Tuesday, January 21, 2014

မြစ်ကြီးနားလေယာဉ်ကွင်း ၃လကြာပြင်ဆင်မည်

(Kachin waves)

မြစ်ကြီးနားလေ ယာဉ်ကွင်းပြင် ဆင်နေချိန် တွင် လေယဉ်များ အား နန်ပေါင် တပ်မတော်လေ ယဉ်ကွင်း တွင်သာ ဆင်းသက် မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ် လမ်းပန်း ဆက် သွယ်ရေး ၀န်ကြီး ရုံး မှ သတင်း ရရှိ သည်။

မြစ်ကြီး နားလေယာဉ် ကွင်း အား လေယာဉ် အကြီးများလည်း ဆင်း သက်နိုင်ရန် ဇန်န၀ါရီလ၂၈ရက်မှ စတင်ပြင် ဆင်နိုင်ရန် ရည်မှန်း ထားပြီး ထိုလေယာဉ် ကွင်းပြင် ဆင်ချိန် တွင် လေယာဉ် များအား နန်ပေါင် တပ်မတော်လေယာဉ် ကွင်းတွင်သာ ဆင်းသက်ရ မည်ဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ရုံးမှပြောရေး ဆိုခွင့် ရှိ သူမှ ဆိုသည်။


လေယာဉ် ကွင်းပြင် ဆင်ရန် နိုင်ငံတော် သမ္မတမှလည်း တရားဝင် ခွင့်ပြုမိန့်ရ ထားပြီဖြစ်ပြီး ပြင် ဆင်ချိန် (၃)လ ခန့် ကြာမြင့် မည်ဖြစ်ကြောင်း လည်းဆို သည်။

ထိုပြင်ဆင် ချိန် (၃)လတွင် ခရီးသွားပြည်သူများအဆင်ပြေစေရန် လေယာဉ်ကွင်းအား (၄) ရက်ပိတ် (၃) ရက်ဖွင့်အစီအစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပိတ်ရက် (၄) ရက်တွင်လည်း လေယာဉ်အနည်းဆုံး(၂)စီး ပုံမှန်ဆင်းတက်နိုင်ရန် လေကြောင်းလိုင်းများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်းဆိုသည်။

“ခရီးသွားပြည်သူတွေအဆင်ပြေဖို့အတွက် ပိတ်ရက် (၄) ရက်မှာလည်းလေယာဉ် (၂)စီးပုံမှန်ဆင်းသက်နိုင်အောင် လေကြောင်းလှိုင်းတွေနဲ့ညှိနှိုင်းနေတယ်။”ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူမှဆိုသည်။

လေယာဉ်များ တပ်မတော်လေယာဉ်ကွင်းတွင်သာ ဆင်းတက်မည်ဖြစ်သော်လည်း တန်ပိုစစ်ဆေးရေးဂိတ်အား မြစ်ကြီးနားလေယာဉ်ကွင်းတွင်သာစစ်ဆေးကာ ထိုလေဆိပ်မှတဆင့် ကားဖြင့်သွားပြီး တပ်မတော်လေယာဉ်ကွင်းတွင် လေယာဉ်သွားစီးရမည်ဖြစ်သည်။

မြစ်ကြီးနားလေယာဉ်ကွင်းပြင်ဆင်မှုအား ၂၀၁၂ဒီဇင်ဘာလတွင် နောက်ဆုံးပြင်ဆင်ထားပြီး ယခုအကြိမ်ပြင်ဆင်ပြီးပါက နိုင်ငံခြားလေယာဉ်အကြီးများလည်းဆင်းသက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးမြို့လေဆိပ်သို့ မြန်မာ့လေကြောင်းလိုင်း၊ air –bagan၊ air KBZ၊ Asia wings၊ sunfarလေကြောင်းလိုင်းနှင့် Yangoon air way လေကြောင်းလှိုင်းများပြေးဆွဲလျှက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။