Thursday, January 16, 2014

ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ပထမဆုံး အကြိမ် ညီလာခံကျင်းပ

(Kachin Waves)

နိုင်ငံတော်မှ ၂၀၁၄ ခုနှစ်၊ သန်းကောင်စာရင်းကောက်ခံရာ၌ ကာယကံရှင်တိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို အလေးထားပြီး အရှိကို အရှိအတိုင်း မှန်မှန်ကန်ကန်လုပ်ဆောင်သွားရန် လိုအပ်သည်ဟု မြင်သည် ဆိုသည့် အချက်အပါအ၀င် စုစုပေါင်း (၁၀) ချက်ပါသည့် သဘောထာားထုတ်ပြန်ချက်အား ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ နန်န၀ါရီ (၁၅) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုပါတီ၏ ပထမဆုံး အကြိမ်ပါတီညီလာခံအား ဇန်န၀ါရီ ၁၄၊ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


‘၂၀၁၄ သန်းခေါင်းစာရင်ကောက်မယ်ဆိုတာကောင်းပါတယ်။ အဓိက ကတော့ ကာယကံရှင်တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဖို့လိုတယ်။ ကာယကံရှင်တိုင်းရင်းသားတွေရဲ့ သဘောထားပေါ်မှာ မူတည်ပြီး ကောက်ခံသွားလို့ရှိရင် အမှန်အကန်ကောက်ခံလို့ရရှိသွားမှာပါ။”ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှဥက္ကဌ ဒေါက်တာတူးဂျာမှဆိုသည်။

ကချင်ပြည်နယ်အတွင်း၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားလုပ်ဆောင်သွားမည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ရတနာတစ်ပါးဖြစ်သော ဧရာဝတီမြစ်ကြီးမပျက်မစီးဘဲ သဘာဝအတိုင်း ဆက်လက်စီးဆင်းတည်ရှိနိုင်အောင် ကာကွယ်ထိန်းသိမ်းသွားမည်။မြစ်ဆုံရေကာတာကို ဆက်လက်မလုပ်ဆောင်ရန် သမ္မတဦးသိန်းစိန်မှ ရပ်ဆိုင်းလိုက်သည်ကို အပြည့်အ၀ထောက်ခံသည်။ မြစ်ဆုံရေကာတာဆက်လက်လုပ်ဆောင်ရေးကို ပြတ်ပြတ်သားသားကန့်ကွက်သည် ဆိုသည့် အချက်လည်းပါရှိသည်။

ကချင်ပြည်နယ်အတွင်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုကင်းစင်သွားအောင် ရှေးရှုလုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
မကြာခင်တွင် အခြားမြို့နယ်များတွင်လည်း ပါတီရုံးများ ဖွင့်လစ်သွားတော့မည်ဖြစ်ပြီး လုပ်ငန်းများ စတင်လုပ်ကိုင်တော့မည်ဖြစ်ကြောင်းလည်း ဒေါက်တာတူးဂျာမှဆိုသည်။

ယခုကျင်းပခဲ့သည့် ပါတီညီလာခံတွင် ဗန်မော်၊ မိုးမောက်၊ မန်စီ၊ အင်ဂျန်ယန်၊ မြစ်ကြီးနားနှင့် ကချင်ပြည်နယ်အခြားဒေသခံများမှ လူထုများတက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။