Tuesday, January 28, 2014

ကချင်တပ်စခန်းအတွင်း အရပ်ဝတ်ဖြင့် ၀င်လာသော အစိုးရ အရာရှိ ၂ ဦးအား ထိန်းသိမ်း

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် တောင်ပိုင်း ဗန်းမော် ခရိုင် မန်စီမြို့နယ် တပ်မဟာ (၃) ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၂၇ မန်းဝင်း ကြီးနှင့် နောင်တောင်း KIA လူဝင်မှု ကြီးကြပ်ရေး ဂိတ်သို့ အရပ် ဝတ်ဖြင့် ဝင် လာသော အစိုးရ အရာ ရှိ ၂ ဦးနှင့် တပ် သား ၁ ဦးအား ဇန္နဝါရီလ ၂၅ ရက်နေ့  ညနေ ၃ နာရီ ချိန်က ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း KIA မှ ပြော သည်။

၎င်းတို့သည် လားရှိုး ရမခ (တိုင်းစစ်ဌာနချုပ်) မှ ဒုတိယဗိုလ်မှူးကြီး သက်ခိုင်ဦး ကြည်း (၂၆၀၁၄)၊ ဗိုလ်ကြီး ရန်နိုင်အောင် ကြည်း(၅၀၁၀၆)နှင့် တပ်သား မြင့်သူရှိန် တ (၃၉၄၀၂၀) တို့ဖြစ်သည်ဟု KIA ကပြောသည်။


“ကျနော်တို့က မေးတောင်မမေးသေးဘူး သူတို့က ရမခ ကဟုတ်တယ် ဆိုတော့ ကျနော်တိုက ထိန်းသိမ်းလိုက်တယ် ပြီးတော့ စစ်ဆေးမေးမြန်းတယ် ကိုယ်ပိုင်နံပါတ်တွေမေးပြီး တညအိပ်ပြီး ၂၆ ရက် နေ့လည် ၁၂ နာရီခွဲချိန် ပြန်လွှတ် လိုက်တယ်” ဟု KIA တပ်ရင်း ၂၇ မှ KNG ကချင်သတင်းဌာနသို့ပြောသည်။

၎င်းတို့သည် တရုတ်နယ်စပ် မူဆယ်-ဂျေကောင်မှ ရွှေလီ-နောင်တောင်းမှတဆင့် ကချင်ပြည်နယ်စပ်တို့ ဝင်ရောက်လာခြင်းဖြစ်ရာ လမ်းမှားပြီး ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ KIA စခန်းဖြစ်ကြောင်းကို မသိရှိသဖြင့် ဝင်ရောက် လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု KIA က ပြောသည်။

ယခင်က ထိုဂိတ်သည် အစိုးရဂိတ်ဖြစ်သော်လည်း တိုက်ပွဲများစတင်ဖြစ်ပွားလာချိန် KIA တပ်ရင်း ၂၇ မှ သိမ်း ပိုက်စခန်းချထားခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။