Friday, January 31, 2014

ဗန်းမော်ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွား

(ကချင်သတင်းဌာန)


ဗန်းမော် ခရိုင် မန်စီမြို့နယ် အတွင်း KIA တပ်ရင်း ၁၂ ဒေသ ၃ နေရာတွင် နှစ်ဖက် တပ်မှ ပြင်းထန်စွာ တိုက်ပွဲ များဖြစ် ပွားနေကြောင်း တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးလဘန် ဂျွန်းအောင် KNG ကချင်သတင်း ဌာန သို့ ပြော သည်။

ကချင်လွတ် လပ်ရေး တပ်မတော် (KIA) တပ် မဟာ (၃) ဒေသ နမ်းလင်းပါ ရွာမှ ၅ မိုင်ခန့် ရှိသော နမ်ကောင် (Nam Gau)ရွာ၊ ကောင်ရွန် ရွာနှင့် နမ့်ခမ် တို့ တွင် ယနေ့ ၃၁ ရက် နံနက် ၇ နာရီ ချိန်မှ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။


၎င်းအစိုးရတပ် သည် နမ်ခမ်နှင့် ဂျေဦးရှိအစိုးရ တပ်ဖွဲ့များဖြစ်ပြီး ဂျေဦးမှ အစိုးရတပ် သည်လည်း တိုက်ပွဲဖြစ် ပွားနေသော နမ်ဂေါင် (Nam Gau) ရွာသို့ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်နေကြောင်း သိရသည်။

ယနေ့တိုက်ပွဲတွင် နှစ်ဖက် တပ်မှ ထိခိုက်ဒဏ်ရာရမှု စာရင်းကိုမူ မသိ ရသေးပေ။

၎င်းအစိုးရ တပ်ဖွဲ့များ သည် ယမန်နေ့ ၃၀ ရက် ၁၀ နာရီ ချိန်မှ နမ်ဂေါင်ရွာ တွင်း သို့ လက်နက် များဖြင့် ပစ်ခတ် ဝင်ရောက် နေခြင်းဖြစ် သည်။ ၎င်းနမ်ဂေါင်ရွာ သည် သစ်ခုတ်သူ များနှင့် သစ်ကုန် သည် များရှိရာ နေရာ ဖြစ်ကြောင်း လည်း သိရှိရသည်။

ထို့ပြင် KIA တပ်မ ဟာ (၃) တပ်ရင်း ၁ ဒေသရှိ KIA ဒဂေါ (Dagaw) စခန်းငယ် တခုကို လည်း ယနေ့ နံနက် ၈ နာရီခွဲ ချိန် အစိုးရ တပ်မှ အင်အားပြင်း ထန်စွာ ရုတ်တရက် ဝင်ရောက် သိမ်း ပိုက် ခဲ့ကြောင်း ကေအိုင်အေ က ပြော သည်။

၎င်းအစိုးရတပ် သည် တပ်မ ဟာ (၃) လွယ်ဂျေ လမ်း မိုးမောက်မြို့ ကျောက် စခန်း ခဝမ်ဘန် (Hka Wan Bang) ဘက်မှ အစိုး ရ တပ် ဖွဲ့ဖြစ်ပြီး စစ် အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းဖြစ် သည်။

“အနောက်ဘက် ကနေ တခါထဲဝိုင်းတယ် ကျနော်တို့ဘက်လည်း ခုခံတိုက်ခိုက်ပြီးပြန် ဆုတ်လာ တာပါ အခု ၂ ယောက်ပျောက်နေ တယ် ဆက်သွယ်မှု မရသေးဘူး စခန်း ကနေတော့ အားလုံးထွက်လာပြီ၊ ဟုတ် တယ်။ တပ်ရင်း ၁၂ ဘက်မှာ တိုက် ပွဲတွေဖြစ်နေ လို့ စစ် မျက်နှာပြင် များစေတဲ့ ရည်ရွယ် ချက်နဲ့ ကျနော်တို့ဘက် ကို လာတိုက် တာ” ဟု KIA တပ် ရင်း ၁ တပ်ရင်း မှူး ဗိုလ်မှူးဖေါ် ဂျန်ယော် ထုံ (Major Hpaujang Yaw Htung) KNG ကချင် သတင်း ဌာန သို့ပြော သည်။

အစိုးရတပ် သည် ၎င်း KIA ဒဂေါ (Dagaw) စခန်းငယ်ကို သိမ်းပိုက် တပ်စွဲထား သဖြင့် နှစ်ဖက် တပ်များ တင်းမာ လျက်ရှိသည်။

KIA တပ် ရင်း ၁၂ ဒေသ အနီးတွင်ရှိ ဂျေဦး၊ နားဟန်၊ သံတံတား၊ မလျင်၊ ကောင်ရွန်၊ ဂျေခမ်း၊ မန်သာနှင့် မိုင်းခေါင် ရွာများတွင် အစိုးရ တပ် များ ရှိနေ ဆဲဖြစ်ပြီး အစိုးရတပ်ရင်း ၆ ခု ခမရ ၄၃၈၊ ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၆၀၂၊ ခလရ ၅၆၊ ခလရ ၂၇၆ စစ်ကြောင်း များနှင့် စစ်အင် အား ၁၀၀၀ ခန့်ရှိနေ ဆဲဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။