Wednesday, January 29, 2014

ဗြိတိန်နိုင်ငံခြားရုံးဝန်ကြီး အင်္ဂလိပ်ခေတ် ကချင်စစ်သားဟောင်းအချို့နှင့် တွေ့ဆုံ

(Mizzima)

မြစ်ကြီးနား၊ မဇ္ဈိမ ။         ။ ဗြိတိန် နိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swire က အင်္ဂလိပ်ခေတ်က ဗြိတိန်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကချင်စစ်သားဟောင်းများနှင့် မြစ်ကြီးနားမြို့ မနောကွင်း ယဉ်ကျေးမှု ခန်းမတွင် ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်က တွေ့ဆုံခဲ့သည်။

စစ်သားဟောင်းများက ဗြိတိန်အနေဖြင့် စစ်သားဟောင်းများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် ပြန်လည် ကြည့်ပေးစေချင်သည်ဟု တောင်းဆိုခဲ့သည်။

 
နံနက်ပိုင်းတွင် ဝန်ကြီး Hugo Swire သည် ကချင်အစိုးရအဖွဲ့နှင့် တွေ့ဆုံပြီး ဝိုင်းမော်ရှိ စိန့်ဂျိုးဆက်မိုင်နာ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့သေးသည်။ နေ့လည်ပိုင်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။