗျူဟာ ကို လေ့ လာ ခဲ့သည့်အတွေ့အကြုံအရ အစိုးရသည် နေပြည်တော် တွင် အောက်ပါနှစ် ချက်ကိုဖေါ်ဆောင်နိုင် ဘွယ်ရှိသည်။
(၁) တနိုင်ငံလုံး အပစ် အခတ်ရပ် စဲရေး စာချုပ်ကို အရင်ဆုံး လက်မှတ် ထိုးပြီးမှသာ ဖက်ဒရယ်ပြ ည်ထောင်စု တပ်မတော် ဖွဲ့ စည်းရေးများ အပါအ၀င် နိုင်ငံရေး မူဘောင်များ အား နောက်ပိုင်း နိုင်ငံရေး ဆွေးနွေး ပွဲများတွင် ဆွေးနွေးကြရေး ကို ကေအင်ယူေ ခါင်းဆောင်များ လက်ခံစေ ရန်နှင့် ၄င်းတို့ မှ တဆင့် အခြားတိုင်း ရင်းသား ခေါင်းဆောင်များ အား ဆက်လက် စည်းရုံးပေးရန်၊ (လိုင်ဇာညီ လာခံ၏ ရပ်တည်ချက် ကို ပြောင်းပြန်လှန်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံဘောင် အတွင်း ပြန် သွင်း ရန်မှာ အဓိက)
(၂) တိုင်းရင်း သားများ ရသင့်ရ ထိုက်သည့်အ ခွင့်အရေး [17]မှန်သမျှကို ဆက်လက်ငြင်း ပယ်ထားပြီး စီးပွားရေး လုပ်ငန်းများ အပါအ၀င် အခြားအခွင့် အ လမ်း [18] များ အား ကေအင်ယူ ခေါင်းဆောင် များက လက်ခံစေ ရန်နှင့် တနိုင်ငံလုံး အပစ်ရပ်ပြီးနောက် ဆက်လက်ဖေါ်ဆောင် မည့် နိုင်ငံရေးဆွေးနွေး ပွဲနှင့်  လုပ် ငန်းစဉ် ဟူသည်များ အား ကေအင်ယူ ခေါင်းဆောင်များ ကျလောက် သည်အထိရှင်းပြရန်။
ဦးအောင်ထူး (ရှေ့နေ) M.A. (Human Rights) R.L.
Teaching Human Rights Law, Columbia University, New York, USA
ဥပဒေ အထောက် အကူပြု ကွန်ယက် တည်ထောင်သူ
[1]  The Vienna Convention on the Law of Treaties (1969) [2] Parties to agreement [3] Indonesia Aceh Agreement
[5] Sierra Leone Agreement 
[6] State [7]၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၇) [8] Gray area [9] Subjects of international law [10] “Indigenous peoplesalso sign peace agreements and can arguably claim to be subjects ofinternational law.”
S. James Anaya, IndigenousPeoples in International Law 189 (2004) [11]
Christine Bell, Professor of Public International Law,Transitional Justice Institute, University of Ulster, "Peace agreements:Their nature and legal status”. P. 381; Indigenouspeoples are "peoples” entitled to forms of self-determination short ofindependent statehood.
[12] Legal comment made by Dr.David Fisher, Professor of International Law, Faculty of Law, StockholmUniversity, Sweden. He is also a member of the International Advisory Board to theLegal Aid Network (LAN):
"One problem with the reference to “existinglaws” is uncertainty as to which laws are being referred to: Would it be thenational laws only or also laws existing in the areas controlled by the EthnicArmed Organisations? Nor is it clear what the temporal scope is of the “existinglaws”"
[13] Ditto "Chapter 4 outlines the responsibilities of all parties, whereas the separateresponsibilities of the State and those of the Ethnic Armed Organisations areset forth in Chapters 2 and 3, respectively. It is unclear why variousobligations to be applicable to the Ethnic Armed Organisations do not alsoapply to the State. At least two of these obligations affect, directly orindirectly, the security of local populations and should therefore apply to allparties.”
[14] Burma Code, Volume 1, Rangoon Police Act Section37 to 40, Page 211. [15] 1926 Trade Unions Act: BurmaCode Volume 5, Page 267.
[16]အသေးစိပ်ကို နောက်အခန်းတွင်ဆက်လက်ဖေါ်ပြပါမည်။ [17] Rights [18] Opportunity
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။